အရေပြားပြဿနာ...ဝဲ
ဒီလိုအချိန်ကာလကြီးမှာ ဝဲ ဆိုတဲ့ အရေပြားပြသနာကလည်း စိတ်ညစ်စရာပါ။ အကျဥ်းချုပ်ပြောရရင် အရေပြားကို လှေးကောင်သေးသေးလေးတွေ ကိုက်တာခံရပြီး သူတို့ဥတွေကနေမှတစ်ဆင့် ယားနာတွေ ဖြစ်တာမျိုးပါ။ အကောင်းဆုံးကတော့ ဆရာဝန်ဆီပြပြီး ဆေးကုသမှုခံယူသင့်တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်ခဲ့ရင် ကုသနိုင်မယ့် အိမ်တွင်းပစ္စည်းတွေကို ပြောပြပေးလိုက်ရပါတယ်။
၁။ လက်ဖက်စိမ်းဆီ
လူသိများတဲ့ essential oil တစ်မျိုးပါ။ ဝဲကုသရာမှာ ထိရောက်မှုရှိပါတယ်။
၂။ ရှားစောင်း
Smoothing gel ရယ်လို့ အသုံးများကြတဲ့ရှားစောင်းကို ဝဲအတွက်လည်း သုံးနိုင်ပါတယ်။ ဝဲကုသရာမှာသုံးတဲ့ Benzyl Bezonate လို့ခေါ်တဲ့ဆေးတစ်မျိုးနဲ့ အာနိသင်တူပါတယ်။
၃။ တမာဆီ
ပိုးသတ်နိုင်ပြီးရောင်ရမ်းမှုကို လျော့ချနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ ဝဲ ပေါက်စေတဲ့ လှေးကောင်လေးတွေကို သေစေလို့ အကျိုးသက်ရောက်မှုကောင်းတဲ့ အိမ်တွင်းဆေးတစ်မျိုးပါ။ (ခွေးလေးတွေမှာပေါက်တဲ့ ဝဲကိုကုချင်ရင် တမာဆီပါတဲ့ ရှန်ပူနဲ့ ၂ ပတ်ဆက်တိုက် ရေချိုးပေးခြင်းဖြင့် သိသာတဲ့သက်သာမှုကို ရရှိပါတယ်တဲ့)
၄။ လေးညှင်းဆီ Clove oil
လေ့လာမှုတစ်ခုမှာတော့ ယုန်တွေ ဝက်တွေမှာ ပေါက်တဲ့ဝဲကိုတော့ လေးညှင်းဆီက ကောင်းကောင်းနိုင်တယ်လို့ဆိုပါတယ်။ လူမှာပေါက်တဲ့ ဝဲကိုတော့ ထိရောက်မှုမရှိပါဘူးတဲ့။
၅။ Cayenne pepper
Cayenne pepper ဆိုတာကတော့ လွယ်လွယ်ပြောရရင် ငရုတ်မှုန့်ပါပဲ။ သက်သေပြထားတဲ့ အကျိုးသက်ရောက်မှုတွေမရှိပေမယ့် cayenne pepperက ဝဲ ကို ကုသနိုင်တယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ လေ့လာမှုတစ်ခုမှာတော့ Cayenne pepper ထဲမှာပါတဲ့ capsaicin ဓာတ်က ယားတာကို သက်သာစေတယ်လို့ ဆိုပါတယ်။
၆။ နနွင်း
နနွင်းကတော့ ဝဲကြောင့်ဖြစ်လာတဲ့လက္ခဏာတွေကို သက်သာစေတာပါ။ အရှင်းပျောက်ဖို့ဆိုရင်တော့ အခြားဆေးတွေ ထပ်လိုအုံးမှာပါ။
၇။ ဇင့် Zinc
ဇင့် က ဝဲကို တိုက်ရိုက်ကုသတာမျိုးတော့မဟုတ်ပါဘူး။ ဝဲကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အရေပြားပိုးဝင်တာတွေကို ကာကွယ်ပေးတာမျိုးပါ။
၈။ ရေနွေးနဲ့ အဝတ်လျှော်ပါ
အိမ်တွင်းပြုလုပ်နိုင်တဲ့ နောက်တစ်နည်းကတော့ ဝဲပေါက်ရာနေရာနဲ့ စပ်ဆက်ထိမိတဲ့ အဝတ်စ၊ အိပ်ယာ၊ အဝတ်အစား စတာတွေကို ရေနွေးနဲ့လျှော်ပါ။
၉။ အစွန်းချွတ်ဆေး
အဝတ်လျော်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်း ဝဲဆက်မပွားအောင် လုပ်နိုင်ပါတယ်။ အစွန်းချွတ်ဆေးကလည်း အိမ်သုံးပစ္စည်းတစ်မျိုးဖြစ်ပြီး လှေးကို ကောင်းကောင်းနိုင်ပါတယ်။ ပြင်းတဲ့ ဓာတုပစ္စည်းတွေဖြစ်လို့ အရေပြားကိုတိုက်ရိုက်မသုံးဘဲ အဝတ်လျှော်တဲ့အခါ သုံးလို့ရပါတယ်။
၁၀။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကလည်း ဝဲတွေကိုကုသနိုင်တယ်လို့ အများစုက လက်ခံထားကြပါတယ်။
ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူတာက အကောင်းဆုံးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိတဲ့အခါ ဒီနည်းလမ်းတွေထဲက အဆင်ပြေရာကိုအသုံးချရင်း ကုသနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။
ကိုအေလွင်
လွန်ခဲ့သော ၅ နှစ် ကအင်ပြင်ပေါက်ရင်ဘာဆေးလိမ်းရလဲဗျ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....