အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်ဘ်ဆိုက် (Website)  ဆိုတာဘာလဲ 

ဝက်ဘ်ဆိုက် (Website)  ဆိုတာဘာလဲ 

Green Way
Green Way • 30/11/2020

        “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အကောင့် ဟက်ခံရခြင်း အကြောင်း  မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဝက်ဘ်ဆိုက် (Website) အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

        တောင်သူ ဦးလေး ဒေါ်လေးတို့ ဝက်ဘ်ဆိုက် ဆိုတာကြားဖူးကြမယ် ထင်ပါတယ် ခင်ဗျ။ ပိုပြီး နားလည်သွားအောင် ရှင်းပြပေးသွားပါမယ် ခင်ဗျ။ 

         ဝက်ဘ်ဆိုက်ဆိုတာ နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ အင်တာနက်ပေါ်က နေရာလေးတစ်ခု ဖြစ်ပါတယ်။ Web Page (ဝက်ဘ်စာမျက်နှာတွေ)  တွေ စုစည်းထားတာကို Website (ဝက်ဘ်ဆိုက်) လို့ခေါ်ပါတယ်။ Website (ဝက်ဘ်ဆိုက်) တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် အင်တာနက်လိုင်း လိုအပ်ပါတယ်။ ယခုအချိန်မှာ အင်တာနက် သုံးစွဲသူ အရေအတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website (ဝက်ဘ်ဆိုက်)  တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ သူတွေအတွက် ဆိုင်ခန်းတစ်ခုကဲ့သို့၊ ဘဏ်လုပ်ငန်းများအတွက် ဘဏ်ခွဲတစ်ခုကဲ့သို့၊ အခြားသော လုပ်ငန်းများအတွက် ရုံးခန်းတစ်ခုကဲ့သို့ ၂၄နာရီ  ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေတဲ့ နေရာတစ်ခုနဲ့ တူပါတယ်။

        Website (ဝက်ဘ်ဆိုက်) တစ်ခုဟာ ရောင်းသူ ဝယ်သူတွေကြား ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့ နေရာဖြစ်ပါတယ်။ သွားရလာရတာ မရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လိုချင်တဲ့ သတင်းအချက်အလက်တွေကိုလည်း အလွယ်တကူ ရယူနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ အခုလောက်ဆိုရင် တောင်သူ ဦးလေး ဒေါ်လေးတို့လည်း ဝက်ဘ်ဆိုက် ဆိုတာလေးကို နားလည်သွားမယ် ထင်ပါတယ် ခင်ဗျ။ 

       ယခင်တစ်ပတ်က အကောင့် ဟက်ခံရခြင်း အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

အကောင့်ဟတ်ခံရခြင်း

https://www.ictdirectory.com.mm


        ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။