စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်
အချိုရည်၊ တော်ဖီ၊ ဒိန်ချဉ်၊ မျှစ်နီနဲ့ မက်မန်းသီးတို့ အပါအဝင် စားသုံးကုန် ၂၃ ခုကို စားသုံးဖို့ မသင့်ဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ထုတ်ပြန်ပါတယ်။
တောင်တွင်းကြီးမြို့မဈေးကနေ စစ်ဆေးခဲ့တဲ့ အမှတ်တံဆိပ်မပါတဲ့ လိမ္မော်ရည်၊ သံပရာရည်နဲ့ နောက်ထပ် အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အပြာရောင် အချိုရည်တို့မှာ Sodium Cyclamate ဟာ သတ်မှတ်ပမာဏထက် ပိုသုံးထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် အမှတ်တံဆိပ်ပါတဲ့ တော်ဖီဇီးပြား၊ စတော်ဘယ်ရီအရသာ ဒိန်ချဉ်နဲ့ မက်မန်းသီးတို့မှာလည်း Sodium Cyclamate ကို သတ်မှတ်ပမာဏထက် ပိုသုံးထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မိုင်းပျဉ်းနဲ့ တာချီလိတ်တို့မှာ စစ်ဆေးခဲ့တဲ့ အချိုရည် ၂ မျိုးမှာလည်း အခုလို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
Sodium Cyclamate ဆိုတာက သာမန်သကြားထက် အဆ ၃၀ ကနေ ၅၀ လောက်အထိ ပိုချိုတဲ့ ဆေးသကြားတမျိုး ဖြစ်ပါတယ်။
တောင်တွင်းကြီးမြို့မဈေးကနေ စစ်ဆေးခဲ့တဲ့ ဦးဒိုင်ကြီး အမှတ်တံဆိပ် ငရုတ်အနုမှုန့်မှာ ခွင့်မပြုဆိုးဆေး Sudan 3 (အနီရောင်ဆိုးဆေး)၊ ရှမ်းပြည်နယ် ဟိုပုံးမြို့မဈေးကနေ စစ်ဆေးခဲ့တဲ့ အရောင်တင်မှုန့်နဲ့ မန်ကျည်းထန်းလျက်မှာ ခွင့်မပြုဆိုးဆေး Rhodamine B (ပန်းရောင်ဓာတု ဆိုးဆေး)၊ ဟိုပုံးမြို့မဈေးနဲ့ ဆီဆိုင်မြို့နယ် ဘန်းယဉ်ဈေးကနေ စစ်ဆေးခဲ့တဲ့ မျှစ်နီတွေမှာ ခွင့်မပြုဆိုးဆေး Auramine O (အဝါရောင်ဆိုးဆေး) တို့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့မှာ စစ်ခဲ့တဲ့ မလိုင်လုံးမှာလည်း Residual SO2 (တာရှည်ခံဆေး) ကို သတ်မှတ်ပမာဏထက် ပိုသုံးထားတယ်လို့ ဆိုပါတယ်။
အခုတွေ့ခဲ့ရတဲ့ ဓာတုပစ္စည်းတွေဟာ တချို့ကတော့ ခွင့်မပြုဆေးတွေဖြစ်ပြီး တချို့ကတော့ ခွင့်ပြုထားတဲ့ ဆေးတွေကို ပိုသုံးထားတာ ဖြစ်ပါတယ်။ ဒါတွေကို ရေရှည်စားရင် အစာအိမ်၊ အသည်းနဲ့ ကျောက်ကပ်တို့ ပျက်စီးစေပြီး ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
သတင်းအရင်းအမြစ် - DVB
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....