လိပ်ပြာ (သို့) ရောင်သွေးစုံနဲ့ လှနိုင်လွန်းတဲ့ သစ်ခွ
“ သူက နှစ်ပတ်လည်ပွင့်နိုင်တယ်။ ပန်းပွင့်က ဒီမှာ တစ်ပွင့်ကို ၇၀၀ ကနေ ၁၅၀၀ အထိ ရောင်းလို့ရတယ်။ ရောင်းလို့အကောင်းဆုံးကလည်း ဒီလိပ်ပြာက ရောင်းလို့အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ သူက အပင်မှာ လနဲ့ချီ အထားခံတယ်။ အေးရင် ပိုပြီးတော့ ကြာကြာခံတယ်”
လိပ်ပြာသစ်ခွလို့ မြန်မာအမည်ပေးထားတဲ့ အရမ်းလှတဲ့ Phalaenopsis သစ်ခွလေးတွေအကြောင်းကို စိုက်ပျိုးရေးပညာရှင်တစ်ဦးလည်းဖြစ်၊ ငွေသော်တာ သစ်ခွဥယျာဉ်ခြံပိုင်ရှင်လည်းဖြစ်တဲ့ ဦးအောင်နိုင်က ရှင်းပြတာပါ။

အရှေ့တောင်အာရှ၊ နယူးဂီနီနဲ့ ဩစတေးလျမြောက်ပိုင်းဒေသတွေရဲ့ ဒေသမျိုးဖြစ်ပြီး အိမ်တွင်းအလှပင်စိုက်ပျိုးသူတွေကြား ရေပန်းစားတဲ့ ဒီသစ်ခွမျိုးလေးတွေဟာ မျိုးရင်းရာချီရှိပြီး မျိုးစိတ်ကတော့ ထောင်ချီရှိတယ်လို့ ဆိုပါတယ်။ အရမ်းမပူတဲ့နေရာမျိုးမှာ စနစ်တကျနဲ့ ပြုစုထားမယ်ဆိုရင် သူ့အပွင့်လေးတွေဟာ လနဲ့ချီပြီး အထားခံပါတယ်တဲ့။

“ Indoor ထဲမှာ ထားလို့ရတယ်။ ပန်းပွင့်ပြီးမှထား။ ပန်းပွင့်ပြီးရင် အရိပ်ထဲမှာ ထားလို့ရတယ်။ အဲကွန်းခန်းထဲမှာထားလည်းရတယ်။ ပုံမှန်အတိုင်းဆိုပန်းက လနဲ့ချီခံတယ်။ အဲကွန်းခန်းထဲ ဒါမှမဟုတ် အေးတဲ့ဒေသတွေမှာဆိုရင် ၂ လ ၃ လထိ ခံတယ်” လို့ ဦးအောင်နိုင်က ဆိုပါတယ်။
မြန်မာပြည်မှာရှိတဲ့ ဒီလိပ်ပြာသစ်ခွမျိုးပင်တွေကိုတော့ တရုတ်နိုင်ငံဘက်က အများဆုံးတင်သွင်းထားတာပါ။ ထိုင်းကလည်းလာတာရှိပြီး ဈေးကတော့ တရုတ်မျိုးထက် ထိုင်းမျိုးတွေက ဈေးနှစ်ဆလောက်ပိုတယ်လို့ သိရပါတယ်။ ကွာခြားချက်အနေနဲ့တော့ ထိုင်းမျိုးတွေက ပိုပြီးအကြမ်းခံတယ်လို့ ဆိုပါတယ်။
ဒီအပင်တွေကို တစ်ခါဝယ်ပြီးသွားရင်တော့ နောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ် မျိုးပွားယူလို့ရပါပြီ။ ဘာလို့လဲဆိုတော့ အပင်တွေကနေ သားတက်တွေ ထွက်နိုင်သလို ပန်းပွင့်ရိုးတံတွေကနေလည်း သားတက်ထွက်နိုင်လို့ အဲ့ဒါတွေကို ဖဲ့စိုက်ပြီး နောက်ထပ်အပင်သစ်တွေ စိုက်နိုင်တာဖြစ်လို့ပါ။

အပင်သဘာဝအနေနဲ့က သူက အလင်းရောင် ကောင်းကောင်းဝင်တဲ့ အရိပ်အောက်မှာကြိုက်တယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်တိုက်ရိုက်ကျတာမျိုးကိုတော့ မကြိုက်နှစ်သက်ပါဘူး။ မနက်ခင်း နေရောင်ခြည်ရရင်တော့ အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဆောင်းတွင်းဘက်တွေမှာပါ။
“ အထူးသဖြင့် သစ်ခွတွေအများစုက မနက်ခင်း အလင်းရောင်ကိုကြိုက်တယ်။ ရရင်ပန်းပွင့်ဖို့ အခွင့်အရေးပိုများတယ်” လို့ ဦးအောင်နိုင်က ရှင်းပြပါတယ်။

သူကြိုက်တဲ့၊ လုံလောက်တဲ့ နေအလင်းရောင်ရရင် အရွက်တွေနဲ့ အပင်ကသန်စွမ်းကြီးထွားလာမှာဖြစ်ပြီး သူကြိုက်တဲ့နေအလင်းရောင်မဟုတ်ရင်တော့ သန်စွမ်းကြီးထွားမှု အားနည်းနေမှာဖြစ်ပါတယ်။
ရေလောင်းမယ်ဆိုရင်တော့ သတိထားသင့်ပြီး သူ့ရဲ့အရွက်တွေကြားမှာ ရေတွေတင်နေတာမျိုး မဖြစ်စေဖို့ သတိထားသင့်တယ်လို့ ဦးအောင်နိုင်က ရှင်းပြပါတယ်။
“ ပြဿနာက ရေကြောင့်တော့ ဖြစ်တာမဟုတ်ဘူး။ အဲ့မှာဝင်လာတဲ့ တခြားမလိုအပ်တဲ့ ပစ္စည်းတွေကြောင့်မို့။ တခါတလေ ငှက်ချေးတွေကျတာတို့၊ အမှိုက်ကျတာတို့ပေါ့။ အဲ့ဒါတွေက လောင်ပြီး ရောဂါဝင်တာ။ မိုးရွာလို့ဖြစ်တာတော့ မဟုတ်ဘူး”
လိပ်ပြာသစ်ခွကို စိုက်ဖို့မီဒီယာအနေနဲ့ကတော့ အုန်းဆံ၊ မီးသွေး၊ ပွားစာ (တရုတ်နိုင်ငံကသွင်းထားတဲ့ ရေညှိလို အပင်စိုက်မြေထုပ်) စတာတွေကို သုံးလို့ရပါတယ်။ အုန်းဆံကိုသုံးမယ်ဆိုရင်တော့ အလွန်ဆုံး ၁ နှစ်ခွဲ လောက်အထိပဲသုံးသင့်ပြီး အဲ့ဒီနောက်ပိုင်းဆိုရင်တော့ လဲပစ်သင့်တယ်လို့ ဦးအောင်နိုင်က အကြံပြုပါတယ်။
အစာကျွေးတဲ့အနေနဲ့တော့ တစ်ပတ်ကို တစ်ခါလောက်ကျွေးသင့်ပြီး အပင်ဆေးကော၊ အပွင့်ဆေးကော စုံနေအောင်ကျွေးရင်ပိုကောင်းတယ်လို့ သိရပါတယ်။ အရွက်ဖျန်းဆေးပက်မယ်ဆိုရင်တော့ အနိမ့်ဆုံးနှုန်းထားကိုသာ သုံးသင့်ပြီး ၃၊ ၄ နာရီလောက် ကြာရင် ရေဖျန်းပစ်သင့်တယ်လို့ သိရပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ သစ်ခွမျိုးတွေအတွက် အရွက်ဖျန်းဆေးဆိုလည်း အမြစ်ကို ရွှဲရွှဲဖျန်းပေးလိုက်ရင် အဆင်ပြေတယ်လို့ ဦးအောင်နိုင်က ပြောပါတယ်။
ရေဖျန်းမယ်ဆိုရင်လည်း မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာသာ ဖျန်းပေးသင့်ပြီး အဲ့ဒီလို အချိန်မှန်မှန် မဖျန်းပေးနိုင်ရင်တော့ အပင်တွေထိခိုက်သွားနိုင်တယ်လို့ သိရပါတယ်။
“ ဒီကောင်က အရမ်းဂရုစိုက်ရတဲ့အပင်။ ရေက အချိန်နဲ့ဖျန်းရတာ။ မနက်ဆို ၁၀ နာရီမကျော်ခင်ဖျန်းရတယ်။ ညနေကျတော့လည်း နေအေးတဲ့အချိန်ကျမှ ရေပေးရတာကိုး။ အဲ့ဒါတွေ မမှန်တော့ဘူးဆိုရင် နည်းနည်းပျက်စီးတာတော့ ရှိတာပေါ့။ ပြန်တော့ပြုစုလို့ရတယ် သူက။ နည်းမှန်လမ်းမှန် ဂရုစိုက်ရင်တော့ မသေဘူး။ အမှန်အတိုင်းပြောရရင် ဒီကောင်က တကယ်ဂရုစိုက်နိုင်တဲ့သူတွေ စိုက်တာကောင်းတယ်။ တကယ် ပန်းပင်ကို ချစ်တယ်။ အချိန်လေးပေးနိုင်တယ်။ ဂရုစိုက်နိုင်တယ်ဆိုရင် ကောင်းတယ်။ ဒီကောင်က အကြမ်းခံလားလို့ပြောရင်တော့ အကြမ်းခံတယ်လို့ ပြောလို့မရဘူး။ သူက ပုံမှန် ဂရုစိုက်ရတဲ့အပင်။ တအားကြီး ပစ်ထားလို့တော့ မရဘူး။ နောက်သူက ကျနေအပြင်းတွေ ဘာတွေ မကြိုက်ဘူး။ ဒါကတော့ စိုက်ပျိုးရေးသမားတစ်ယောက်အနေနဲ့တော့ မဟုတ်ဘူးပေါ့။ ဝါသနာနဲ့စိုက်တဲ့သူတစ်ယောက်အနေနဲ့ ပြောပြတာပါ ” လို့ ငွေသော်တာသစ်ခွဥယျာဉ်ကနေ ဝါသနာအရ အပင်တွေဝယ်ယူစိုက်ပျိုးရင်း ပြန်လည်ရောင်းချနေတဲ့ မကလျာက အပင်စိုက်ချင်သူတွေကို အကြံပြုပါတယ်။
ဦးအောင်နိုင်ကတော့ သစ်ခွတွေကို ညနေခင်းရေလောင်းတာဟာ မှိုပြဿနာရှိတတ်လို့ လိုအပ်မှသာ လောင်းသင့်ပြီး မနက်ခင်းလောင်းတာကိုပဲ ပိုကြိုက်တယ်လို့ အကြံပြုပါတယ်။ လိုအပ်လို့လောင်းမယ်ဆိုရင်လည်း မမှောင်ခင်ထက် ညနေခင်းအစောပိုင်းမှာလောင်းတာက သစ်ခွအတွက် ပိုသင့်တော်ကြောင်းနဲ့ အခုလို မိုးတွင်းပိုင်းဆိုရင် အပင်များသူတွေအနေနဲ့ တစ်ပတ်တစ်ခါ မှိုဆေးသုံးသင့်ပြီး အပင်နည်းသူတွေကတော့ အပင်အခြေအနေကိုကြည့်ပြီး လိုအပ်သလို သုံးပေးသင့်တယ်လို့လည်း ဦးအောင်နိုင်က အကြံပြုပါတယ်။
လိပ်ပြာသစ်ခွတွေမှာ အရောင်အမျိုးမျိုးရှိပြီး မြန်မာပြည်မှာလူသိများတဲ့အရောင်တွေကတော့ အဝါရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ခရမ်းအရောင်ကြားတွေဖြစ်တယ်လို့ သိရပါတယ်။ သေချာစနစ်တကျသာ ဂရုစိုက်ပေးရင် သေချာပေါက်ပန်းပွင့်ပြီး ပန်းပွင့်တွေဟာ ဈေးကောင်းရလေ့ရှိကာ မင်္ဂလာ ဆောင်တဲ့အချိန်၊ ဘွဲ့ချိန်၊ နတ်ပွဲချိန်တွေမှာ ဝယ်လိုအား အရမ်းကောင်းတယ်လို့ သိရပါတယ်။

“ ဒီကောင့်ရဲ့အံ့ဩစရာကောင်းတာက ပန်းခိုင်က ၂ ပေကျော်၊ ၃ ပေလောက်ထိ ထွက်တယ်။ အဲ့ဒီအခက်မှာ အပွင့်က ၂၀ ကျော်၊ ၃၀ နီးပါးထိပါတယ်။ သူကတောက်လျှောက်ပွင့်နိုင်တယ်။ အနည်းဆုံး တစ်နှစ်ကို လေးကြိမ်ထိ ပွင့်နိုင်တယ်” လို့ ဦးအောင်နိုင်က ပြောပြပါတယ်။
တွဲလောင်းချိတ်ဆွဲထားလို့ရသလို အပင်တွေမှာလည်းကပ်စိုက်လို့ရတဲ့ ဒီလိပ်ပြာသစ်ခွမျိုးပင်တစ်ပင်ကို အရွယ်အစားအလိုက် လက်ရှိမှာ လက်လီဈေး ကျပ် ၁၀၀၀၀ ကနေ ကျပ် ၂၀၀၀၀ ကြားရှိပြီး ဝယ်ယူချင်တယ်ဆိုရင်တော့ မကလျာ (ကေသရီ သစ်ခွဥယျာဉ်၊ ဖုန်းနံပါတ် 09 765115213) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....