တစ်ပတ်တာအတွက် ဈေးကွက်သုံးသပ်ချက်
(၁၃.၁၂.၂၀၂၁) မှ (၁၇.၁၂.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ အသစ်ထွက်လာတဲ့ ဆန် နဲ့ စပါးတွေ ဈေးနှုန်းမြင့်တက်လာပါတယ်။ ပြည်ပတင်ပို့မှု ရှိနေတဲ့အပြင် အဟောင်းလက်ကျန်မရှိတော့တဲ့အတွက် အသစ်တွေကို ဝယ်ယူစုဆောင်းနေမှုတွေကြောင့် ဈေးတွေ တက်နေတယ်လို့လည်းသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အဟောင်းဆန် အများစု ဈေးငြိမ်နေပြီး အချို့ဆန်အဟောင်းတွေကတော့ ဈေးအနည်းငယ်တက်လာပါတယ်။
ဧည့်မထဆန် အဟောင်းက တစ်အိတ်ကို ၂၅၃၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရွှေဘိုပေါ်ဆန်းအဟောင်းကလည်း တစ်အိတ်ကို ၅၃၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၅၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်တက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၅၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ က ကို ၁၇၅၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၉၉၂၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၄၂၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။
ဖျာပုံမှာတော့ ပေါ်ဆန်းနဲ့ဧည့်မထအသစ်တွေ ထွက်လာပြီး ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၈၄၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထကတော့ တင်း ၁၀၀ ကို ၆၅၃၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၂၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၅၃၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို တစ်သိန်း နီးပါးဈေးကျဆင်းသွားပါတယ်။ မတ်ပဲ အသစ်တွေ ဈေးကွက်ထဲဝင်လာပြီဖြစ်လို့ ဈေးတွေကကျဆင်းလာတာဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ အသစ်တွေ ဆက်တိုက် ထွက်လာတော့မှာဖြစ်လို့ ကုန်သည်တွေက ပြန်လည်ထုတ်ရောင်းမှုတွေကြောင့် ဈေးက ပိုကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
အိန္ဒိယမှာလည်း မြန်မာ့မတ်ပဲဈေးက အကျဘက်ရောက်နေပြီး ဆက်တိုက်ကျဆင်းနေလို့ ပြည်တွင်း မတ်ပဲ ဈေးကလည်း ကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၂၉၉၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁ သိန်း ၃ သောင်းကျော် ကျဆင်းသွားပါတယ်။
မန္တလေးမှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၃၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်ဈေးကြားရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ နီးပါးခန့် ဈေးကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီ ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်သာ ကျဆင်းပါတယ်။ လက်ကျန်လည်း မရှိတော့ပဲ ထွက်လာတဲ့ အသစ်တွေကို ဝယ်ယူမှုများနေလို့ ဈေးက အရမ်းမကျဆင်းတာလဲ ဖြစ်ပါတယ်။ ဒေါ်လာဈေး အနည်းငယ်ကျဆင်းလာလို့ ဈေးက အနည်းငယ်ကျဆင်းတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီ ခွဲခြမ်းတွေကို ဝယ်ယူမှုများနေလို့ ဈေးကတက်နေတာလည်း ဖြစ်ပါတယ်။မိုးကြောင့် ပဲစင်းငုံနီတွေ အထွက်နောက်ကျနိုင်လို့ လက်ရှိပဲကုန်သည်တွေကဝယ်ယူနေပြီး ပဲစင်းငုံနီဈေးက မာနိုင်ဦးမယ်လို့ အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၁၁ သိန်း ၃ သောင်းကျော်ပေါက်ဈေးရှိပြိး တစ်တန်ကို ၄ သောင်းကျော် ဈေးကျဆင်းသွားပါတယ်။
မန္တလေးမှာတော့ ပဲစင်းငုံနီအသစ်တွေထွက်လာပြီး ဈေးကတော့ တစ်အိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိနေပါတယ်။
အောင်လံဈေးကွက်မှာတော့ ပဲစင်းငုံနီ အသစ်က တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲက ဆက်တိုက် ဈေးအတက်အကျ အနည်းငယ်ရှိနေပြီး အတန်ကြာဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ နယ်အချို့မှာ ကုလားပဲဈေးတွေက ပြန်တက်လာခဲ့ပါတယ်။ အသစ်တွေလည်း မကြာခင် ထွက်တော့မှာဖြစ်လို့ လက်ကျန်တွေက အရောင်းသွက်ပြီးဈေးအနည်းငယ်တက်လာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဈေးက တစ်ပိဿာကို ၁၉၁၅ ကနေ ၁၉၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၂၄၅၀ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (V2)က တစ်အိတ်ကို ၁၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀၊ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၁၂၀၀၀ ပေါက်ဈေးရှိပြီ းတစ်အိတ်ကို ၄၀၀၀ ကျပ်၊ကုလားပဲ(929) က တစ်အိတ်ကို ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ကုလားပဲ (v7)က တစ်အိတ်ကို ၁၂၇၀၀၀ ကနေ ၁၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၃၉၂၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ ကုလားပဲ (V2)က တစ်တင်းကို ၃၉၅၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ဘိုကိတ်ပဲ
ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက် ဈေးတက်နေတဲ့ ဘိုကိတ်ပဲကတော့ ဒီတစ်ပတ်မှာ အသစ်တွေ ထွက်လာပြီဖြစ်တဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဘိုကိတ်ပဲက တစ်ပိဿာကို ၁၈၅၀ ကနေ ၁၈၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေး ကျဆင်းလာပါတယ်။
မန္တလေးမှာတော့ ဘိုကိတ်ပဲအသစ်က တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၀၀၀၀နဲ့ဈေးစဖွင့်ပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကနေ ၃၆၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....