တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၆.၉.၂၀၂၁ ) မှ (၁၀.၉.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေက ဆက်တိုက်ကို တက်နေပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြားတဲ့အတွက် ဈေးတက်နေတာဖြစ်ပါတယ်။
ရန်ကုန်ဝါးတန်းလမ်းဈေးကွက်မှာတော့ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၄၈၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ ဆန်ကြမ်းဈေးတွေက အနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြည်ပပို့ကုန်အဓိကဖြစ်တဲ့ ဧည့်မထဆန်တွေကလည်း ဈေးတက်လာပါတယ်။
ဧည့်မထဆန်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၅၀၀၀ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ဧည့်မထ ၂၅% က တစ်အိတ်ကို ၂၂၃၀၀ ကနေ ၂၂၈၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်၊ မြီးဒုံးဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၀၀၀ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ ဆန်သီးထပ်ကတော့ တစ်အိတ်ကို ၂၄၀၀၀ကနေ ၂၅၀၀၀ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ ပေါ်ဆန်း(ဆန်သား ၈၀)က တစ်အိတ်ကို ၄၃၇၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်၊ ပေါ်ဆန်း(ဆန်သား ၉၀)ကတော့ တစ်အိတ်ကို ၄၅၉၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်၊ ပေါ်ကျွဲ (ဆန်သား ၈၀)က တစ်အိတ်ကို ၃၅၆၀၀ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ပေါ်ကျွဲ(ဆန်သား ၉၀)ကတော့တစ်အိတ်ကို ၃၇၁၀၀ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ တစ်တန်ကို ၁၅ သိန်းနီးပါးရောက်ခါနီးအထိ ဈေးမြင့်တက်လာပါတယ်။ အိန္ဒိယရဲ့ ဝယ်ယူမှုမြင့်မားတဲ့အပြင် လက်ရှိ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်မှုကလည်း ပဲဈေးကို အမြင့်ဆုံးရောက်ရှိနေတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ စိုက်ခင်းတွေပျက်စီးပြီး ပဲအထွက်နည်းနိုင်မယ်လို့ခန့်မှန်းမှုတွေကြောင့် အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေးတွေက မြင့်တက်နေခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၄ သိန်း၈ သောင်း ၈ ထောင်အထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၈ သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၄၈၀၀၀အထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ နီးပါးထိ ဈေးမြင့်တက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၀၀၀၀ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ အောင်လံဈေးကွက်မှာတော့ ၄၇၀၀၀ ရှိပြီး ၃၀၀၀ ကျပ်၊ မော်လမြိုင်မှာတော့ တစ်တင်းကို ၄၉၀၀၀ ကျပ်ရှိပြီး ၄၀၀၀ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတွေထပ်ပြီး တက်လာပါတယ်။ ပဲစင်းငုံနီကလည်း တစ်တန်ကို ၁၄ သိန်းနားထိ ရောက်ခါနီးနေပါပြီ။ အဓိက အိန္ဒိယနိုင်ငံရဲ့ဝယ်လိုအားရှိနေသလို ပြည်တွင်းမှာလည်း လက်ကျန်မရှိတော့တဲ့အတွက် ဈေးတွေကမြင့်တက်နေတာဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်းဈေးကြောင့်လည်း ဈေးတွေက ဆက်တိုက်ကို မြင့်တက်နေခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့လိုအပ်ချက်ကြောင့် ပဲစင်းငုံနီက ထပ်ပြီးဈေးတက်နိုင်ခြေရှိသေးတယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၈ သောင်းထိ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၇ သောင်းနီးပါးအထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်အိတ်ကို ၁၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ကနေ ၄၃၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ နီးပါးဈေးတက်လာပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၃၀၀၀ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ အကျဈေးနဲ့ ပြီးခဲ့တဲ့ ၈ လ နီးပါးလုံးဈေးငြိမ်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဝယ်ရှိလာတဲ့အပြင် အသစ်တွေလည်း ဈေးတက်လာတာဖြစ်လို့ ဈေးတွေက တောက်လျှောက်တက်လာတာဖြစ်ပါတယ်။
နှမ်းနက်(စမုံ)က လက်ရှိပေါက်ဈေးက တစ်အိတ်ကို ၁၂၅၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိနေပြီး အက်စစ်လွတ် ရှယ်ကတော့ ဈေးအမြင့်ဆုံးရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပတ်အတွင်း တစ်အိတ်ကို ၁၅၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။
အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၇၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂၀၀၀၀ လောက်ဈေးတက်လာပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၅၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၀၀၀၀ ပေါက်ဈေးရှိပေမယ့် အရောင်းအဝယ်ကတော့ ရက်ခြားသာရှိပါတယ်။
ကြက်သွန်နီ
ဆက်တိုက်ဈေးကျဆင်းနေတဲ့ကြက်သွန်နီက လက်ရှိမှာ ပြည်တွင်းဝယ်ယူမှုကြောင့် ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ပြည်ပတင်ပို့ရောင်းချမှုကတော့ လတ်တလောမရှိသေးတဲ့အတွက်ကြောင့်ကြက်သွန်နီက ယခုထက် ဈေးအများကြီးတက်နိုင်ခြေမရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မြင်းခြံ၊ပခုက္ကူ)တို့က တစ်ပိဿာကို ၂၅၀ ကနေ ၅၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ ကြက်သွန်နီ(မြစ်သား) က တစ်ပိဿာကို ၄၇၀ ကနေ ၅၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀ လောက်ဈေးတက်လာပါတယ်။
အာလူး
အာလူးကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဝယ်ယူစုဆောင်းမှုတွေကြောင့် ဈေးတွေတက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၆၅၀ ကနေ ၁၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၉၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026