တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁၅.၁၁.၂၀၂၁) မှ (၁၉.၁၁.၂၀၂၁) ထိအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျက ရှိနေပေမယ့် ငွေကြေးဈေး အပြောင်းအလဲနဲ့ ဆက်စပ်နေတာ ဖြစ်လို့ သောင်းဂဏန်းလောက် အတက်အကျရှိနေခဲ့ပါတယ်။ ပဲဈေးကွက်အတွင်း လှုပ်ခတ်လောက်အောင်ထိ အပြောင်းအလဲမရှိသေးပဲ လက်ရှိ တစ်တန်ကို ၁၄ သိန်း ပတ်ချာလည် နဲ့ အတက်အကျရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ပဲတင်သွင်းခွင့်က ဒီဇင်ဘာလအထိတင်သွင်းခွင့်ရနေတာဖြစ်လို့ ရာသီဥတုမမှန်တဲ့ အိန္ဒိယရဲ့ အဝယ်က ဆက်ပြီးရှိလာဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
မတ်ပဲ(FOC)ဈေးက တစ်တန်ကို ဒေါ်လာ ၇၉၅ ကနေ ၈၁၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်ဈေးတက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၄ သိန်း ထိ တက်လာပေမယ့် ၂ ရက်အတွင်း ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပွဲတော်ရုံးပိတ်ရက်ဖြစ်လို့ ဈေးကလည်း မငြိမ်ပါဘူး။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂၀၀၀ ပေါက်ဈေးရှိနေပြီး ၃၀၀၀ လောက်ဈေး ကျဆင်းပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအပြောင်းအလဲမရှိပဲ ဈေးငြိမ်နေခဲ့ပါတယ်။ အတက်အကျကလည်း ထောင်ဂဏန်းလောက်သာ ရှိနေပါတယ်။
ပဲစင်းငုံနီ(FOC) ဈေးက တစ်တန်ကို ၆၅၅ ဒေါ်လာ ကနေ ၆၇၅ ပေါက်ဈေးရှိပြီး အပြောင်းအလဲမရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၆ သောင်း ခွဲ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်ကအတိုင်း ဈေးပြောင်းလဲမှုမရှိပါဘူး။
မန္တလေးမှာတော့လက်ရှိအချိန်ထိ ဈေးဖွင့်ခြင်းမရှိသေးပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။
ဈေးကတော့ဖွင့်ထားပေမယ့် ပစ္စည်းမရှိတော့တဲ့အတွက်ကြောင့် အရောင်းအဝယ်ကတော့ မရှိဘူးလို့ သိရပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပါတယ်။ နယ်ဈေးကွက်မှာလည်း ပစ္စည်းလက်ကျန်မရှိတဲ့အတွက်ကြောင့် မျိုးပဲတွေသာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးတွေက ငွေကြေးပြောင်းလဲမှုပေါ်မူတည်ပြီး အတက်အကျရှိနေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၉၆၅ မှ ၂၀၀၀ ပေါက်ဈေးရှိပြီး ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၁၆၅ မှ ၂၂၀၀ ပေါက်ဈေးရှိပြီး ၂ ပတ်ဆက်တိုက်ဈေးအပြောင်းအလဲမရှိပါဘူး။
မန္တလေးမှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၀၆၀၀၀ ကနေ ၁၀၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ(V2) ကတော့ ၁၂၀၀၀၀ ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ(V7)က တစ်အိတ်ကို ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲကြီး
ပဲကြီးကလည်း ရန်ကုန်ဈေးကွက်မှာငြိမ်နေပေမယ့် အဓိက အရောင်းအဝယ်ရှိနေတဲ့ မန္တလေးဈေးကွက်မှာ ဈေးတွေမြင့်လာပါတယ်။ ပွဲတော်ရက်ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းဝယ်ယူမှုက များနေပြီး ဈေးတက်နေတယ်လို့လည်းသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ကုန်း)က တစ်ပိဿာကို ၃၁၃၀ မှ ၃၃၀၅ ပေါက်ဈေးရှိပြီး ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၃၈၉၀ မှ ၃၉၈၅ ပေါက်ဈေးရှိကာ ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က သုံးတင်းဝင် တစ်အိတ်ကို ၁၈၀၀၀၀ ကနေ ၂၂၅၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ လောက်ထပ်ပြီးဈေးတက်လာခဲ့ပါတယ်။
ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၇၀၀၀၀ ပေါက်ဈေးရှိပြီး ပစ္စည်းလက်ကျန်လည်းမရှိတဲ့အတွက်ကြောင့် အတက်ဈေးနဲ့ပဲ ငြိမ်နေတယ်လို့သိရပါတယ်။
အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး အောင်လံမှာလည်းဈေးငြိမ်ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ပြီးကျဆင်းသွားပါတယ်။ လက်ရှိမှာ နွေကြက်သွန်တွေက ဈေးကွက်ထဲကို ဆက်တိုက်ဝင်နေပြီး ယခုဈေးထက်လျော့ကျသွားနိုင်တဲ့အတွက် တောင်သူတွေအများအပြား ရောင်းနေလို့ ဈေးတွေက ကျဆင်းသွားတယ်လို့သိရပါတယ်။
ဘဂ်လာဒေ့ရှ်ကို တင်သွင်းရောင်းချမှုကတော့ ပြီးခဲ့အပတ်က အရည်အသွေးကြောင့် ဈေးကွက်အတွင်း တန့်သွားပေမယ့် လက်ရှိမှာတော့ ပြန်လည်ဝယ်ယူနေတယ်လို့သိရပါတယ်။
ကုန်သည်တွေကတော့ လက်ရှိရောင်းချနေတဲ့ ကြက်သွန်နီတွေက နွေကြက်သွန်တွေဖြစ်ပြီး စိုက်စရိတ်ရှုံးတဲ့အတွက်ကြောင့် မိုးကြက်သွန်ကို စိုက်ပျိုးမှုလျော့ချလိုက်တဲ့အတွက် ဈေးကွက်အတွင်း ပစ္စည်းရှားပါးမှုတွေကြုံလာနိုင်ပြီး ဈေးတွေတက်လာနိုင်သေးတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၂၀၀ ကျပ်ကနေ ၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ထပ်ပြီးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၇၀ ကျပ်ကနေ ၇၅၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
su su khaing
လွန်ခဲ့သော ၄ နှစ် ကစမုံနက်စိုက်ပျိုးတဲ့ဒေသတွေသိချင်ပါတယ်
Htet Shine Aung
လွန်ခဲ့သော ၄ နှစ် ကဘာကြောင့်များ စျေးတွေတက်နေပါသလဲဗျာ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026