ဂူးဂဲလ် (Google) ဆိုတာဘာလဲ?
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
ယခင်တစ်ပတ်ကတော့ မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု အကြောင်းကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဂူးဂဲလ် (Google) ရဲ့ အကြောင်းကို တောင်သူ ဦးလေး/ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
သိချင်တာ Google မှာရှာ ဆိုတဲ့ စကားလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ အင်တာနက်နဲ့ မကင်းနိုင်သူတိုင်း ဂူးဂဲလ် (Google) နဲ့လည်း မစိမ်းကြပါဘူး။ ဂူးဂဲလ်ဟာ တကယ့်အသိပညာ ဗဟုသုတ လိုချင်ရာရနိုင်တဲ့ဘဏ်တိုက်ကြီး တစ်ခုဖြစ်ပါတယ်။ ဂူးဂဲလ် ဟာ ယနေ့ခေတ်ရဲ့အသုံးဝင်ဆုံးနဲ့ သိချင်တာကို ရှာဖွေနိုင်တဲ့ ရှာဖွေရေး အင်ဂျင် တစ်ခုဖြစ်နေပါတယ်။ ဖုန်းဝယ်ယူစဥ်ကတည်းက ပါရှိတဲ့ G ဆိုတဲ့ ပုံလေးနဲ့ဆော့ဝဲလ်လေး ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ကထုတ်တဲ့ဖုန်းတချို့မှာတော့ Google ကိုအသုံးပြုလို့မရပါဘူးခင်ဗျ။
စိုက်ပျိုးရေးပဲဖြစ်ဖြစ် အခြားအကြောင်းအရာပဲဖြစ်ဖြစ် မိမိသိချင်တဲ့ စကားလုံးလေးကို စာလေးရိုက်လိုက်တာနဲ့ ဂူးဂဲလ်က ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိရဲ့ဖုန်းထဲကနေ သိချင်တဲ့ အကြောင်းအရာကို အလွယ်တကူ ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ ဂူးဂဲလ်ဟာ တစ်စက္ကန့်တိုင်းမှာ လူတွေရဲ့ ရှာဖွေမှုပေါင်း ၄၀,၀၀၀ ကျော်ကို ရှာဖွေဖော်ပြပေးနေပါတယ်။ တစ်နေ့လုံးဆိုရင်တော့ ရှာဖွေမှု သန်းပေါင်း ၃၅၀၀ ကျော် ရှာပေးနေတာ ဖြစ်ကြောင်း သိရပါတယ်။
အခုတော့ ဂူးဂဲလ်ဟာ ရှာဖွေရေးအင်ဂျင် သက်သက်မဟုတ်တော့ပါဘူး၊ ကြော်ငြာတွေတင်တဲ့နေရာ၊ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ လူတွေရဲ့ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူသိုမှီးနေတဲ့ နေရာကြီးတစ်ခု ဖြစ်နေပါပြီခင်ဗျ။ ဒီလောက်ဆိုရင် ဂူးဂဲလ် အကြောင်းကို သိရှိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဆိုင်ရာ ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု
Wikipedia
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကံထူး
လွန်ခဲ့သော ၅ နှစ် ကမတ်ပဲနှင့်ပဲတီစိမ်းဆောင်းပိုင်းကျရောက်တတ်သောမှိုရောဂါနှင့်ပက်သက်၍ဆေးနည်းများကိုတင်ပေးပါ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026