အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခံတွင်းပျက်သူများ ခံတွင်းလိုက်စေတဲ့ ခရမ်းကစော့ချက်နည်း

ခံတွင်းပျက်သူများ ခံတွင်းလိုက်စေတဲ့ ခရမ်းကစော့ချက်နည်း

ခရမ်းကစော့သီးချက်ရာတွင်ပါ၀င်ပစ္စည်းများမှာ

    ခရမ်းကစော့သီး၊ ခရမ်းသီးရှည်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ/ နီ၊ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစားအနည်းငယ်၊ ဆီ၊ ဆား၊ အသားမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် နနွင်းတို့ လိုအပ်ပါသည်။

ချက်ပြုတ်နည်း

၁။ ခရမ်းကစော့သီးကို အစေးထွက်ရန်နှင့် မဲမသွားအောင် ထက်ခြမ်းခွဲပြီး ဆားရေစိမ်ထားပါ။

၂။ ခရမ်းသီးရှည် ၁ လုံးကို ခပ်စိပ်စိပ် လှီးထားပါ ။

၃။ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူနီနှင့် ငရုတ်သီးစိမ်းတို့ကို ရောထောင်းပါ ။

၄။ ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်ထားပါ။

၅။ ပြီးစီးပါက မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီထည့်၊ နနွင်းအနည်းငယ်ထည့်၍ ပူလာလျှင် ထောင်းထားသော အရာများကိုထည့်ပြီး ဆီသတ်ပါ။

၅။ အစပ်မကြိုက်လျှင် ငရုတ်သီးစိမ်းမထည့်လည်းရပါတယ်။ ဆီသတ်ပြီးပါက  ဖျော်ထားသော စိမ်းစားငါးပိအရည် နှင့် လှီးထားသောခရမ်းသီးရှည်ထည့်ပါ။ ပြီးနောက် ရေအနည်းငယ်ထည့်ပြီး ခဏတည်ထားပါ ။

၆။ အရသာအတွက် ဆား၊ အသားမှုန့် နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး ခရမ်းသီးရှည်နူးလာလျှင် ကစော့သီးထည့်ပါ။ 

၇။ အချိန်အကြာကြီး ချက်စရာမလိုပါ ။ နူးလွယ်ပါသည် ။ အရသာစိတ်ကြိုက်ဖြစ်ပြီး ဆီပြန်လာလျှင် စားလို့ရပါပြီ။ 

    ခရမ်းကဆော့သီးဟင်းကို ပဒတ်စာဟင်းချို၊ ဆိတ်သားနှပ်၊ တို့စရာများနှင့် တွဲဖက်စားသောက်ပါက အလွန်လိုက်ဖက်လှပါတယ်။

ပင်လယ်ပြာ(ငါးဦးစီး)

Ref; မြဝတီမှတ်စု

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။