စံပယ်ပန်းစိုက်ပျိုးနည်း
စံပယ်ပန်းကို မိုးဦးကာလတွင် အပင် ပျိုးထောင် စိုက်ပျိုးကြသည်။ အပင် မစိုက်ခင်မြေဆွေး နွားချေးဆွေး များကို စိုက်မည့်နေရာတွင် ကျင်းထူး ပြီး ထည့်ပေးရမည်။ ( အချိုးနှုန်းကတော့ ၁ ကျင်းလျှင် ၅၀၀ မှ ၁၀၀၀ ဂရမ် နှုန်း) ပြီးလျှင် အပင် ကိုင်းတက် (Sucker) ဒါမှမဟုတ်ရင် အမြစ်ထွက်ပြီး ကိုင်းကူး/ ကိုင်ထိုးပင် ( layering/ cutting) အပင် တွေကို စိုက်လို့ရပါပြီ။ ၁ နှစ်သားဆိုရင် ပန်းစပွင့်တာပါဘဲ.. စိုက်တဲ့အချိန်မှာ ၃ ပေ ၅ ပေခြား ပြီးစိုက်ကြပါတယ်..
စံပယ်ပန်း ဟာ မိုးဦးကျတွင် စတင် ပွင့်ကြပါသည်။ အချို့ဒေသတွင် စံပယ်ပန်း စောစော ပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလ လောက်မှာ အပင်ပြုပြင်ပေး ရပါတယ်။ ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ ရေလောင်း ပေါင်းသင်ပေး တာ တို့ကို ကြိုလုပ်ရင် စောပန်းပွင့်လို့ စျေးကောင်း ရနိုင်ပါတယ်။
အရွက်ချွေတဲ့ အခါ အရွက်ရင့်တွေကို တစ်ရွက်ခြင်း ချွေပေးရပါတယ်။ အဲဒီလို မဟုတ်ဘဲ ဆွဲပြီး အကုန် ချွေပစ်ရင် အရွက် အရင်းက ထွက်လာမဲ့ အဖူးခိုင် အညွန့်လောင်း တွေကို ထိခိုက်မိပြီး အပွင့်ကန်း ကုန်တတ်ပါတယ်။ အရွက်ချွေတဲ့ အခါ အရွက်ထပ်ဖျား အညွန့်တွေကို မချွေရပါဘူး။ အရွက်ချွေခြင်း၊ ပေါင်းရှင်းခြင်း တွေ လုပ်ပြီးရင် ရေသွင်းခြင်း ရေလောင်းခြင်း လုပ်ပေးရပါတယ်။ အရွက်ချွေပြီး တစ် ပတ်ကြာ မှ မြေဆွေး နွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာ တည့်ပေး ရပါတယ် ရေကိုလဲ ကိုယ့်မြေ အခြေအနေ ကိုကြည့်ပြီး လောင်းရ ပါမယ်၊ အပင်က ရေဝပ်တဲ့ ဒါဏ်ကိုလဲ မခံနိုင်ပါဘူး။
ဖေဖော်ဝါရီ လကုန် မတ်လဆန်း လောက် ဆိုရင် ပန်းတွေပွင့် လာတာပါဘဲ။ ပန်းခူးရင်လဲ ခူးပြီး ပန်းအညှာတွေကို စိတ်ရှည် လက်ရှည် ချွေပေးရသေးတယ်။ ဒါမှ နောက်ပန်းတွေ လှိုင်လှိုင်ပွင့် လာမှာပါ။ နွေရာသီ ဆိုမနက် တစ် ကြိမ် / ည တစ် ကြိမ် ရေလောင်းပေးရပါတယ်။ ပန်းပွင့်ချိန် ရေလောင်းဖို့လဲ မပျင်းပါနဲ့။ ပန်းပွင့်တွေ အထွက်နည်းလာပြီဆိုရင် ကွန်ပေါင်း ဓာတ်မြေသြဇာ ( NPK 10-52-17 ) အချိုး အတိုင်း အညွှန်းပါ အတိုင်း ဖြန်းပေးရပါတယ်။
ကဲ ဒီလောက်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ်နှော်။ အပင်တွေ များမယ် ဆိုရင်တော့ အလှည့်ကျခူး လို့ရအောင် ပထမ အတန်းကို ဒီဇင်ဘာလ ၂၅ ရက်မတိုင်ခင် အပြီး အရွက်ချွေခြင်း၊ ၄/၅ ရက်ခြားပြီး ဒီဇင်ဘာလ ကုန် မှာ ဒုတိယတန်း ကိုချွေခြင်း ဇန်နဝါရီလဆန်း မှာ တတိယတန်းကိုချွေခြင်း အလှည့်ကျ ဆောင်ရွက်ခြင်းဖြင့် ပန်းပွင့်ကို အလှည့်ကျ ခူးလို့ရအောင် ဆောင်ရွက်နိုင်ပါတယ်။
Common Name : Jasmine
Botanical Name: Jasminum arborescens
Family Name : Oleaceae
ရေးသားပေးပို့သော ဆရာမ ဒေါ်သက်သက်နွယ်အား အထူးကျေးဇူးတင်ပါတယ်။
akmoe
လွန်ခဲ့သော ၄ လ ကတပြန်ပွင့်ပြီးအညွန့်တွေထွက်နေလို့
ကိုတိုး
လွန်ခဲ့သော ၅ နှစ် ကနှမ်းဖတ်မရှိရင်ပဲဖတ်ရလား
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကThanks
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်သက်သက်နွယ်
အားလုံး