‘ မိုးလေဝသ ခန့်မှန်းပညာ’ နဲ့ ကိုယ်တိုင်လေ့လာနိုင်စေဖို့..
ဒီနေ့ခေတ် တိုးတက်လာတဲ့ အိုင်တီခေတ်ကြီးထဲမှာ ဖုန်းတွေပေါ်ကဖြစ်စေ ကွန်ပျူတာပေါ်ကဖြစ်စေ မိုးလေဝသသတင်းတွေကို လွယ်လွယ်ကြည့်လို့ ရနိုင်မယ့် Application တွေက အများကြီးပေါ်နေပါပြီ။
အရေးကြီးတာက ဘယ် application သည် ဘယ်လောက်အထိ မှန်သလဲ၊ ဘယ် application ရဲ့ ခန့်မှန်းချက်တွေက ဘယ်လောက်အထိ updated ဖြစ်နေသလဲဆိုတာပါပဲ။
နာဂစ်မတိုင်ခင်ကတည်းက မြေပြင်မိုးလေဝသ chart(weather chart)တွေကို ထိုင်းမိုးလေဝသဌာနက တင်ပေးတယ်။ စပြီးလေ့လာကာစမို့လို့ ကျနော်မကြည့်တတ်ပါဘူး။ နာဂစ်နောက်ပိုင်းမှာတော့ မိုးလေဝသပညာရှင် ဆရာကြီးများဖြစ်တဲ့ ဆရာကြီးဦးထွန်းလွင်၊ ဆရာကြီးဦးချစ်ကျော်တို့ကိုလည်း မေးဖြစ်တယ်။ ဆရာကြီးတွေ weather chart အပေါ်ကိုးကားပြီး တင်ပေးတဲ့ မိုးလေဝသ အခြေအနေ တင်ပြပုံတွေကိုလဲ အသေးစိတ် လေ့လာကြည့် ဖတ်ကြည့်ဖြစ်လာပါတယ်။
ပညာရှင်ဆရာကြီးများရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ သတင်းတင်ပြပုံတွေဟာ မှတ်သားလေ့လာလို့ မကုန်နိုင်တာကြောင့် မိုးလေဝသပညာရပ်တွေကို စိတ်ဝင်တစားလေ့လာနေတဲ့ ကျနော့်အတွက်တော့ တကယ့်ကျေးဇူးရှင်ကြီးတွေပါပဲ။
အရင်ကတော့ မြေပြင်မိုးလေဝသ chart တွေ ရနိုင်ဖို့အတွက် မိုးပျံပူပေါင်းတွေ လွှတ်တင်ပြီး လေထု အလွှာအလိုက် လေစီးကြောင်းတိုက်ခတ်တဲ့အခြေအနေနဲ့ လေထုစိုထိုင်းဆအခြေအနေ၊ တိမ်ထုသိပ်သည်းမှုနဲ့ အပူချိန် ငွေ့ရည်ဖွဲ့အမှတ်တွေကို ပြည်နယ်နဲ့တိုင်း အသီးသီးမှာရှိကြတဲ့ မိုးလေဝသ station တွေက တိုင်းတာပေးပို့တာတွေ စတဲ့အချက်အလက်တွေပေါ်မူတည်ပြီး Weather chart တွေဆွဲ လိုအပ်တဲ့ ခန့်မှန်းချက်တွေ လုပ်ကြရတယ်လို့ သိရပါတယ်။
နောက်ပိုင်းခေတ်မီတိုးတက်လာတဲ့ သတင်းနဲ့နည်းပညာခေတ်ကြီးမှာတော့ Weather Chart တွေဆွဲတာ တစ် နေရာက တစ်နေရာပေးပို့တာတွေကို ဂြိုလ်တုနဲ့ မိုးလေဝသရေဒါတွေက ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကွန်ပျူတာတွေနဲ့ ပုံဖော်ရေးဆွဲနိုင်နေပြီလို့ သိရပါတယ်။
Online မှာတော့ ထိုင်းမိုးလေဝသဌာနက ၆ နာရီတစ်ကြိမ် တင်ပေးနေတဲ့ မြေပြင်မိုးလေဝသ chart ကိုပဲ အားကိုးပြီး ကြည့်နေရပါတယ်။ အဲ့သလိုနဲ့ Weather Chart တွေရဲ့ အရေးပါပုံကို တဖြည်းဖြည်း နားလည်လာတယ်။ မျက်စေ့နဲ့ မမြင်ရတဲ့ မုတ်သုံမျဉ်းတွေ လေစီးကြောင်းမျဉ်းတွေကို မြင်တတ်လာတယ်။ ဂြိုလ်တုတိမ်ပုံတွေနဲ့ မြေပြင်မိုးလေဝသ chart တွေ တွဲကြည့်တာ၊ ဖြစ်လာနိုင်မယ့် မိုးလေဝသ အခြေအနေတွေ ကို ခန့်မှန်းတာ သဘောပေါက်လာပါတယ်။
အရေးအကြီးဆုံးကတော့ မိုးအခြေအနေနဲ့ပတ်သက်ပြီး မြေပြင်က အခြေအနေသတင်းတွေသိရရင် ကိုယ်ကောက်ချက်ဆွဲပြီး ခန့်မှန်းပေးလိုက်တာတွေက ဘယ်လောက်အထိ တိကျမှန်ကန်မှုရှိမလဲဆိုတာ ပြန်သုံးသပ်ပြီး မှားနေတဲ့ မတိကျတဲ့ခန့်မှန်းချက်တွေကို ဘယ်လိုပြင်ရမလဲဆိုတာ သိလာပါတယ်။ မိုးလေဝသ အခြေအနေနဲ့ ရာသီဥတုအခြေအနေတွေကို ကြိုတင်ခန့်မှန်းရာမှာ Application တစ်ခု၊ Information Source တစ်ခုတည်းကို ကိုးကားနေလို့တော့ မဖြစ်ပါဘူး။ ကမ္ဘာ့မိုးလေဝသခန့်မှန်းရေး model တွေထဲက ဘယ် model က ပိုပြီး တိကျသလဲ၊ update တွေ အချိန်တိုအတွင်းရနိုင်အောင် ဘယ်လို လုပ်ရမလဲဆိုတာတွေပါ လေ့လာရ စုဆောင်းရ၊ သုံးသပ်ရပါတယ်။
အရှေ့တောင်အာရှဒေသမှာ မုန်တိုင်းအများဆုံးဖြစ်တတ်တဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက် မြောက်ပိုင်းက ဂျပန်နိုင်ငံတို့မှာ မုန်တိုင်းသတင်းတွေနဲ့ မုန်တိုင်းသတိပေးချက်တွေကို ဘယ်လိုတင်တယ်၊ တက်လာတဲ့သတင်းတွေပေါ်အခြေခံပြီး ပြည်သူလူထု မုန်တိုင်းအန္တရာယ်က လွတ်ကင်းအောင် ဘယ်လို အစီအမံတွေချမှတ်လုပ်ဆောင်နေကြတယ်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပြီးတဲ့အချိန်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်နိုင်အောင် ဘယ်လိုပြင်ဆင်ထားကြတယ် စသည်ဖြင့် အတော်ကိုနှံ့စပ်အောင်ရှာဖွေလေ့လာနိုင်မှသာ ပြည်လူထုအတွက်ထိရောက်တဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ခေတ်မီနည်းပညာတွေကို အသုံးချပြီး ကိုယ်နေတဲ့ ဒေသ၊ မြို့/ရွာမှာ မိုးရွာနိုင်/မရွာနိုင် ကိုယ်တိုင်ခန့်မှန်းနိုင်အောင် ကြိုးစားကြည့်ကြစေချင်ပါတယ်။
မုန်တိုင်း သတင်း/မိုးလေဝသသတင်းမှားတွေကိုလဲ နှိုင်းယှဉ်ချင့်ချိန်တတ်လာကြမှာပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ အလွယ်တကူနဲ့ အခမဲ့ရနိုင်တဲ့ "Windy App - ECMWF Model" နဲ့ မိမိရပ်ရွာဒေသအတွင်း မိုးရွာနိုင်မယ့် အခြေအနေရှိ/မရှိခန့်မှန်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
- (၁) တိမ်ထုဖြစ်ပေါ်မှုအခြေအနေကို အရင်ကြည့်ပါ။ (Rain, Thunder)
- (၂) သိလိုသည့်နေရာ Detail Forecast တွင် "Meteog" ကိုပြောင်းပါ၊ ပြီးရင်Clouds, rain("in" - လက်မ သိုမဟုတ် "mm" မီလီမီတာ)တိုင်ထိပ်အပြာရောင်ဖြစ်နေသည့်ပုံနေရာနှင့် Temperature - Dew Point နီးစပ်သည့် ရက်/အချိန်တို့တွင် မိုးရွာနိုင်ပါမယ်။
နမူနာအနေနဲ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း လှည်းကူးမြို့နဲ့ အနီးတဝိုက်အတွက် မိုးရွာနိုင်မယ့် ရက်အချိန်ကို ပုံထဲမှာ ပြပေးထားပါတယ်။

သတိပြုရမှာကတော့.. ဒီကြိုတင်ခန့်မှန်းချက်က အများဆုံး ၃ ရက်၊ ၄ ရက်လောက်အထိသာ သေချာနိုင်တယ်ဆိုတာပါပဲ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw khaing soe
လွန်ခဲ့သော ၃ နှစ် ကဆရာနဲ့တိုက်ရိုက်ပါဝင်ဆွေနွေချင်လို့ပါဗျ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....