ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့အစားအစာ ၇ မျိုး
ကူးစက်ရောဂါဆိုတာက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ပါရာဆိုက်တွေကနေတဆင့် ကူးစက်ကပ်ငြိပြီး ဖြစ်ပွားတဲ့ရောဂါတွေပါ။ လက်ရှိကမ္ဘာတစ်လွှားမှာ ကပ်ဘေးအသွင်နဲ့ ပျံ့နှံ့နေတဲ့ COVID-19 ကနေစလို့ တုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးအဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောတွေဟာလည်း ကူးစက်ရောဂါအမျိုးအစားတွေပါပဲ။
တုပ်ကွေး၊ အဖျားစတဲ့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ အစားအသောက်ပျက်တာ၊ ချက်ခြင်းပြန်လည် အင်အားပြည့်ဖြိုးလာဖို့ အချိန်ကြန့်ကြာတာတွေ ရင်ဆိုင်ရတတ်ပါတယ်။
ဒီလို အခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုရင် လူ့ရဲ့ခန္ဓာကိုယ် ခုခံအားစနစ်ကို အားဖြည့်ပေးပြီး ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်ရောက်အောင် ကူညီပေးမယ့် အစားအစာမျိုးတွေကို မှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကနေ သက်သာကာစ လူနာတွေကို မြန်မြန်ပြန်ကောင်းအောင် တွန်းအားပေးတဲ့အစားအစာတွေဟာ နာလန်ထူကာစလူနာတွေအတွက်တော့ အလိုအပ်ဆုံးအရာတွေပါပဲ။
ဒါကြောင့် အစားအသောက် ပျက်တဲ့ဝေဒနာကို ရှောင်လွှဲကာ အရသာရှိရှိနဲ့ မှီဝဲစားသောက်ပြီး နာလန်ထလူနာကိုလည်း အလျင်အမြန် ထူထူထောင်ထောင်ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အစားအစာ ၇ မျိုးကို ဖော်ပြပေးချင်ပါတယ်။
အသားညှပ်ပေါင်မုန့်
အသားညှပ်ပေါင်မုန့်တွေဟာ အရသာရှိလှသလို ပရိုတိန်းဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ပေါင်မုန့်၊ အသီးအရွက်၊ အသားတွေနဲ့ ဖန်တီးထားတာမို့ အာဟာရပြည့်ဝသလို ကိုယ်နှစ်သက်ရာ အသား၊ အရသာမျိုးကို ရွေးချယ် စားသုံးလို့ရတာကလည်း နာလန်ထကာစလူနာတွေအတွက် အစားအသောက်ပျက်မှုပြဿနာကို ဖြေရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ ကြက်ဆင်သား အသားညှပ်ပေါင်မုန့်ကို အဓိက ရွေးချယ်စားသုံးဖို့ အကြံပေးထားကြပါတယ်။
သဘာဝသစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်တဲ့ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ အသင့်ဖျော် သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီမှုမရှိလှပါဘူး။ ကိုယ်နှစ်သက်ရာ သစ်သီးကို ရွေးချယ်ပြီး သဘာဝအတိုင်း ဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည်တွေကိုသာ မှီဝဲသင့်ပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို အလျှင်အမြန် recovery ဖြစ်စေဖို့လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။
ကြက်သားစွပ်ပြုတ်
ကြက်စွပ်ပြုတ်ဆိုရင် လူအတော်များများက လူမမာစာလို့ မြင်တတ်ကြပါတယ်။ တကယ်က ကြက်စွပ်ပြုတ်ကို ဖွယ်ဖွယ်ရာရာ အမယ်စုံစုံနဲ့ ပြုတ်ပြီးစားပေးရင် အရသာလည်း ရှိလှသလို နာလန်ပြန်ထတာ မြန်ဆန်အောင်လည်း အထောက်အကူပေးပါတယ်။ ကြိုက်တတ်လို့ ချင်းနဲ့ ကြက်သွန်ဖြူလေးပါ ထည့်ပြီး ပြုတ်စားမယ်ဆိုရင် ကိုယ်ခံအားနစ်ကိုလည်း မြှင့်တင်ပေးဦးမှာဖြစ်ပါတယ်။
လက်ဖက်ရည်ကြမ်း/ ရေနွေးကြမ်းပူပူ
လက်ဖက်စိမ်းပဲဖြစ်ဖြစ်၊ စံပယ်ရနံ့ လက်ဖက်ခြောက်ပဲဖြစ်ဖြစ်၊ အူလောင်းပဲဖြစ်ဖြစ်၊ လက်ဖက်နက်ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ လက်ဖက်ခြောက်အမျိုးအစားကို သုံးပြီး နေ့စဉ် ရေနွေးကြမ်းမှီဝဲပေးပါ။ ရေနွေးဟာ ကျန်းမာရေးနဲ့သင့်လျော်သလို လက်ဖက်ရွက်ကလည်း အန်တီအောင့်စီဒင့် antioxidants တွေ ကြွယ်ဝစွာပါဝင်နေတာမို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ရေနွေးကို မသောက်ခင် သံပုရာရည်တစ်ဇွန်းစာလောက်ခပ်ပြီး အနံ့ရှူရှိုက်ပေးတဲ့ အလေ့အထလေးလည်း လုပ်ကြည့်ပါ။ အသက်ရှူလမ်းကြောင်းကို ကောင်းမွန်သန့်စင်စေပြီး လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးကိုတော့ အစာပြေစာပဲဖြစ်ဖြစ်၊ မနက်ခင်း မနက်စာပဲဖြစ်ဖြစ်၊ ညစာအနေနဲ့ပဲဖြစ်ဖြစ် မှီဝဲပေးလို့ရပါတယ်။ ကြိုက်သလိုပုံစံမျိုးနဲ့ မှီဝဲစားသုံးပေးလို့ရပါတယ်။ အစာအိမ်နဲ့ အစာခြေဖျက်မှုစနစ်ကို အထောက်အကူပေးနိုင်ပြီးတော့ ဝမ်းသွားတာ၊ အန်တာနဲ့ ဗိုက်အောင့်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ပေါင်မုန့် မီးကင်
မနက်ခင်းမှာ မနက်စာအဖြစ် ပေါင်မုန့်မီးကင်လေး စားပေးတာကလည်း အဖျားသက်သာပြီး နာလန်ထကာစ လူနာတွေ အလျှင်အမြန်ပြန်သက်သာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကြက်သားပြုတ်လေးနဲ့ တွဲဖက်မှီဝဲတာမျိုး၊ ငှက်ပျောသီးနဲ့ တွဲဖက်စားသုံးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။ မလိုအပ်ပဲ ဗိုက်ဆာတာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အာဟာရဗေဒပညာရှင်တွေကတော့ ကူးစက်ရောဂါတွေကနေ နာလန်ထလာတဲ့ လူနာတွေအနေနဲ့ Whole-grain bread တွေကို ပိုမိုမှီဝဲစားသုံးပေသင့်တယ်လို့ လမ်းညွှန်ထားကြပါတယ်။
အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်တွေဟာ အဖျားဝေဒနာကနေ နာလန်ထကာစ လူနာအတွေအတွက် အထူးသင့်လျော်တဲ့ ဖြည့်စွက်စာတစ်မျိုးဖြစ်ပါတယ်။ အနက်ရောင်ချောကလက် (dark chocolate) မှာ theobromine လို့ ခေါ်တဲ့ antioxidant တစ်မျိုးကြွယ်ဝစွာပါဝင်နေပြီး ဒီဓာတ်ဟာ ချောင်းဆိုးဝေဒနာကိုလည်း သက်သာစေပါတယ်။
ဒါ့အပြင် ဂျင်းပြုတ်ရည်၊ လိမ္မော်သီး၊ ရိုးရိုးရေ၊ ဂရိဒိန်ချဉ်၊ ဘလူးဘယ်ရီ၊ ဂျင်ဆင်းလက်ဖက်ရည်၊ ခရမ်းချဉ်သီး၊ ဆာလ်မွန်ငါး၊ ပန်းဂေါ်ဖီစိမ်း၊ သံလွင်ဆီ၊ ကညွတ်၊ ဥအမျိုးမျိုးနဲ့ ပန်းသီးတွေကိုလည်း မှီဝဲပေးသင့်ပြီး အဆိုပါ အစားအစာတွေကလည်း ကူးစက်ဝေဒနာကနေ ပြန်လည်သက်သာလာတဲ့ နာလန်ထကာစလူနာတွေကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါတွေအပြင် အာဟာရပြည့်ဝလုံလောက်စွာ ထည့်သွင်းထုတ်လုပ်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကလည်း နလန်ထလူနာကို မြန်မြန်အားပြည့်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာ အသေအချာပါပဲ။
Hello ဆရာဝန် ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။
ဒေါ်ခင်စန်းရီ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026