တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၉.၈.၂၀၂၁ မှ ၁၃.၈.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ မြင့်တက်လာပါတယ်။ ကြိတ်ခွဲလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက်ကြောင့် ဆန်မဝင်တော့ပဲ မြင့်တက်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းဆန်ဈေးနှုန်းတွေငြိမ်နေတာ ၂လ နီးပါးရှိနေပြီး ကိုဗစ်ကြောင့် အနယ်နယ်အရပ်ရပ်မှ ကုန်စည်ဒိုင်များ ပိတ်ထားခဲ့ရတဲ့အချိန်မှစတင်ကာ ဈေးတွေတက်လာခဲ့တာလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဆန်ချောများဖြစ်တဲ့ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၂၅၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၄၇၀၀၀ ကနေ ၅၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးကတော့ တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၆၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ဆန်သီးထပ်ရှယ်က တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ငစိန်ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
လက်ရှိမှာတော့ နယ်ဈေးကွက်ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် ဈေးကမဖွင့်သေးသလို စပါးလက်ကျန်လည်းမရှိတဲ့အတွက် ငြိမ်နေပါတယ်။
ဆန်ဈေးတွေကတော့ ထပ်ပြီး တက်နိုင်ခြေရှိသေးတယ်လို့ ကုန်သည်များကသုံးသပ်ထားပြီး ဓာတ်မြေသြဇာဈေးမြင့်တက်လာမှုကြောင့် စိုက်စရိတ်တွေလည်းမြင့်လာမယ်လို့ တောင်သူတွေက ဆိုပါတယ်။
မတ်ပဲ
မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၃ သိန်းကျော်အထိ မြင့်တက်လာပါတယ်။ ပြည်တွင်း လက်ကျန်လျော့နည်းလာတဲ့အပြင် ငွေလဲလှယ်နှုန်းဈေးတွေလည်း မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။
ထို့ပြင် အိန္ဒိယနိုင်ငံမှာလည်း သိုလှောင်ခွင့်နဲ့ပတ်သတ်ပြီး ပြင်ဆင်ထုတ်ပြန်မှုကြောင့် အဝယ်လိုက်လာပြီး ဈေးတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဈေးတွေမြင့်တက်နေပေမယ့်လည်း ပဲတွေကတော့ တောင်သူလက်ထဲမှာ မရှိပါဘူး။
မတ်ပဲကတော့ လက်ရှိမှာ တစ်တင်းကို ၄သောင်းကျော်အထိ ပေါက်ဈေးရှိနေပေမယ့် ထပ်ပြီး တက်လာနိုင်သေးတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၃၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆ သောင်းကျော်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲက ပြီးခဲ့တဲ့ ၆ လအတွင်း တစ်တန်ကို ငွေကျပ် ၃ သိန်း ၅ သောင်းအထိ ဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း တစ်တန်ကို ၁၂ သိန်းအထိ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှုရှိနေပြီး ပြည်တွင်း လက်ကျန်မရှိတဲ့အတွက် ဈေးတွေက တက်နေခဲ့တာဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ ပဲမရှိတဲ့အတွက် ဈေးကတော့ လတ်တလော အတက်ဈေးနဲ့ပဲ ဈေးမာနိုင်ဦးမှာဖြစ်တယ်လို့ကုန်သည်အများစုက သုံးသပ်ထားပါတယ်။
နယ်ဈေးအများစု အရောင်းအဝယ်မရှိတဲ့အတွက် မတ်ပဲလောက် ဈေးအတက်အကျ အများကြီးမရှိတာကိုလည်း တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ပါက ၂ သောင်းကျပ်လောက်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ လောက် ဈေးတက်ပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲကတော့ လက်ရှိမှာ ဈေးအမြင့်ဆုံးရရှိနေတဲ့ ပဲ လည်းဖြစ်ပါတယ်။ ပြည်ပမှ တင်သွင်းမှုမရှိတဲ့အတွက် ပြည်တွင်းကုလားပဲတွေကိုသာ အသုံးချနေရတဲ့အတွက် ပြည်တွင်းကုလားပဲဈေးတွေက မြင့်တက်နေတာဖြစ်ပါတယ်။
ပြည်တွင်းလက်ကျန်ကလည်း ကုန်သည်များအကြားမှာသာရှိပြီး အသစ်ကလည်း လာမယ့် ၂၀၂၂ မှာသာ ထွက်မှာ ဖြစ်တဲ့အတွက် ဈေးတွေကဆက်ပြီး တက်နိုင်ဦးမယ်လို့ သုံးသပ်ထားပါတယ်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၉၅၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်တက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၁၆၅ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲခြမ်းကတော့ လက်ရှိမှာ ပဲခွဲစက်တွေလည်း ပိတ်ထားရတဲ့အတွက် ဈေးတွေက တစ်ပိဿာကို ၂၆၅၀ ကနေ ၂၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ နီးပါးဈေးတက်လာပါတယ်။
ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(HL) နဲ့ (ထိုင်ဝမ်) တစ်တင်းကို ၃၅၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပေါင်းတည်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၃၈၀၀၀၊ ကုလားပဲ 929 က ၃၉၀၀၀၊ ကုလားပဲ v2 က ၄၀၀၀၀ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပြီး တစ်တင်းကို အနည်းဆုံး ၃၀၀၀ မှ ၅၀၀၀ အထိ ဈေးတက်လာခဲ့ပါတယ်။
ပြည်ဈေးကွက်မှာတော့ ကုလားပဲ (Hl) ကတော့ တစ်တင်းကို ၃၉၅၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ(မြကြေးမုံ)ကတော့ တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။
စားတော်ပဲ
စားတော်ပဲ ကလည်း လက်ရှိမှာ အမြင့်ဆုံးဈေးရရှိနေပါတယ်။ ယခင်ပြည်ပကနေ စားတော်ပဲ(ကနေဒါ)များအဝင်ရှိခဲ့ပေမယ့် လက်ရှိအဝင်မရှိတော့တဲ့အတွက် ဈေးက ဈေးတက်နေတာ ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ပဲစားသုံးမှုကလည်း သိသိသာသာမြင့်တက်လာပြီး ဝယ်လိုအားမြင့်တက်လာတဲ့အတွက် အခုလို ဈေးတွေတက်လာတာဖြစ်ပါတယ်။
စားတော်ပဲက တစ်ပိဿာကို ၂၉၁၅ ကနေ ၃၂၅၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၃၅၀ ကျပ် ဈေးတက်လာတာဖြစ်ပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၉၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၄၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။
ပြည်ဈေးကွက်မှာတေ့ာ တစ်တင်းကို ၅၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်ကတော့ မရှိဘူးလို့ ဆိုပါတယ်။
ကုန်စည်ဒိုင် အများစုက ပိတ်ထားရသေးတဲ့အတွက်ကြောင့် အရောင်းအဝယ်ကလည်း ဖုန်းနဲ့သာ ကြိုက်ရောင်းကြိုက်ဝယ်အခြေအနေများသာ ဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026