အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြင်သစ်နိုင်ငံတွင် အစားအသောက်တွင် အသုံးပြုသည့် ခွက်များ၊ ပန်းကန်ပြားများနှင့် အခြားသော အသုံးအဆောင် ပစ္စည်းများတွင် ပလပ်စတစ်ဖြင့် ပြုလုပ်သော ပစ္စည်းများ အသုံးမပြုရန် တားမြစ်

ပြင်သစ်နိုင်ငံတွင် အစားအသောက်တွင် အသုံးပြုသည့် ခွက်များ၊ ပန်းကန်ပြားများနှင့် အခြားသော အသုံးအဆောင် ပစ္စည်းများတွင် ပလပ်စတစ်ဖြင့် ပြုလုပ်သော ပစ္စည်းများ အသုံးမပြုရန် တားမြစ်

May Phyo Wai
May Phyo Wai • 17/01/2018

ပြင်သစ်နိုင်ငံမှာ ဥပေဒေသစ် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကတော့ အစားအသောက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်သူတွေဟာ ၂၀၂၀မှစလို့ တစ်ခါသုံး ပစ္စည်းတွေကိုဆွေးမြေ့စေသော ဇီဝ ပစ္စည်းများဖြင့် သာ ထုတ်လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ စွမ်းအင် သုံးစွဲမှု၊ ပလပ်စတစ် စက်ရုံများမ ှစွန့်ပစ်ပစ္စည်းများနှင့်ပလပ်စတစ် ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် ညစ်ညမ်းမှု စတာတွေကိုလျှော့ချဖို့ ဖြစ် ပါတယ်။

အဲဒီဥပဒေကို The Europe Ecologie Green Partyက စတင် အဆိုပြုခဲ့တာဖြစ်ပြီး ဇူလိုင်လမှ စတင်ကာ ပလပ်စတစ်အိတ်တွေကို တားမြစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ဒီတားမြစ်မှုအတွက် ချီးကျူး ဂုဏ်ပြုခဲ့ကြပေမယ့် ဆန့်ကျင်ဘက်ကတော့ ဒါဟာ စားသုံးသူတွေကို ထိခိုက်စေပြီး ဥရောပနိုင်ငံများတွင်း ကုန်စည် လွတ်လပ်စွာ စီးဆင်းမှုကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

Park2Go Europe လို့ အမည်ရတဲ့ Brusselအခြေဆိုက် ဥရောပ ထုတ်ပိုး ပစ္စည်းများ ထုတ်လုပ် သူများကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကတော့ ဒီတားမြစ်မှုတွေကို ရပ်တန့်ပေးဖို့တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ အထွေထွေ အတွင်းရေးမှူး Eamonn က ဥရောပကော်မရှင်ကို မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့နဲ့ ပြင်သစ်ကို ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူဖို့တိုက်တွန်း ထားပါတယ်လို့ ဆိုပါတယ်။

ဥပဒေအရ တစ်ခါသုံး ပလပ်စတစ်ခွက်၊ ပန်းကန်ပြား၊ ဖန်ခွက်တွေဟာ ဇီဝ ပစ္စည်းများနှင့် ထုတ်လုပ်ထားပြီး အိမ်မှာဆွေးမြေ့စက်တွင် ဆွေးမြေ့စေနိုင်သော ပစ္စည်းများမဟုတ်ပါက ထုတ်လုပ်မှုကို တားမြစ်ခံရမှာ ဖြစ်ပါတယ်။ သို့သော် Eamonnက ဆိုသည်မှာ ဇီဝ အခြေပြု ပစ္စည်းများမှ ထုတ်လုပ်သော မည်သည့် ထုတ်ကုန် မှဒေသတွင်းမြေဆွေး ပြုလုပ်ရာနေရာတွေကိုပေးပို့ဆွေးမြေ့စေနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ မြေဆွေး ပြုလုပ်မည့်နေရာများ လုံလောက်စွာ မရှိသေးတဲ့အတွက် သုံးစွဲသူတွေဟာ ဒီထုတ်ပိုး ပစ္စည်းတွေကို အသုံးပြုပီးတဲ့အခါ အိမ်နောက်ကို လွယ်လင့်တကူ ပစ်လိုက်လို့ရမယ်လို့ နားလည် သွားစေမှာ ဖြစ်ပါတယ်။

ပြင်သစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး Segolene Royalကတော့ အစပိုင်းမှာ ဒီဥပဒေကို ဆန့်ကျင်ခဲ့ပါတယ်။ သူမက ဒါဟာ လူမူရေးဆိုင်ရာ ပြဿနာတွေ ရှိနိုင်တယ်လို့ ထင်မြင် ယူဆပါတယ်။မိသားစုတွေဟာနေ့စဉ် သုံးစွဲနေကျတစ်ခါသုံး ပစ္စည်းတွေ အတွက် ငွေရေးကြေးရေးပိုင်း ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီဥပဒေကို ၂၀၁၇ ခုနှစ်မှာ စောနိုင်သမျှစောစော စတင်စေချင်ပေမယ့် ၂၀၂၀ထိရွေ့ဆိုင်းလိုက် ရပါတယ်။ တခြားနိုင်ငံ အများစုနှင့် အမေရိကန်ရဲ့ ပြည်နယ် တစ်ချို့မှာ ပလပ်စတစ်အိတ်တွေကို တားမြစ်နေစဉ်မှာပဲ ပြင်သစ်ဟာ ပလပ်စတစ် ပန်းကန်ခွက်ယောက်တွေကို တားမြစ်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်တဲ့ အစည်းအဝေးအပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

မေဖြိုးဝေ

ကိုးကား-  (http://www.independent.co.uk/news/world/europe) 

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။