အေဇိုလာ စိုက်ဖို့ပျိုးဖို့
စိုက်ပျိုးနိုင် တွေ့နိုင်တာတွေကတော့ ကန်တွေ၊ မြောင်းတွေမှာ တွေ့နိုင်ပါတယ်။ သမပိုင်းနဲ့အနွေးပိုင်းတွေမှာဆိုရင် တွေ့နိုင်ပါတယ်။ စိုက်မယ်ပျိုးမယ်ဆိုရင် အရိပ်တော့လိုပါတယ်။ အရိပ်နဲ့အလင်းပါ (အလင်းက (၃၀)ကနေ (၅၀)ရာခိုင်နှုန်းလိုအပ်ပါတယ်။ ပြီးတော့ သူက ရေထဲမှာပေါက်တဲ့အပင် ဖြစ်တဲ့အတွက်ကြောင့် ရေလည်းလိုအပ်တာပေါ့။ အနည်းဆုံး (၅)လက်မ အနက်တော့ရှိရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အပူချိန်ကတော့ ၂၀ ကနေ ၃၅ ဒီဂရီဆဲလ်စီးယပ်ပါ။ ၃၆ ထက်ကျော်သွားရင်တော့ ပြဿနာတက်မှာဖြစ်ပါတယ်။ အထွက်ကောင်းဖို့ဆိုရင်တော့ ချဉ်ငံကိန်းက ၅.၀ ကနေ ၇.၀ ပါ။ စိုထိုင်းဆကတော့ (၈၀) ကနေ (၉၀)ရာခိုင်နှုန်းဖြစ်ရမှာပါ။
စိုက်ပျိုးခြင်း
တည်နေရာ။ ။ အဓိကအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ အရိပ်တစ်ဝက်တစ်ပျက်ကျတဲ့နေရာ၊ ရေရှိတဲ့နေရာကို ရွေးချယ်ရမှာဖြစ်ပြီးတော့ ကိုယ်စိုက်မဲ့ရေကန်ထဲမှာ ချွန်ထက်တဲ့အရာတွေမရှိအောင်၊ ထိမိခိုက်မိမဲ့ ပစ္စည်းတွေရှိ မရှိဆိုတာကို စစ်ဆေးပြီးတော့ ရှင်းလင်းထားပေးရပါမယ်။
စိုက်ဖို့ ကန်။ ။ အရွယ်အစားက (၆)ပေ (၄)ပေ ကန်တစ်ကန်ကနေ တစ်နေ့ကို တစ်ကီလိုလောက် ပြန်ထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ့်ဘာသာစိုက်မယ်ဆိုရင် အုတ်နံရံနဲ့လုပ်လို့ရပါတယ်။ ပလတ်စတစ်ခင်းပြီးမှ ရေမစိမ့်အောင် လုပ်ချင်တယ်ဆိုရင်လည်းရပါတယ်။ အရိပ်အောက်ဖက်မှာလုပ်မယ်ဆိုရင်တော့ အမှိုက်တွေမကျအောင် စီမံထားပါ။ အရိပ်မရနိုင်ဘူးဆိုရင်လည်း အစိမ်းရောင်၊ အနက်ရောင်ပိုက်နဲ့ ကာထားပေးလို့ရပါတယ်။ ကန်နဲ့ပတ်သက်ပြီး ဉာဏ်ထွက်သလို စီစဉ်နိုင်ပါတယ်။
စိုက်ပျိုးခြင်း။ ။ မြေနည်းနည်းသန့်သန့်ရယ်၊ နွားချေးရယ်ကို ရေကန်ထဲမှာ ညီညာအောင်ဖြန့်ပေးပါ။ ၆ ပေ ၄ ပေ ကန်အတွက်ဆိုရင် အေဇိုလာ (၁) ကီလိုဂရမ် ထည့်ပေးရပါမယ်။ ညီညီညာညာဖြန့်ပေးပြီးရင်တော့ ရေအနက် (၅) လက်မ ကနေ (၆) လက်မ အထိ ရှိနေအောင် စစ်ကြည့်ပေးပါ။ အကြီးမြန်ချင်တယ်ဆိုရင် မိုးရာသီမှာစိုက်ပေးတာက ပိုမြန်စေပါတယ်။ နောက်ထပ် အရေးကြီးတဲ့တစ်ချက်ကတော့ ဆားတွေမရှိဖို့ပါပဲ။ ရေငန်တယ်ဆိုရင် လုံးဝဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ ရေရဲ့အရည်အသွေးကို စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
ထိန်းသိမ်းခြင်း။ ။ စိုက်ပျိုးနေတုန်းမှာ အပင်တွေကို လည်း နွားချေး (၁) ကီလို၊ ဖော့စဖိတ် (၁၀၀) ကနေ (၁၂၀) ဂရမ်ကို ၂ ပတ် တစ်ကြိမ်လောက် ကန်ထဲလိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ကန်ထဲမှာပေါက်လာတဲ့ တစ်ခြားအပင်တွေကိုလည်း ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ကန်တစ်ကန်အတွက် ကြာချိန်ကတော့ (၆)လကနေ (၈)လပဲ ထားသင့်ပါတယ်။ လပြည့်ရင် ရေအသစ်လဲ၊ စိုက်တာတွေ အသစ်လဲပေးရင် အကောင်းဆုံးဖြစ်ပါတယ်။
ရိတ်သိမ်းခြင်း။ ။ စစိုက်ပြီး (၂)ပတ်ကနေ (၃)ပတ်အကြာဆိုရင် ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပါပြီ။ နေ့တိုင်းရိတ်သိမ်းနိုင်ပါတယ်။ ပလတ်စတစ်ဇကာနဲ့သိမ်းရင် ပိုလွယ်မှာပါ။ လက်နဲ့ဆိုရင် အပင်လေးတွေက သေးသေးလေးတွေဖြစ်တာကြောင့် အကြီးအသေး မညီတာမျိုး ဖြစ်တတ်တာမို့ပါ။
ရိတ်သိမ်းပြီးရင်။ ။ အပင်လေးတွေကို နို့စားသတ္တဝါတွေ၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်၊ ယုန် စတဲ့အကောင်လေးတွေကို ဒီတိုင်းကျွေးတာဖြစ်ဖြစ်၊ တစ်ခြားတိရစ္ဆာန်စာနဲ့ရောပြီးတော့ကျွေးတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ မကျွေးခင်မှာတော့ ရေဆေးပေးဖို့ လိုပါလိမ့်မယ်။ အဲ့လိုဆိုရင်တော့ အစာကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
တွေးစရာအချက်တွေ။ ။ နွေရာသီတွင်း အရမ်းပူတဲ့အပူချိန်တွေ၊ အရမ်းအေးတဲ့အပူချိန်တွေ၊ ရေပြတ်လပ်မှုတွေ၊ စိုထိုင်းဆနည်းတာတွေမျိုး ရေအရည်အသွေးမကောင်းတာမျိုးတွေကြောင့်မို့ ကိုယ်စိုက်ပျိုးတဲ့ အေဇိုလာလေးတွေကို ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
အနည်းဆုံး။ ။ အနည်းဆုံးတော့ စပါးခင်းထဲ အေဇိုလာလေးတွေထည့်ပေးလိုက်ရင် အေဇိုလာလည်းရ၊ စပါးခင်းအတွက်လည်း နိုက်ထရိုဂျင်ကိုလည်း ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။
ကဲ အဲ့လိုဆိုရင်တော့ အေဇိုလာလေးတွေကို စိုက်ဖို့ အရမ်းမခက်တော့ လိုက်လုပ်ကြည့်ပြီးတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ကြပြီး အမြတ်တွေလည်း တိုးနိုင်ကြပါစေ။
ထွန်းဝင်းကျော်
Reference: https://www.agrifarming.in/azolla-cultivation-information?fbclid=IwAR29H1X1JHzvdsWDWzVU5TulNoMB-5EKGnioPgJeEdPN9JvQBimAfO0ruNE
ဝင်းကိုကိုဦး
လွန်ခဲ့သော ၄ နှစ် ကgood ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးပေးပါအုံး
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026