ပိုးသတ်ဆေးထဲ အိမ်သုံးဆားရောဖျန်းလို့ရလားနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာအမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမဲ့ စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်နော်။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို ဆွဲထုတ်ထားပါတယ်ရှင့်
ပထမဦးဆုံးမေးခွန်းက ကွမ်းကိုအခုမှစစိုက်ချင်တဲ့ တောင်သူများအတွက်ပါ။
၁။ မေး (Hein Ko Ko) ဆရာ ကွမ်းစစိုက်မလို့ပါ။ ကွမ်းပင်တွေ မြေအောင်းပိုးကြောင့်လား ရောဂါကြောင့်လား (မနှစ်က ကွမ်းစိုက်တောင်သူ ကြုံခဲ့ရလို့) ကွမ်းပင်မသေအောင် ၊ ဆီစွန်းရောဂါ မကျအောင် မစိုက်ခင် မြေကိုဘယ်လို ပြုပြင်သင့်သလဲ။ ကျွန်တော်တို့ အပူပိုင်း မိုးခေါင်ဒေသမှာ ဘယ်အချိန်က ကွမ်းစိုက်ရန် သင့်လျော်ပါသလဲ။
ဖြေ ( ဒို့ဦးလေး) - အဓိက,သတိပြုရမယ့်အချက်တွေကတော့.. မြေသန့်/မျိုးသန့်/ရေသန့်/အကိုင်သန့်ဖို့ လိုပါတယ်၊ တစ်ချက်ချင်းကို ပိုင်အောင်လုပ်ပါ။ ဥပမာ.. မြေကြီးကို ထုံးပက်တာ/ဂျစ်ဆန်ထည့်တာ/ဘောင်ဆွဲပြီးရင် ရေနုတ်မြောင်းလုပ်တာ/စိုက်ကျင်းနေရာကို မှိုသတ်ဆေးဖျန်းတာ/မြေအောင်းပိုးဆေးဖျန်းတာ စသဖြင့် ..လုပ်ခဲ့မယ်ဆိုရင်. ကွမ်းခြံ သန့်သန့်တစ်ခြံရရှိမှာဖြစ်ပါတယ်။ နောက်ပိုင်းကတော့.. ပြုစုမှုအပိုင်း ကို ဆက်လေ့လာပါ။
နံပါတ် (၂) မေးခွန်းလေးက ကြားဖူးနားဝရှိတာတွေက တစ်ကယ်ပဲ အကျိုးဖြစ်ရဲ့လား ဖြစ်နိုင်ပါ့မလား ဆရာတွေဆီက ဝေဖန်အကြံပြုတာတွေကို လေ့လာမှတ်သားချင်တဲ့ ဦးကြီးတို့အတွက် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင့်။
၂။ မေး (Aung Chan) - ဆရာကြီးများခင်ဗျာ့ ခရမ်းသီးစိုက်ခင်းမှာ သီးလုံးဖောက်ပိုး မနိုင်မနင်းဖြစ်နေပါတယ်ခင်ဗျာ့ ဆေးကလည်း ၃ရက်ခြားတစ်ခါဖျန်းပါတယ်ခင်ဗျာ့ အဘာမက်တင်နဲ့ အဆီတာမင်ပရစ်ကို အစက ၂၀စီစီ ဆီထည့်ရာမှ ယခု တောင်သူအများပြောစကားအရ ၄၀-၅၀စီစီ ထိ ပိုမိုသုံးစွဲနေရပါတယ်ခင်ဗျာ့ (တချို့ကလည်း အဆီတာမင်ပရစ်(အဆက်)ကို ဆေးတစ်ပုံးလျှင် အိမ်သုံးဆား လက်ဖက်ရည်ပန်းကန်တစ်လုံးစာနှင့် ရောစပ်ပက်ဖျန်းပါက ထိရောက်သည်ဟုလည်းပြောကြသည်(အာနိသင်လျော့မည်ကိုစိုးရိမ်၍ မသုံးဖြစ်သေးပါ)ဝေဖန်လမ်းပြအကြံပြုပေးစေလိုပါတယ်ခင်ဗျာ။
ဖြေ (ဒို့ဦးလေး) – ဥာဏ်မီသလောက်တော့..အိမ်သုံးဆားဟာ ပိုးသတ်ဆေး အာနိသင်ပြယ်စေပါတယ်။ ပေါင်းသတ်ဆေးအဖြစ် ယူရီးယားနှုန်းမြင့်နဲ့ ဖျန်းကြပါတယ်။ ခရမ်းသီးလုံးဖောက်ပိုးအတွက်.. အီမာမက်တင်.သို့မဟုတ် အီမာမက်တင်+အဆီတာမီပရစ် (သို့မဟုတ်)အီမာမက်တင်+သိုင်ယာမီသိုဇင်(အီသာပလပ်စ်) ဖျန်းနိုင်ပါတယ်။
၃။ မေး (သူထက်အောင်) - ငါးတန်ကို ပေါင်မုန့်ကျွေးပီးမွေးရင် ငါးကြီးထွားနှုန်းကောင်းလား၊ ကြက်ချေးကျွေးပီးမွေးရင်ကော ကြီးထွားနှုန်းကောင်းလားဗျ? တခြားဘာအစာတွေကျွေးပီးမွေးလို့ရသေးလဲဗျ။ အကြံပေးပေးပါဦး။ တချို့မုန့်ကျွေးပီးမွေးကြတယ်လို့ကြားဖူးလို့ပါ။
ဖြေ ( နှင်းဖြူဖြူ) - ငါးတန်ကို ပေါင်မုန့်ကျွေးလို့ ရပါတယ်။ ဒါပေမယ့် အာဟာရအစုံ မရတော့ ကြီးထွားနှုန်း နှေးမှာပေါ။ ဆိုတော့ ငါးတန်ကို ကျွေးဖို့ အစာစပ်နည်း အောက်မှာကြည့်ကြည့်နော်။

စပါးကြဲထားတဲ့ဦးကြီးတို့အတွက် ရွေးချယ်ဖြစ်ထားတဲ့ မေးခွန်းကောင်းလေးတစ်ခုမို့ ဖော်ပြပေးလိုက်ပါတယ်ရှင့်
၄။ မေး (Ye Kyaw) - နွေစပါးကြဲခင်း စပါးပင်အရွက်၂ရွက်ထွက်လာတာနဲ့ အပင်အားဆေးဖျန်းလို့ရနိုင်မလား။
(ဒို့ဦးလေး) - အပင် ရွက်ဖျန်းအားဆေးဆိုတာ အရွက်ကတဆင့် အစာကျွေးတာပါ။ စပါးရွက်၂ရွက်အရွယ်ဆိုတာ အစာလက်ခံ နိုင်ဖို့ရာနှုန်းနည်းပါတယ်။ ပြီးတော့..စပါးစေ့မှာပါတဲ့ အစေ့တွင်းစာမကုန်သေးပါဘူး.. ဖျန်းစရာမလိုသေး/မဖျန်းသင့်သေးပါ။
ဂျင်းကို ဘယ်ကနေဘယ်လိုစိုက်လဲဆိုတာကို တခြားမိတ်ဆွေတောင်သူတွေပါ သိဖို့အတွက် နောက်ဆုံးမေးခွန်းလေးတစ်ခုအဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်ရှင့်
၅။ မေး (Aung Kyaw Moe Hein) ဂျင်းတက်ကို မျိုးပိုင်းစင်းရင် ဘေးအတက်ပါတာကိုပဲ ဖြတ်ယူရသလား အလယ်ပိုင်းတွေကိုရော ဖြတ်ပြီး စိုက်ရတာလားဗျ မစိုက်ဘူးသေးတော့ သိချင်လို့ပါဗျာ
ဖြေ (ဒို့ဦးလေး) - အတက်(မျက်စိ)တခုပါရင် တစ်ပင်ထွက်ပါတယ်၊ အတက်ပါတာကိုရွေးစိုက်ပါ။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နန်းချို
လွန်ခဲ့သော ၃ နှစ် ကအမေးအဖြေကဏ္ဍရှိပါတယ်နော် တစ်ချက်ကြည့်ကြည့်ပါ ဆရာတွေလည်းဆွေးနွေးနေပါပြီ ဝင်ရောက်လေ့လာကြည့်ပါရှင့်
blackchina
လွန်ခဲ့သော ၃ နှစ် ကAppကိုယခုမှစသုံး သာမို အမေးဖြေအခန်းနေစဥ်ရှိပါသလား? သိလိုတဲ့ အကြောင်းကိစ္စများကိုလည်းအဖြေမှန် ပုံမှန် ပြန်ပေးပါသလား
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026