အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖုန်းငွေလက်ကျန် နည်းနေချိန် ဖုန်းပြန်ခေါ်ပေးဖို့ စာဘယ်လို ပို့ရမလဲ ?

ဖုန်းငွေလက်ကျန် နည်းနေချိန် ဖုန်းပြန်ခေါ်ပေးဖို့ စာဘယ်လို ပို့ရမလဲ ?

Green Way
Green Way • Greenovator • 27/07/2020

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ တောင်သူကြီးများ အွန်လိုင်းမှ ဈေးဝယ်ခြင်း ဆိုတာလေးကို ပြန်လည်မျှဝေ ပေးခဲ့ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ မိမိဖုန်းကနေ စာတို မက်ဆေ့ချ် ပေးပို့တဲ့နည်းကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ တောင်သူဦးကြီးတွေ ခရီးသွားရင်း အပြင်သွားရင်း အရေးတကြီး ဖုန်းခေါ်ဆိုစရာ ရှိတဲ့ အချိန် ဖုန်းဘေကလည်း မကျန်တော့ဘူးဆိုရင် မိမိဆီကို ဖုန်းပြန်ခေါ်ပေးဖို့ စာတို မက်ဆေ့ချ် ပေးပို့လို့ရပါတယ် ခင်ဗျ။ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။ 

MPT       -     *222*ပို့မည့်ဖုန်းနံပါတ်# Call

Telenor   -     *1*ပို့မည့်ဖုန်းနံပါတ်# Call

Mytel      -     *521*ပို့မည့်ဖုန်းနံပါတ်# Call (Mytel အချင်းချင်းသာ) 

Ooredoo -     *122*ပို့မည့်ဖုန်းနံပါတ်# Call (Ooredoo အချင်းချင်းသာ) 

တောင်သူ ဦးကြီးတွေ အနေနဲ့ မိမိမှာ ဖုန်းဘေကလည်း ကုန်နေတယ်။ အရေးကြီးကိစ္စအတွက် ဖုန်းပြန်ခေါ်ဖို့လည်း ပြောချင်တယ်ဆိုရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း နှိပ်ကာ စာတိုလေး ပို့ပြီး ဖုန်းပြန်ခေါ်ပေးဖို့ ပြောလို့ရပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရာမှာ တောင်သူတွေ အားလုံး အဆင်ပြေကြပါစေ ခင်ဗျ။ နောက်တစ်ပတ် ပြန်လည် ဆုံတွေ့ပါမယ် ခင်ဗျ။  
ယခင်တစ်ပတ်က တောင်သူကြီးများ အွန်လိုင်းမှ ဈေးဝယ်ခြင်း အကြောင်းကို ပြန်လည်ဖတ်ရှု ချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

တောင်သူဦးကြီးများ အွန်လိုင်းမှ ဈေးဝယ်ခြ်င်း

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။