အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
AI တူပြီး တံဆိပ်မတူရင် အာနိသင်ကွာတာဘာကြောင့်လဲနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

AI တူပြီး တံဆိပ်မတူရင် အာနိသင်ကွာတာဘာကြောင့်လဲနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

Green Way
Green Way • 09/09/2023

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Ye Htet Kyaw) - ပိုးသတ်ဆေး Ai ချင်းတူပြီး ဆေးကုမ္ပဏီမတူရင် အာနိသင်ချင်းကွာပါတယ်။ ဘာကြောင့်ပါလဲ။ ဆေး Ai ထုတ်တဲ့နေရာမှာ ကုန်ကြမ်းအသုံးပြုတာကွာခြားမှုရှိလို့လား။

ဖြေ (ဒို့ဦးလေး) - ai+inertမှာ ai က ကုမ္ပဏီတွေ အတူတူပါပဲ။ inertမှာ အရည်အသွေး ကွာတယ် လို့ဆိုပါတယ်။

၂။ မေး (Yar Zar Htun) -  မြေပဲစိုက်ရာမှာမြေဆောင်မှိုက အရမ်းဒုက္ခပေးပါတယ်။ မှိုဆေးတွေဖျန်းလဲမနိုင်ပါဘူး။ ခဏပဲတန့်သွားပါတယ်။ ပြန်ဖြစ်ပြီး ဆေးယဉ်ပါးလာပါတယ်။ အဓိကကတေ ာ့မြေဆောင်မှိုကို နိုင်အောင်သတ်ချင်ပါတယ်။ ဘာတွေလုပ်ရမယ်။ ဘာဆေးတွေသုံးရမယ်ဆိုတာဖြေကြားပေးပါခင်ဗျ။ ပြီးတော့မဖောက်ထုံးကကော မြေဆောင်မှိုကိုနိုင်ပါသလား ဖြေကြားပေးပါခင်ဗျာ။

ဖြေ (ဇော်လင်း) - ဟုတ်ပါတယ် မြေဆောင်မှိုကို မှိုသတ်ဆေးဖျန်းခြင်းတမျိုးတည်းနဲ့ မရနိုင်ပါဘူး။ (မျိုးရင်းမတူတဲ့ သီးနှံကို ၃နှစ်တကြိမ် ပြောင်းစိုက်ရပါမယ်။) မြေကြီးချဥ်ငံတိုင်းပြီး၊ ချဥ်ငန်ကိန်းမျှတအောင် ပြုပြင်ရပါမယ်။ မျိုးစေ့ကို ဆေးလူးနယ်စိုက်ရပါမယ်။ ထရိုင်ကိုဒါးမားကို စိုက်ကြောင်းထဲထည့်ရပါမယ်/မျိုးစေ့လူးရပါမယ်။ ထုံးက မှိုပေါက်ပွားမှုကို အတော်အတန် ထိန်းနိုင်ပါတယ်။

၃။ မေး (Myint Khing) – ဆရာတို့ခဗျာ ကျွန်တော့စိုက်ခင်းမှာ ကြက်သွန်မြိတ်လို အဖူးတွေထွတ်လာတယ်။  ဘယ်လိုကုသလို့ရနိုင်မလဲဆရာ။ စိုက်သက်၃၀ရက်ရှိပြီ။

ဖြေ (ဒို့ဦးလေး) - ပေါင်းသတ်ဆေးဖျန်းသလား။ ပေါင်းသတ်ဆေးကြောင့်လဲ ဖြစ်တတ်ပါတယ်။ ပိုတက်ချ်နဲ့ ဂျစ်ဆန် ပက်ကျွေးပါ။ 

၄။ မေး (Zay Yar Maung) - ကြက်သွန်ပျိုးခင်းကနေ့တိုင်းရေတင်ဖို့လိုလားဗျ။ အခု မှိုရောဂါဖြစ်နေလို့ ဘာဆေးတွေဖျန်းရမလဲဗျ။ ပျိုးခင်းက နှစ်လလောက်ထိထားပြီးမှ စိုက်လို့ကောင်းပါသလား။ အားဆေးက ဖျန်းလို့ရပြီလား။

(ဦးမောင်မောင်ထွေး)- မှိုရောဂါကျနေတာကို မှိုသတ်ဆေးဖျန်းပါ။ နေ့တိုင်းရေမသွင်းရပါ။ ကြက်သွန်ပင်ကို ရေလိုမလိုကြည့်ပြီး ရေသွင်းပါ။ အပင်ရောဂါကျနေရင် မရွှေ့ပြောင်းပါနဲ့။ အပင်များသန်မာလာရင်ရွှေ့ပြောင်းပါ။

၅။ မေး (စိုးကျော်) - ခရမ်းပင်မှာ ပုရွက်ဆိတ်အနီတွေက အပင်နုလေးတွေကို စားပစ်လို့ပါ။ ဓာတုဆေးမသုံးဘဲ ဘယ်လိုရှင်းလို့ရပါသလဲ။

(ဒို့ဦးလေး) - တမာရွက်+ဆေးရွက်ကြီး ကို ၅၀ကျပ်သားစီ.ယူပြီး ရေ ၄ဂါလံနဲ့ တညစိမ်ပါ။ မနက်.ပိုင်း အရည်စစ်ပြီး ရေတဝက်ရော.ပြီး. ဖျန်းပါ။

မေးခွန်းတွေအကုန်လုံးကလည်း တောင်သူတိုင်းသိသင့်တာတွေကြီးကိုပဲ စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။

အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။