ထောပတ်သီး အမြန်မှည့်အောင်လုပ်နိုင်တဲ့နည်း ၅ မျိုး
၁) သဘာဝအတိုင်း မှည့်အောင်လုပ်နည်းကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အချိန်တော့ကြာနိုင်ပါတယ်။ ထောပတ်သီးလေးတွေကို ခွက်တစ်ခုထဲထည့်ပြီး မီးဖိုချောင်ရဲ့ နေပြောက်လေးတွေပဲရနိုင်တဲ့နေရာမှာထားပါ။ နေရောင်ခြည်နွေးနွေးလေးက အသီးမြန်မြန်မှည့်အောင်ကူညီပါလိမ့်မယ်။
၂) အသီးက နေရောင်ခြည်နဲ့ မှည့်ဖို့ခက်ခဲပါက စက္ကူအိတ်ထဲထည့်ပြီး မှည့်အောင်လုပ်လို့ရပါတယ်။
အညိုရောင်စက္ကူအိတ် (သို့) စက္ကူအိတ်ထဲမှာ ထောပတ်သီးတွေထည့်ပြီး လေဝင်လေထွက်ကောင်းတဲ့ခြင်း (သို့) တောင်း (သို့) ဂျပ်ပုံးထဲအုပ်ပါကလဲ အသီးအမြန်မှည့်နိုင်ပါတယ်။ ဒါဟာ အသီးကထွက်တဲ့ အီသိုင်လင်းဂက်စ် ethylene gas ကို သူကိုယ်တိုင်ပြန်ရစေပြီး အမှည့်မြန်စေပါတယ်။
၃-၄ ရက်လောက်ထည့်ပြီး အုပ်လို့ရပါတယ်။ တစ်ရက်တစ်ခါတော့ ထုတ်ကြည့်ဖို့မမေ့ပါနဲ့။ အမှည့်လွန်ပြီး ပျက်စီးပါလိမ့်မယ်။ နေရာဒေသပေါ်လည်း မူတည်ပါလိမ့်မယ်။ အပူပိုင်းဒေသဆို အမှည့်လွယ်ပီး အေးတဲ့ဒေသဆိုရင်တော့ သူ့ရဲ့ဖြစ်စဉ်အရ မှည့်ဖို့ကြာပါတယ်။
၃) အခြားအသီးတွေဖြစ်တဲ့ ပန်းသီး၊ မှည့်နေတဲ့ငှက်ပျောသီးနဲ့ရောပြီး စက္ကူအိတ်ထဲထည့်ပြီး မှည့်အောင်အုပ်ပါက ၃-၄ ရက်အတွင်း မှည့်ဖို့လွယ်ပါတယ်။ အသီးများများအုပ်ပါက ပန်းသီး၊ ငှက်ပျောသီး ၂-၃ လုံးထည့်ပြီးအုပ်ပါ။ ဒါပေမဲ့လည်း ကိုယ့်အသီးရဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။
၄) ဆန်ထည့်ထားတဲ့ခွက်ထဲမှာ ထောပတ်သီးထည့်ပြီး အုပ်လို့ရပါသေးတယ်။ ဆန်က အသီးတွေမြန်မြန်မှည့်ဖို့လိုတဲ့ ethylene gas များများထွက်အောင် လုပ်ပေးနိုင်ပါတယ်။ အစိုဓာတ်များသလို အသီးချွေးပြန်ခြင်းလည်း မဖြစ်စေဖို့ ဆန်က တားဆီးပေးပါတယ်။
၅) Microwave oven ထဲထည့်ပီး ၁၀ မိနစ်အတွင်း မြန်မြန်မှည့်အောင်လုပ်လို့ရပါတယ်။ စားချင်သလောက်လေးပဲ စမ်းပြီး လုပ်ကြည့်ပါ။ ဒီနည်းကတော့ အရသာအပြည့်အဝကောင်းဖို့တော့ တာဝန်မယူပါဘူး။ ဒါပေမဲ့ ထောပတ်သီးကို အရမ်းကြိုက်တဲ့သူတွေအတွက်ကတော့ အဆင်ပြေပါလိမ့်မယ်။
ထောပတ်သီးကို ငွေရောင်စက္ကူထဲထည့်ပြီးထုပ်ပါ။ နောက်ပြီး မုန့်ဖုတ်တဲ့ဗန်းပေါ်တင်ပြီး အပူချိန် 200 'C မှာ ၁၀ or ၁၅ မိနစ် အပူပေးပါ။ အပူပေးပြီးရလာတဲ့ နူးညံ့တဲ့ထောပတ်သီးကို အအေးခံမယ် (သို့) ရေခဲသေတ္တာထဲခဏထားပြီး စားသုံးလို့ရပါပီ။ စမ်းသပ်ကြည့်ကြပါနော်။
သိုလှောင်မယ်ဆိုပါက ထောပတ်သီးအခြမ်းလိုက်လေးတွေကို ပလတ်စတစ်ဇစ်အိတ် သို့ တစ်ခါသုံး ပလတ်စတစ်လေးနဲ့ သေချာထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁-၂ ရက်လောက်ထည့်စားလို့ရပါတယ်။
Reference
https://www.catalyticgenerators.com/blog/avocado-ripening-handling/
https://www.thepioneerwoman.com/food-cooking/cooking-tips-tutorials/a36079339/how-to-ripen-avocado/
https://www.foodiecrush.com/how-to-ripen-avocados-perfectly/
https://loveonetoday.com/how-to/pick-buy-fresh-avocados/
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from မြတ်စုဝေ
အားလုံး