ဖုန်းထဲမှာမထားသင့်တဲ့ ဆော့ဝဲလ်များ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ ဖုန်းထဲမှာ မထားသင့်တဲ့ဆော့ဝဲလ်များအကြောင်း တောင်သူ ဦးလေး ဒေါ်လေးတို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
ဖုန်းတွေအသုံးပြုရာမှာ စွမ်းဆောင်ရည်ကောင်းမွန်ဖို့ လိုအပ်သလိုဖုန်းထဲမှာထည့်သွင်းထားတဲ့ ဆော့ဝဲလ်တွေဟာလည်း အလွန်အရေးကြီးပါတယ်။
၁။ အခမဲ့ ဂိမ်းများ
ဖုန်းသုံးရင်းနဲ့ အင်တာနက်ဖွင့်ထားတဲ့အခါမှာ အခမဲ့ဆော့လို့ရတဲ့ဂိမ်းတွေကို ဒေါင်းလုဒ်ဆွဲဖို့ အသိပေးတာမျိုးတွေရှိပါတယ်။ မိမိအနေနဲ့ ဒေါင်းလုဒ်ဆွဲပြီးရင်လည်း အခြားမလိုအပ်တဲ့ ကြော်ငြာတွေကို အဆက်မပြတ် ပြသပေးမှာမို့ ဖုန်းရဲ့ သိုလှောင်တဲ့နေရာမှာ မလိုအပ်ဘဲ ဒေတာတွေပြည့်နေတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။
၂။ အားအမြန်သွင်းနိုင်တဲ့ ဆော့ဝဲလ်များ
ဖုန်းသုံးတဲ့သူ အများစုဟာ ဖုန်းရဲ့ မူလစွမ်းဆောင်ရည်ထက် အားအမြန်သွင်းပေးတဲ့ ဆော့ဝဲလ်တွေကို ပိုသဘောကျကြပါတယ်။ အမှန်တကယ်တော့ မိမိထင်ထားသလို အားအမြန်သွင်းနိုင်တာထက် ဆိုးကျိုးတွေကသာပိုများပြီး ဖုန်းဘက်ထရီ စွမ်းဆောင်ရည်ကိုပါ ကျစေမှာ ဖြစ်ပါတယ်။
၃။ ဝိုင်ဖိုင်နဲ့ ပတ်သတ်တဲ့ ဆော့ဝဲလ်များ
အင်တာနက်အလကားသုံးနိုင်တဲ့ နေရာတွေမှာ ချိတ်ပြီးသုံးတာမျိုး၊ တခြားသူရဲ့ အင်တာနက်ကို ချိတ်ပြီးသုံးနိုင်တဲ့ ဆော့ဝဲလ်များကို ထည့်သွင်းထားခြင်းက မိမိရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို အခြားသူတွေက အလွယ်တကူရယူသွားနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။ ဒါကြောင့် အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဝိုင်ဖိုင်အလကားရတယ်ဆိုပြီး ချိတ်ဆက်မသုံးသင့်ပါဘူး။
၄။ တည်နေရာနဲ့ ပတ်သတ်တဲ့ ဆော့ဝဲလ်များ
ယနေ့ခေတ်မှာ မိမိရဲ့တည်နေရာနဲ့ တခြားသူတွေရဲ့တည်နေရာကို ခြေရာခံနိုင်ဖို့အတွက် တည်နေရာပြတဲ့ ဆော့ဝဲလ်တွေ အသုံးပြုလာကြပါတယ်။ သုံးမယ်ဆိုရင်လည်း Google (ဂူးဂဲလ်) ကထုတ်တဲ့ ဆော့ဝဲလ်များကိုသာ အသုံးပြုသင့်ပါတယ်။ အခြား ဆော့ဝဲလ်တွေဟာ မိမိရဲ့ ကိုယ်ရေး အချက်အလက်တွေကိုခိုးယူသွားနိုင်ပါတယ်။
၅။ ကိုယ်ရေးအချက်အလက်တောင်းတဲ့ ဆော့ဝဲလ်များ
အခုနောက်ပိုင်းမှာ ဆော့ဝဲလ်အများစုဟာ ကိုယ်ရေးအချက်အလက်တွေတောင်းတာမျိုးရှိပါတယ်။ ဖုန်းနံပါတ်၊ တည်နေရာနဲ့ အခြားအချက်အလက်တွေတောင်းတာမို့ မယုံကြည်ရဘူးဆိုရင် ငြင်းပယ်နိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ဆော့ဝဲများကိုသာ မိမိရဲ့ အချက်အလက်တွေ ပေးသင့်ပါတယ်။
၆။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Browser
မိမိဖုန်းဝယ်ကတည်းက ဖုန်းအမျိုးအစားအလိုက် ပါလာတဲ့ Browser ဟာလည်း သတိထားရမယ့် ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဆိုရင် Browser ကြောင့် လုံခြုံရေးဆိုင်ရာ ပြဿနာတွေတက်နေတာကြောင့် စိတ်ချရတဲ့ Browser မျိုးကိုသာ အသုံးပြုသင့်ပါတယ်။
Shwetody.com မှ ကိုးကားဖော်ပြပါသည်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
QR (ကျူအာ) ကုဒ်တွေကို ဖုန်းနဲ့ဘယ်လိုဖတ်မလဲ?
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026