တောင်သူကြီးများ အွန်လိုင်းမှဈေးဝယ်ခြင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာလေ့လာစို့” အစီစဥ်လေးကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ။
ယခင်တစ်ပတ်ကတော့ ဖုန်းဆော့ဝဲလ်တွေကိုဘာနဲ့ဒေါင်းလုဒ်ဆွဲကြမလဲ မျှဝေပေးခဲ့တာ မှတ်မိမယ်ထင်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ အွန်လိုင်းကနေ ဈေးဝယ်ခြင်း ဆိုတဲ့ အကြောင်းအရာလေးကို ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ် ခင်ဗျ။
တောင်သူ ဦးလေး ဒေါ်လေးတို့ ယနေ့ခေတ်မှာ အွန်လိုင်း အင်တာနက်ပေါ်ကနေ ဈေးဝယ်ကြတယ်ဆိုတာ ကြားဖူးကြမယ် ထင်ပါတယ်ခင်ဗျ။ ပိုပြီးနားလည်အောင်ရှင်းပြရရင် ရောင်းတဲ့သူက အင်တာနက် ဆက်သွယ်မှု ရရှိနိုင်တဲ့ ဆက်သွယ်ရေးကိရိယာ တစ်ခုခုကိုသုံးစွဲပြီး သူ့ရဲ့ကုန်ပစ္စည်းကို ဈေးကွက်ပေါ်တင်ပြီး ရောင်းချတယ်။ ဝယ်တဲ့သူကလည်း အင်တာနက်ဆက်သွယ်မှု ရရှိနိုင်တဲ့ဆက်သွယ်ရေးကိရိယာတစ်ခုခုကို သုံးစွဲပြီး ဝယ်ယူတယ်။ ရောင်းသူနဲ့ဝယ်သူ နှစ်ဦးစလုံးဟာ ပြင်ပမှာ ထိတွေ့၊ တွေ့မြင်စရာမလိုပဲ အင်တာနက်ကွန်ရက်-အွန်လိုင်းပေါ်မှာပဲ တွေ့ဆုံကြပြီး အရောင်းအဝယ်ပြုကြတဲ့ ကုန်စည်ရောင်းဝယ်မှု စနစ်ပဲ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက်သုံးပြီး ဝက်ဘ်ဆိုက်တွေ၊ ဖုန်းဆော့ဝဲလ် တွေကနေတစ်ဆင့် မိမိလိုချင်တာတွေ ဝယ်ယူနိုင်တဲ့ အနေအထားရောက်ရှိနေပါပြီ။ ယခုလိုမျိုး အွန်လိုင်းကနေ ဈေးဝယ်တယ်ဆိုတာ မြို့ပေါ်မှာနေထိုင်တဲ့သူတွေအတွက်သာ မဟုတ်တော့ပါဘူးခင်ဗျ။ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ တောင်သူ ဦးလေး ဒေါ်လေးတို့လည်း မိမိတို့ စိုက်ခင်းအတွက် လိုအပ်တဲ့ သွင်းအားစုတွေ အွန်လိုင်းမှာရှာဖွေပြီး စမတ်ကျကျ ဈေးဝယ်လို့ရနေပါပြီနော်။
ဥပမာ အနေနဲ့ ပြောရရင် အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်ထဲမှာ ပါဝင်တဲ့ ဈေးတန်းကြီး (Market Place) မှာဆိုရင် စိုက်ပျိုးရေး သွင်းအားစုတွေ လာရောက်ရောင်းချနေတဲ့ ဆိုင်တွေ၊ ကုမ္ပဏီတွေ ရှိပါတယ် ခင်ဗျ။ အဲ့ဒီဆိုင်တွေထဲကို တောင်သူ ဦးလေး ဒေါ်လေးတို့ ဝင်ကြည့်လိုက်မယ်ဆိုရင် ဆိုင်တွေကနေ ရောင်းချပေးနေတဲ့ သွင်းအားစု ပစ္စည်းတွေကို တွေ့ရမှာ ဖြစ်ပါတယ် ခင်ဗျ။ မိမိကြိုက်နှစ်သက်တဲ့ သွင်းအားစု တစ်ခုခုတွေ့ပြီဆိုရင် ပစ္စည်းကိုရွေးချယ်ကာ ငွေပေးချေပြီး မိမိနေထိုင်ရာ ဒေသအရောက် မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။
အခုလို တောင်သူ ဦးလေး ဒေါ်လေးတို့ အွန်လိုင်းကနေ ဝယ်ယူခြင်အားဖြင့်
၁။ မိမိစိုက်ခင်းထဲမှာ နေပြီး စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများကို ဖုန်းထဲမှ အလွယ်တကူ မှာယူနိုင်ခြင်း
၂။ ဆိုင်အထိ သွားဝယ်စရာမလိုသောကြောင့် အချိန်ကုန်၊ လူပင်ပန်း သက်သာခြင်း
၃။ မိမိ ဝယ်ယူသုံးစွဲခဲ့သော သွင်းအားစုများကို အလွယ်တကူ မှတ်သားထားနိုင်ခြင်း
၄။ သွားလာ သယ်ယူ ကုန်ကျစရိတ်များ သက်သာခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရှိနေပါတယ် ခင်ဗျ။
အွန်လိုင်းကနေ ဈေးဝယ် မှာယူကြမယ့် ခေတ်မီတောင်သူကြီးတွေ ဖြစ်ကြပါစေ ခင်ဗျ။
ယခင်တစ်ပတ်က ဖုန်းဆော့ဝဲလ်တွေကိုဘာနဲ့ဒေါင်းလုဒ်ဆွဲကြမလဲ အကြောင်းဖော်ပြထားတဲ့ ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါလင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဖုန်းဆော့ဝဲလ်တွေကို ဘာနဲ့ဒေါင်းလုဒ်ဆွဲကြမလဲ
စာတန်းလေးကိုနှိပ်ပြီးလေ့လာလို့ရပါတယ်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....