လယ်ယာသုံးစက်ကိရိယာများ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် အချက်များ
လယ်ယာသုံးစက်ကိရိယာများရွေးချယ်ဝယ်ယူသည့်အခါ အောက်ပါအချက်များကို သတိပြုရန်လိုအပ်ပါသည်။
လိုအပ်ချက်နှင့် အသုံးပြုနိုင်မှု
- သင့်လယ်ယာအမျိုးအစားနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ကိရိယာသည် သင့်တော် လုံလောက်သည့်သုံးစွဲမှုကို ဖြည့်ဆည်းနိုင်ရမည်။ သုံးမည့်အတိုင်းအတာနှင့် စက်စွမ်းအား ကိုက်ညီမှုရှိရမည်။
- စက်ကိရိယာ၏ပမာဏ(မြင်းကောင်ရေအား)၊ စွမ်းဆောင်ရည်၊ လုပ်ငန်းပိုင်းဆိုင်ရာ သင့်လျော်မှုကို စဉ်းစားပါ။
အရည်အသွေးနှင့် အတိုင်းအတာ
- အရည်အသွေးမြင့်မားသောစက်ကိရိယာများကို ရွေးချယ်ပါ။
- သတ်မှတ်အတည်ပြုထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသည့် စက်များကိုသာ ရွေးချယ်ပါ။
အမှတ်တံဆိပ်နှင့် ကုမ္ပဏီအကြောင်း
- စက်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ၏ နာမည်ကြီးမှုနှင့် ယုံကြည်စိတ်ချရမှုကို စစ်ဆေးပါ။
- အမှတ်တံဆိပ်အသစ်များထက် အတွေ့အကြုံရှိသူများထံမှအကြံဉာဏ်ယူပါ။
အာမခံနှင့် ပြန်လည်ပြုပြင်ပေးမှု
- အာမခံကာလနှင့် အာမခံဖြင့်ဖြည့်ဆည်းပေးမည့် ဝန်ဆောင်မှုများကိုစစ်ဆေးပါ။
- ပြုပြင်ထိန်းသိမ်းမှုအတွက် လိုအပ်သောအစိတ်အပိုင်းများနှင့် ဝန်ဆောင်မှုရရှိနိုင်မှုကို သေချာစဉ်းစားပါ။
စျေးနှုန်းနှင့် ဘတ်ဂျက်
စျေးနှုန်းနှင့် လယ်ယာအတွက် အသုံးချနိုင်မည့်၊ ထုတ်လုပ်နိုင်မည့် အကျိုးကျေးဇူးများကို ဆန်းစစ်ပြီး သင့်ဘတ်ဂျက်နှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးပါ။

သုံးစွဲသူများ၏ အကြံပြုချက်
စက်ကို ယခင်အသုံးပြုနေသူများနှင့် စက်နှင့်ပက်သက်သည့် အတွေ့အကြုံရှိသူ၊ စက်ပြင်ကျွမ်းကျင်သူများထံမှ အကြံပြုချက်များနှင့် တွေ့ကြုံရတတ်သည့် ပြသနာများကို သေချာလေ့လာပြီးမှ ဆုံးဖြတ်ပါ။
လမ်းညွှန်ချက် နှင့် စာရွက်စာတမ်းများ
စက်ပစ္စည်းဝယ်ယူပြီးနောက် ကုမ္ပဏီမှပေးအပ်သည့် စာချုပ် စာတမ်း၊ ဘောက်ချာ၊ အာမခံ၊ စက်ပစ္စည်းအသုံးပြုမှု လမ်းညွှန်စသည့် လိုအပ်သော စာရွက်စာတမ်းများကို သေချာ စစ်ဆေးယူပါ။ လုံခြုံစွာ သိမ်းဆည်းပါ။ ညွှန်ကြားချက်များအတိုင်း စက်ကိုအသုံးပြုပါ။
စမ်းသပ်အသုံးပြုမှု
မဝယ်ယူမီ စက်၏စွမ်းဆောင်ရည်နှင့် အသုံးပြုနိုင်မှုကို သေချာစမ်းသပ်ပါ။
ဒီအချက်များအားလုံးကို မှန်ကန်စွာလိုက်နာဆောင်ရွက်ခြင်းဖြင့် သင့်လယ်ယာလုပ်ငန်းအတွက် သင့်တော်သော စက်ကိရိယာများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
လယ်ယာသုံးစက်ကိရိယာများ
Htet Ar Kar
လွန်ခဲ့သော ၉ လ ကwold102
ဆက်စပ်မေးခွန်းများ
မြေချဉ်ငန် တိုင်းစက် နဲ့ NPK တိုင်းစက် ဘယ်တံဆိပ်လေးတွေကတိတိကျကျ တိုင်းပေးနိုင်လဲခဗျာ ... လမ်းညွှန်ပေးကြပါဦး။ကွမ်းခြံကုန်းမြို့နယ်မှာ ဘယ်နေရာဌာနကို သွားပြီးဓာတ်ခွဲရမှန်း မသိလို့ပါ။ လယ်တွေက ဒီနှစ်တောင် ရောဂါတွေကျနေတာ နောက်နှစ်ပိုဆိုးလာမှာကြောက်လို့ပါ...🙏🙏🙏
မြင့်မြတ် • ဖြေကြားချက် 1 ခု
ထင်းမီးပျာ မှာ ဘာဓါက်တွေပါ ပါသလဲ
ayeminhtet • ဖြေကြားချက် 1 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 2 ခု
ဒီးစက်လေး အကြောင်းကို ရှင်းပြကြပါအုန်းခင်ဗျ စက်ရှိပြီး မသုံးတက်လို့ပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026