တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးပါရှင့်။
ဒီတစ်ပတ်မေးခွန်းတွေကလည်း အရင်တစ်ပတ်နဲ့မတူ တမူထူးခြားပြီး စိတ်ဝင်းစားဖို့ ကောင်းနေပြန်ပါတော့တယ်။
၁။ မေး ( MZC) - အိမ်နားပတ်ပတ်လည်မှာ ကန္တာရပင်တွေရှိပါတယ်။ ဒီအပင်တွေကြောင့် ဘာစိုက်စိုက် မရှင်တာလို့ ပြောကြတယ်။ တကယ်လည်းအပင်စိုက်ရခက်ပါတယ်ခင်ဗျ။ ကန္တာရပင်ကြောင့်ဟုတ်ပါသလား။
ဖြေ ( ဒို့ဦးလေး) အပင်ကြီးပြီး အရိပ်ကျရောက်လို့ဖြစ်စေ အပင်စိုက်မည့်နေရာအထိ အမြစ်တွေ ယှက်ဖြာနေလျှင်ဖြစ်စေ အပင်စိုက်ခက်မှာ အမှန်ပါ။ ကန္တာရပင်နဲ့ ၈ - ၁၀ ပေ ကွာရင်တော့ ရနိုင်ပါတယ်။
ဆရာဖြေထားတဲ့ အဖြေလေးကလည်း ကောင်းသလို မေးခွန်းမေးထားတဲ့ တောင်သူကလည်း မေးခွန်းလေး မေးတတ်တယ်လို့ပဲ ဆိုရမှာပါ။
တစ်ခါတစ်လေမှာ ကျွန်မတို့က ဘာကြောင့်လဲဆိုတာကို သိပ္ပံနည်းကျ မသိဘဲ သူများက ဒီအပင်ကို မစိုက်သင့်ဘူး မစိုက်နဲ့ဆိုတာနဲ့ အသေစိတ်ဆွဲမှတ်ထားလေ့ရှိကြပါတယ်။ တစ်ခါတစ်လေ ယုန်ထင်ကြောင်ထင်နဲ့တောင်ဖြစ်နေသေးပေါ့။ ဒီလိုမေးခွန်းလေးမေးလိုက်မှ အော်....ဒါကြောင့်ကိုးလို့ မှတ်လိုက်ရတဲ့ အဖြေလေးတစ်ခုပါပဲ။
၂။ မေး (Mg Kyaw Zin Min Htet) - ပုံမှန်စိုက်ဘောင်ရဲ့မြေသြဇာထားနှုန်းသိချင်ပါတယ်ဗျ။
ဒီမေးခွန်းလေးကလည်း စနစ်တကျ အချိုးကျကျ စိုက်ပျိုးရေးလုပ်မဲ့ ဦးကြီးတို့အတွက် သိထားသင့်တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။
ဖြေ (ဒို့ဦးလေး) - တစ်ဧကအတွက် နွားချေး ၁၀-၁၂ တန်၊ ယူရီးယား ၂၂၄ ပေါင်၊ ဖော့စဖိတ် ၁၁၂ ပေါင် ပိုတက် ၁၁၂ ပေါင်လိုအပ်ပါတယ်။ တစ်ဘောင်စာအတွက်နှုန်းထားမှာ တစ်ဧက ဘယ်နှစ်ဘောင် ဆွဲမလဲ..အပေါ် တွက်ယူပါ။
၃။ မေး (Sai Nyi) - ယိုးဒယားသံပရာပင် အသီးမတင်ဘူး အပွင့်တော့တအားပွင့်တယ် ဘယ်လိုလုပ် ပေးရမလဲဗျ?
အပင်တွေက အပွင့်တော့ပွင့်တယ်။ အသီးမသီးတော့ ဘယ်လိုလုပ်ရမလဲ သိချင်တဲ့ အမျိုးတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ဖြေ (ဒို့ဦးလေး) - ကြက်ဥဂျူလင်စီပြုလုပ်သုံးပါ။

(ဦးသက်လွင်) - မြေအစိုဓာတ်ရရှိအောင် ရေပေးသွင်းပြီး အရည်အသွေးကောင်းမွန်သော ကွန်ပေါင်း မြေဩဇာ ၁၅း၇း၈, ၁၂း၇း၅, ၁၀း၁၀း၅, ၁၅း၁၅း၁၅ တို့အားကျွေးပါ။
၄။ မေး (ဝေဇင်ကျော်) - စပါးနှံမှာမှဲ့စွန်းတေပါတာဘာကြောင့်လဲ ရောဂါလား အာဟာရလား ပိုးလားဗျမသိလို့ဖြေပေးပါဦး။
ဖြေ (ဦးသက်လွင်) - ပိုး ဖြစ်ပါတယ်။
(ဒို့ဦးလေး) - စပါးနှံ မှာတုန်းကတည်းက နှံစုပ်ပိုး ကျခဲ့တဲ့ ဒဏ်ရာပါ။
အနှံတွေမှာ ဒဏ်ရာတွေမှာပါလာတာ မြင်ဖူးကြမှာပါ။ ဘာကြောင့်လဲ သိဖို့အတွက် ဒီမေးခွန်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
နောက်ဆုံးမေးခွန်းလေးကတော့ နီမတုတ်ဆိုတာ မြေတွင်းမှာရှိနေတဲ့ မမြင်ရတဲ့ မြေအောင်းပိုးမို့လို့ ခံနိုင်ရည်ရှိတဲ့ မျိုးဆိုတာမျိုးမရှိပါဘူးဆိုတာကို သိရှိဖို့အတွက်ပါ။ ဒါကြောင့် နီမတုတ်ကနေ ကာကွယ်ဖို့ဆို မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးသုံးပြီးစိုက်သင့်သလို မြေကိုသေချာပြင်ပြီးမှ စိုက်သင့်တာပါဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတယ်နော်။
၅။ မေး (ရဲထက်ကျော်) - နီမတုတ်ရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ နွေစပါးမျိူး နဲ့ မိုးစပါးမျိုးတွေရဲ့ အမည်လေးသိပါရစေ၊ ရန်ကုန်တိုင်းကပါ။
ဖြေ (ဦးသက်လွင်) နီမတုတ်ကျတတ်လျှင် မိမိမြေကို ပြင်ပြီးမှစိုက်ပါ။
နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာ အမေးအဖြေတွေနဲ့အတူပြန်လာခဲ့ပါ့မယ်။
သူများတွေသိချင်နေတာကို မေးမြန်းနေသလိုမျိုး တခြားဦးကြီးတွေလည်း ပို့စ်တင်မေးမြန်းလို့ ရပါကြောင်းနဲ့ ပညာရှင်ဆရာတွေလည်း ဖြေပေးဖို့ အသင့်စောင့်နေကြကြောင်း သတင်းကောင်းလေးပေးလိုက်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရန်ရှင်းအောင်း
လွန်ခဲ့သော ၃ နှစ် ကပီလောပီနံစိုက်ပျိုးချင်လို့ပါခဗျာ
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကဘာသိချင်တာလဲရှင့် အမေးအဖြေကဏ္ဍမှာမေးပေးပါနော်
ရန်ရှင်းအောင်း
လွန်ခဲ့သော ၃ နှစ် ကပီလောပီနံအကြောင်လေပြောပြပေးပါအုံးဆရာတို့
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....