pH တူ မြေကွာရင် ထွက်နှုန်းကွာလားနဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်ရှင့်
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံးမေးခွန်းကတော့
၁။ မေး (Ye Kyaw) - မြေကြီးရဲ့ PH Levelတွေတူညီပြီး မြေအမျိုးအစားမတူရင် ထွက်နှုန်းကွာပါသလား။
ဖြေ ( ဒို့ဦးလေး) - မြေကြီးထဲမှာ ရှိနေတဲ့အာဟာရချင်း မတူရင် အထွက်နှုန်းကွာနိုင်ပါတယ်။ (မြေသြဇာပံ့ပိုးနိုင်ရင်တော့..တစ်မျိုးပေါ့)
(ဦးခင်မောင်လတ်) - ကွာမှာပါ ဘာလို့ဆို PH level တော့တူနေပါရဲ့ မြေဆီဩဇာထက်သန်တဲ့ မြေက ပိုအထွက်ကောင်းမှာပါ။ ပြီးတော့နောက်တစ်ခုက စိုက်မဲ့သီးနှံ ကြိုက်တဲ့မြေမဟုတ်နေရင်လည်း သီးနှံအထွက်နှုန်းကျနိုင်ပါတယ်။ pH က စိုက်တဲ့သီးနှံအာဟာရပိုစားနိုင်အောင်ပဲ ကူညီပေးပါတယ်။ သူ့ကြောင့်အထွက်နှုန်းပိုကောင်းတာမဟုတ်ပါ။
(Kyaw Kyaw Oo) - မြေအမျိုးစားမတူရင် ထွက်နှုန်းကွာနိုင်ပါတယ်။ မြေအမျိုးစားကြိုက်တဲ့ သီးနှံစိုက်မယ်ဆိုရင် ထွက်နှုန်းလဲ မလျော့နိုင်ပါ။
နွားချေးမြေဆွေးကို အသုံးပြုချင်ပါရဲ့ ဘယ်လိုပြုရမလဲ သိချင်တဲ့ မိတ်ဆွေတွေအတွက်ပါ။
၂။ မေး (Aung Chan) - ဘောင်ပေါ် နွားချေးမြေဆွေးဖြူးလို့အဆင်ပြေမလားဗျ။ ဖြူးပြီးဘာလုပ်သင့်လဲအကြံပေးပါဦး။
ဖြေ (Ye Thura) – အပင်ခြေမကပ်ပဲ ဖြူးပေးနိုင်ပါတယ်။
(ဆုမြတ်နိုး) - ဆွေးနေတဲ့နွားမြေဆွေးဖြစ်ဖို့လိုပါတယ် ပြီးရင်တော့ မြေလေးနဲ့ သမပေးပါ ပြီးရင်ရေသင့်တင့်ရုံလောက်ဖျန်းလို့ရပါတယ်။
(ဦးမောင်မောင်ထွေး) - မြေဆွေးဖြူးပြီးမြေနဲ့ ပြန်ဖုံးပေးပါ။ ဒါမှမြေဆွေးခြောက်မသွားဘဲ အကျိုးပြု အဏုဇီဝများ ရှင်သန်ပြီးအစိုဓာတ်ကိုလဲထိန်းပေးပါမှ ဆွေးမြေ့ပြီးအာဟာရများလည်းဖြစ်စေမယ်။ မြေနဲပြန်မဖုံးရင်ခြောက်သွေ့လေလွင့်ပြီး အလဟသဖြစ်သွားမယ်။

ကွမ်းစစိုက်ဖို့ ဘာတွေပြင်ဆင်ရမလဲ သိချင်တဲ့ဦးကြီးတို့အတွက်လည်း ဖော်ပြပေးလိုက်ပါတယ်ရှင့်။
၃။ မေး (Hein Ko Ko) - ဆရာ ကွမ်းစစိုက်မလို့ပါ ကွမ်းပင်တွေ မြေအောင်းပိုးကြောင့်လား ရောဂါကြောင့်လား (မနှစ်က ကွမ်းစိုက်တောင်သူ ကြုံခဲ့ရလို့) ကွမ်းပင်မသေအောင် ၊ ဆီစွန်းရောဂါ မကျအောင် မစိုက်ခင် မြေကို ဘယ်လို ပြုပြင်သင့်သလဲ။ ကျနော်တို့ဆီက အပူပိုင်း မိုးခေါင်ဒေသမှာ ဘယ်လသည် ကွမ်းစိုက်ရန် သင့်လျော်ပါသလဲ။
ဖြေ (ဒို့ဦးလေး) - အဓိက,သတိပြုရမယ့်အချက်တွေကတော့.. မြေသန့်/မျိုးသန့်/ရေသန့်/အကိုင်သန့်ဖို့ လိုပါတယ်၊ ၁ချက်ချင်းကို ပိုင်အောင်လုပ်ပါ။ ဥပမာ.. မြေကြီးကို ထုံးပက်တာ/ဂျစ်ဆန်ထည့်တာ/ဘောင်ဆွဲပြီးရင် ရေနုတ်မြောင်းလုပ်တာ/စိုက်ကျင်းနေရာကို မှိုသတ်ဆေးဖျန်းတာ/မြေအောင်းပိုးဆေးဖျန်းတာ စသဖြင့်လုပ်ခဲ့မယ်ဆိုရင်. ကွမ်းခြံ သန့်သန့်တစ်ခြံရရှိမှာဖြစ်ပါတယ်။ နောက်ပိုင်းကတော့.. ပြုစုမှုအပိုင်း ကို ဆက်လေ့လာပါ.. ကွမ်းမစိုက်ဖူးသေးတဲ့နေရာ/ရောဂါကျထားတဲ့နေရာ/ရေဆိုးထုတ်မြောင်းနေရာ/အရိပ်ကျရောက်တဲ့နေရာ/ တွေကလွဲပြီး..ကျန်နေရာ.ရွေးပါ။ ထုံးပက်ပေးပါ/ဂျစ်ဆန်/ထရိုင်ကိုဒါးမားထည့်ပေးပါ။
အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမယ်လို့ မျှော်လင့်မိပါတယ်နော်
စိုက်မွေးပြဿနာတစ်စုံတစ်ခုရှိလာပြီဆို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ကြိုက်ဆွေးနွေးနိုင်ပါကြောင်း သတင်းကောင်းပါးရင်း ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ပဲ နှုတ်ဆက်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026