နယူးဟော်လန် (သို့) နာမည်ကျော်ဘရန်းများရဲ့ နည်းပညာအမွေများဆက်ခံသူ
နယူးဟော်လန် (New Holland) ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းနယ်ပယ်ထဲက နာမည်ကျော် Brand (အမှတ်တံဆိပ်) တစ်ခုလို့ သိကြသူများမှာပါ။ ဒါပေမဲ့ မြေတူးစက်၊ ဘက်ဟိုး၊ မြေညှိစက်၊ ဝန်ချီစက် စသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားတွေ ထုတ်လုပ်ဖြန့်ချိတဲ့ဈေးကွက်မှာလည်း နယူးဟော်လန်ဟာ ဈေး ကွက် ဝေစုကြီးကြီးမားမား ပိုင်ဆိုင်ထားတာပါ။ တခြားပစ္စည်းတွေနဲ့ မတူတာကတော့ သူက နာမည်ကျော် ဘရန်းတွေရဲ့ နည်းပညာတွေကို အမွေဆက်ခံစုစည်းခွင့်ရထားသူဖြစ်နေတာပါပဲ။

နယူးဟော်လန်ကို အမေရိကန်လူမျိုး အေ့ဗ်ဇင်မ်မာမန်းဆိုသူက အမေရိကန်နိုင်ငံ၊ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ နယူးဟော်လန်မြို့ငယ်လေးမှာ ၁၈၉၅ ခုနှစ်မှာ စက်ပစ္စည်းတွေ၊ တခြားကိရိယာလေးတွေ ပြင်တဲ့ဆိုင်လေး ဖွင့်ခြင်းနဲ့ အစပြုခဲ့တာပါ။ ဒါပေမဲ့ နှစ်ပေါင်း ၁၃၀ နားကပ်လာပြီ ဖြစ်တဲ့ သူ့ရဲ့ သမိုင်းကို ပြောမယ်ဆိုရင်တော့ အမေရိကန်ကော၊ ဘယ်လ်ဂျီယံကော၊ အီတလီကော၊ ဂျာမနီကော အစုံပါလာတော့တာပါပဲ။
စတင်ခြင်းနှင့် ယိုင်နဲ့ခြင်း
အစပိုင်းမှာတော့ ဇင်မ်မာမန်းဟာ စက်ကလေးတွေပြင်တယ်။ ဒေသခံလယ်သမားတွေအသုံးဝင်မယ့် စက်ပစ္စည်းလေးတွေ ထွင်တယ်ပေါ့။ သူတစ်ယောက်တည်းပဲ။ ကူဖော်လောင်ဖက်မရှိသေးဘူး။ စိုက်ပျိုးမွေးမြူရေး နယ်ပယ်ထဲကို ဝင်ရောက်မှုကတော့ အစာကြိတ်စက်လေးတီထွင်ထုတ်လုပ်လိုက်ခြင်းနဲ့ စပါတယ်။
ဒီလိုနဲ့လုပ်ငန်းလေးက ကြီးထွားလာလိုက်တာ ၁၉၀၃ ခုနှစ်မှာတော့ New Holland Machine Company ဆိုတဲ့ အထိဖြစ်လာပြီး နယူးဟော်လန်မြို့မှာ စက်ရုံထောင်လိုက်တဲ့အထိပါပဲ။
ဒီနောက် ကောက်ရိတ်သိမ်းစက်တွေ၊ တခြားလယ်ယာသုံးစက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတယ်။ ကုမ္ပဏီ လည်း ကြီးထွားလာတယ်။ အမေရိကန်မှာစတော့ဈေးကွက်ပြိုလဲပြီး ဘဏ်များပြိုလဲမှုကြုံခဲ့ရတဲ့ Great Depression ကာလမတိုင်ခင် ၁၉၂၉ ခုနှစ်ထိတော့ အရာရာတိုင်းက ဇင်မ်မာမန်းအတွက် အေးရာအေးကြောင်း ပဲ။ စီးပွားရေးပြေပြစ်ချောမွေ့လို့။ Great Depression ကာလလည်းရောက်ကော တိုင်ပတ်တော့တာပဲ။ လယ် သမားတွေဟာ သူတို့ ဘယ်လောက်ပဲ အာသီသရှိရှိ သူ့ထုတ်ကုန်တွေကိုဝယ်ဖို့ ငွေမရှိတော့ဘူး။ သူမှမဟုတ် ပါဘူး။ ဒီကာလအတွင်း အမေရိကန်မှာ လုပ်ငန်းပေါင်းများစွာ ကပ်ဆိုက်ကြတာပါ။ ဇင်မ်မာမန်းရဲ့ New Holland လည်း ဘာသားနဲ့ထုထားတာမို့လို့လဲပေါ့။
ဆန်းသစ်တီထွင်မှုတွေနဲ့ တစ်ကျော့ပြန် နယူးဟော်လန်
နောက်ထပ်ဆယ်နှစ်ခန့်အကြာမှာတော့ ရင်းနှီးမြှုပ်နှံသူတွေက လက်လွှဲယူလိုက်မှုနဲ့အတူ နယူးဟော်လန် ပြန်ရှင်သန်လာပါတယ်။ ဆန်းသစ်ဖန်တီး စိုက်ပျိုးရေးသုံးစက်ပစ္စည်း စီးပွားရေးနဲ့အတူ အရှိန်အဟုန်နဲ့ ပြန်လည်လာတာ။ တီထွင်ဆန်းသစ်မှုတွေထဲမှာ ရိုးပြတ်နဲ့နွားစာပင်(စပါးရိုးပြတ်၊ ပဲရိုးပြတ်၊ နွားစာအပင်များ စသည့် အပင်နှင့်အပင်ခြောက်များ) တွေကို အလိုအလျောက် ရိတ်သိမ်းကောက်ယူ ထုပ်ပိုးတဲ့စက် (automatic pick-up hay baler) ဟာ နာမည်အကြီးဆုံး အောင်မြင်မှုတွေထဲကတစ်ခုပဲ။
၁၉၄၇ ခုနှစ်မှာတော့ ကုမ္ပဏီနာမည်က Sperry New Holland ဆိုပြီးဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ Sperry Rand Corporation (အမေရိကန် စက်ပစ္စည်းနှင့်အီလက်ထရောနစ်လုပ်ငန်းစု) ဆိုတဲ့ လုပ်ငန်းစုကြီးက လက်လွှဲယူလိုက်လို့။ အဲ့ဒီနှစ်မှာပဲ နွားစာအဖြစ်သုံးတဲ့ ရိုးပြတ်နဲ့ အပင်တွေရိတ်သိမ်းနည်းပညာမှာ အဓိကကျတဲ့ တီထွင်မှုဖြစ်တဲ့ နွားစာပင်ရိတ်သိမ်းထုပ်ပိုးစက် (haybine mower conditioner) ကို တီထွင်ထုတ်လုပ်နိုင်ခဲ့တာပါ။
၁၉၆၄ မှာတော့ နယူးဟော်လန်အတွက် အပြောင်းအလဲကြီးတစ်ခု ထပ်ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ဘယ်လ်ဂျီယံစက်ပညာရှင် လီယွန်ကလာယေး စတင်တည်ထောင်ခဲ့ပြီး ၁၉၆၀ ခုနှစ်များကာလ မှာ ဥရောပရဲ့အကြီးဆုံးကောက်ရိတ်သိမ်းစက်ထုတ်လုပ်သူတွေထဲက တစ်ခုဖြစ်နေခဲ့တဲ့ ကလာယေးလုပ်ငန်းကို Sperry New Holland က ဝယ်ယူလိုက်တာပါပဲ။ ဆိုတော့ နောက်ထပ်အောင်မြင်ပြီးသားနည်းပညာတစ်ခုဟာ နယူးဟော်လန်ဆီမှာ ပေါင်းစပ်သွားပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ နယူးဟော်လန်ဟာ သူတို့ရဲ့ ပထမဆုံး ဘက်ဟိုးစက်ကို ထုတ်လုပ်နိုင်ခဲ့ပါ တယ်။
၁၉၇၅ ခုနှစ်မှာတော့ Sperry New Holland ဟာ ဒီနေ့အချိန်ထိအသုံးချနေဆဲဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ပွတ်လုံး နှစ်ခုပါအစေ့ခြွေစက် (twin-rotor combine) ကို ထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်။
ဖို့ဒ်နှင့်ကာလများ
၁၉၈၆ မှာတော့ အမေရိကန်နာမည်ကျော်ကားကုမ္ပဏီကြီး ဖို့ဒ်ရဲ့ဝယ်ယူမှုနဲ့အတူ နယူးဟော်လန်ဟာ Sperry New Holland ကနေ Ford New Holland Inc. ဆိုပြီး ဖြစ်သွားပြန်ပါတယ်။ ဖို့ဒ်ဟာ ပထမဆုံး ဓာတ်ဆီအင်ဂျင် သုံးထွန်စက်တွေထုတ်လုပ်ဖြန့်ချိမှုနဲ့အတူ စိုက်ပျိုးရေးစက်မှုနယ်ပယ်မှာလည်း အောင်မြင်နေတာပါ။ ၁၉၈၀ ခုနှစ်များတုန်းကဆို ဖို့ဒ်ဟာ ပါဝါဟိုက်ဒရောလစ်နည်းပညာ၊ ရာဘာလေထိုးတာယာနည်းပညာ၊ ဒီဇယ် အင်ဂျင် နည်းပညာ စသဖြင့် သူတို့ဆန်းသစ်တီထွင်ထားတဲ့နည်းပညာတွေပါဝင်တဲ့ ထွန်စက်တွေနဲ့အတူ ထွန်စက်လောကရဲ့ နာမည်ကျော်တွေထဲကတစ်ခုဖြစ်နေတာပါ။
ဆိုတော့ ဒီလိုနည်းပညာတွေရှိနေတဲ့ ကုမ္ပဏီကြီးက ဝယ်ယူလိုက်မှုနဲ့အတူ နယူးဟော်လန်ဟာလည်း တစ်ဆင့်ထပ်မြင့်သွားပြန်ရော ဆိုပါတော့။
ဖိယက်နှင့်ကာလများ
၁၉၉၁ ခုနှစ်မှာတော့ အီတလီကားလုပ်ငန်းအုပ်စု ဖိယက် (Fiat) က Ford New Holland ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပါတယ်။ တူရင်မြို့အခြေစိုက် ဖိယက်ဟာလည်း ၂၀ ရာစုအစောပိုင်းကာလကတည်းကစလို့ စိုက်ပျိုးရေး စက်မှုနယ်ပယ်ထဲမှာ ပါဝင်နေတာပါ။ Fiat Model 702 ဆိုတဲ့ ထွန်စက်ကို ၁၉၁၈ ခုနှစ်ကတည်းက ထုတ်လုပ်ဖြန့်ချိ နေပါပြီ။ ၁၉၃၀ မှာတော့ ဖိယက်ကိုတည်ထောင်သူ လွှတ်တော်အမတ် ဂျီယိုဗန်နီအဂ္ဂနယ်လီဟာ သူ့ရဲ့ထွန်စက်ကို အီတလီစိုက်ပျိုးရေးအဖွဲ့တွေနဲ့ပူးပေါင်းထုတ်လုပ်ရောင်းချမှုနဲ့အတူ ကြီးထွားလာခဲ့ပြီး ၁၉၇၀ ခုနှစ်များအဆုံးမှာဆို ထွန်စက် ၁ သန်းကျော်ထိ ထုတ်လုပ်ရောင်းချနိုင်ပြီးဖြစ်နေပါပြီ။
ဖိယက်ဟာ ၁၉၈၀ ကာလတွေတုန်းကလည်း နာမည်ကျော် စပျစ်ရိတ်သိမ်းစက်တွေထုတ်လုပ်ဖြန့်ချိနေတဲ့ ပြင်သစ် ကုမ္ပဏီ Braud ကို ဝယ်ယူခဲ့ပါသေးတယ်။
ဖိယက်ရဲ့ ပိုင်ဆိုင်မှုအောက် ၁၉၉၉ ခုနှစ်မှာတော့ New Holland NV ဟာ အမေရိကန် စိုက်ပျိုးရေးနှင့် ဆောက် လုပ်ရေး ပစ္စည်းများထုတ်လုပ်တဲ့ Case လုပ်ငန်းစုနဲ့ပူးပေါင်းခဲ့ပြီး CNH Global NV ဆိုတဲ့ ကမ္ဘာ့လုံးဆိုင်ရာ စိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေးယန္တရားနှင့်ပစ္စည်းများ ထုတ်လုပ်ရေးကုမ္ပဏီကြီး ဖြစ်လာပါတော့တယ်။
ဆိုတော့ နယူးဟော်လန်ဟာ နည်းပညာသစ်တွေ ထပ်မံပေါင်းစပ်မှုတွေနဲ့အတူ နောက်ပိုင်းမှာတော့ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးယန္တရားနဲ့ စက်ပစ္စည်းများထုတ်လုပ်ရေးနယ်ပယ်မှာ ပိုမိုနာမည်ကြီးတဲ့ ကမ္ဘာလုံး ဆိုင်ရာအမှတ်တံဆိပ်တစ်ခု ဖြစ်လာပါတော့တယ်။
အားသာချက်များ
ဆိုခဲ့ပြီးတဲ့အတိုင်း နယူးဟော်လန်ရဲ့အားသာချက်ကိုပြောရမယ်ဆိုရင် စက်မှုလုပ်ငန်းကြီးတွေရဲ့ အဆင့်ဆင့်ပြောင်းလဲ ပိုင်ဆိုင်လာမှုနဲ့အတူ နည်းပညာတွေကို တစုတစည်းတည်း အမွေဆက်ခံပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်ဆိုတာပါပဲ။ ကလာ ယေးဆီကနေ ရိတ်သိမ်းခြွေလှေ့စက်တွေရဲ့ ရှေ့ဆောင်နည်းပညာတွေ၊ ဖို့ဒ်ရဲ့ ဒီဇင်အင်ဂျင်၊ ရာဘာလေထိုးတာယာ စတဲ့ နည်းပညာတွေ၊ နောက်ပိုင်းမှာ ပေါင်းစည်းခဲ့တဲ့ Orenstein and Koppel ဂျာမနီအင်ဂျင်နီယာကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံးစက်ပစ္စည်းနည်းပညာတွေ စသဖြင့် ရရှိခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးတီထွင်ထုတ်လုပ်ထားမှုများ
၂၀၀၀ ခုနှစ်များဆီရောက်တဲ့အချိန်မှာတော့ နယူးဟော်လန်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ပိုမိုကိုက်ညီတဲ့ စက်ပစ္စည်းတွေထုတ်လုပ်နိုင်ရေးအပိုင်းမှာပါ အားစိုက်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရာနှုန်းပြည့် ဘိုင်အိုဒီဇယ်သုံးအင်ဂျင်တွေနဲ့ ထွန်စက်တွေ ထုတ်လုပ်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်များမှာတော့ နယူးဟော်လန်ဟာ ကမ္ဘာ့ပထမဆုံး မီသိန်းဓာတ်ငွေ့သုံး ထွန်စက်တွေထုတ်နိုင်ဖို့ ကြိုးစားလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံမှာလုပ်တဲ့ စိုက်ပျိုးနည်းပညာကုန်စည်ပြပွဲမှာ T6.140 မီသိန်းစွမ်းအင်သုံးထွန်စက်ကို ပြသနိုင်ခဲ့ပါတယ်။
Ref: https://en.wikipedia.org/wiki/New_Holland_Agriculture
https://info.texasfinaldrive.com/shop-talk-blog/short-history-of-new-holland?
https://agriculture.newholland.com/en-us/nar/new-holland-world/history?
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Nu yi
လွန်ခဲ့သော ၂ နှစ် ကနယူးဟော်လန်စက်အကြောင်းအရာကိုသိရတယ်အတွက် ကျေးဇူးတင်ပါတယ်ရှင်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • ဖြေကြားချက် 3 ခု
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • ဖြေကြားချက် 2 ခု
စပါး
Hnin Oo • ဖြေကြားချက် 1 ခု
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • ဖြေကြားချက် 1 ခု
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ဘိုလွင်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....