အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၆-၈ လသားအရွယ်ကလေး၏ အစားအစာများကို ပိုမိုအာဟာရပြည့်ဝစေသည့် နည်းလမ်းများ

၆-၈ လသားအရွယ်ကလေး၏ အစားအစာများကို ပိုမိုအာဟာရပြည့်ဝစေသည့် နည်းလမ်းများ

Green Way
Green Way • 12/10/2022

ကလေးအတွက် အစားအစာများကို အင်အားဓာတ်ပိုမိုပြည့်ဝစေရန်နှင့် အာဟာရပိုမိုပြည့်ဝစေရန် နည်းလမ်း အမျိုးမျိုးဖြင့် ပြင်ဆင်နိုင်သည်။

ဆန်ပြုတ်

  • ဆန်ပြုတ်ကို ရေနည်းနည်းဖြင့် ပြင်ဆင်ပါ။ အရည်အရမ်းမကျဲသင့်ပါ။
  • ဆန်ပြုတ်ထဲတွင် မိခင်နို့ရည်ညှစ်၍ ထည့်ပါ။
  • နှမ်း၊ မြေပဲကဲ့သို့ အစေ့အဆန်မှရသော အနှစ်များနှင့် ရောပါ။
  • ဆီကို လက်ဖက်စားဇွန်းတစ်ဝက် ထည့်ပါ။
  • ဆန်ပြုတ်ထဲသို့ ကြက်ပြုတ်ရည်ကို ထည့်မည့်အစား အာဟာရပိုမိုပါဝင်သည့် ကြက်သားကို ချေပြီးထည့်ပါ။ ကြက်ဥ၊ ငါး သို့မဟုတ် ပဲစင်းငုံတို့ကိုလည်း ရောထည့်နိုင်သည်။

ဟင်းချို သို့မဟုတ် ဟင်းလျာတစ်မျိုးကို ချက်ပြုတ်လျှင်...

  • ဟင်းအရည်သောက်ကို ကလေးအားတိုက်မည့်အစား ပဲ၊ ဟင်းသီးဟင်းရွက်၊ ပဲပြား၊ အသားစသော ဟင်းချို သို့မဟုတ် ဟင်းလျာများမှ ဟင်းဖတ်အစိတ်အပိုင်းများကို ဆယ်ယူကာ ပျစ်ပျစ်နှစ်နှစ်ဖြစ်အောင် ချေ၍ ကလေးကို ကျွေးပါ။
  • ဟင်းချို သို့မဟုတ် ဟင်းလျာထဲသို့ ထောင်းထားသောပဲအမှုန့်များကို ထပ်ပေါင်းထည့်ပါ။
  • ဆီ လက်ဖက်စားဇွန်းတစ်ဝက်ကို ကလေး၏အစာထဲသို့ ထည့်ပါ။
  • ကလေးကောင်းမွန်စွာ ကြီးထွားနေသ၍ ကလေး၏အစာထဲသို့ အပိုဆီများကို ထပ်ထည့်ရန် မလိုကြောင်းမှတ်သားပါ။ သို့မှသာ မိခင် (သို့) ကလေးပြုစုစောင့်ရှောက်သူသည် ကလေးမည်မျှစားသုံးသည်ကို သိရှိနိုင်မည်ဖြစ်သည်။

ကလေးခြောက်လအရွယ် ဖြည့်စွက်စာ စကျွေးချိန်တွင် အစားအစာတစ်နပ်လျှင် ပျော့အိသွားသည်အထိ ကြိတ်ချေထားပြီး အတော်အသင့်ပျစ်သည့် အစားအစာ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း (သို့) သုံးဇွန်းသာ ပါဝင်လိမ့်မည်ဖြစ်သည်။

ခြောက်လမှ ရှစ်လကာလအတွင်း တစ်နပ်လျှင် ပါဝင်သောအစာပမာဏကို ၂၅၀ မီလီလီတာဆံ့ခွက် (သို့) ပန်းကန်လုံးတစ်ဝက် ပမာဏအထိ တစ်ဖြည်းဖြည်းတိုးမြှင့်သင့်ပြီး အစားအစာကိုလည်း တဖြည်းဖြည်း ပို၍ပျစ်သည့် အနေအထားသို့ တိုး၍ကျွေးနိုင်သည်။

အစာအသစ်သည် ကလေးနှင့်အဆင်ပြေနေသ၍ မည်သည့်အစာအသစ်ပြီးလျှင် မည်သည့်အစာအသစ်ကို မိတ်ဆက်ကျွေးရမည်ဆိုသည့် အစီအစဉ်သည် အရေးမကြီးပါ။

လျင်မြန်စွာကြီးထွားနေသည့် ဤအချိန်အခါတွင် သံဓာတ်လိုအပ်မှု ပိုမိများလာသည့်အတွက် ပထမဆုံးကျွေးသည့် အစာပျော့ပျော့တို့တွင် သံဓာတ်ကြွယ်ဝသော အစားအစာများ ပါဝင်နေရန် အရေးကြီးပါသည်။ မိခင်နို့၏ အနံ့အရသာသည် ကလေးအတွက်ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေသောကြောင့် အစာသစ်များတွင် မိခင်နို့ရည်ထည့်ပေးခြင်းအားဖြင့် ကလေးကို အစာသစ်များစားချင်စိတ်ဖြစ်ပေါ်ရန် ဆွဲဆောင်နိုင်သည်။

ပဲနီလေး၊ ဗီတာမင်အေကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များဖြစ်သော မုန်လာဥနီနှင့် ရွှေဖရုံသီး၊ ဒေသထွက် ဟင်းရွက်စိမ်းများဖြစ်သော ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ပဲစောင်းလျား၊ ပဲတောင့်ရှည်၊ မြင်းခွာရွက်၊ မုန်ညင်းရွက်၊ ဂေါ်ဖီရွက် စသည်တို့ကို ချက်ပြုတ်၍ချေပြီး မိခင်နို့ရည်အနည်းငယ်ထည့်ကာ ကျွေးမွေးနိုင်သည်။

ငှက်ပျောသီး၊ ထောပတ်သီး၊ သရက်သီးစသော သစ်သီးဝလံအမှည့်တို့ကိုလည်း မိတ်ဆက်ကျွေးမွေးနိုင်သည်။ ထိုသစ်သီးများသည် သဘာဝအတိုင်းသာချိုပြီး အရသာရှိသင့်ပါသည်။ အနံ့အရသာ ပိုမိုကောင်းမွန်စေသော သကြား၊ ပျားရည်၊ အမွှေးအကြိုင်၊ အပိုထည့်သောဆား စသည်တို့ကို ထည့်ရန် မလိုအပ်ပါ။

ဆန်ပြုတ်သီးသန့်သာ ကျွေးမည့်အစား ဆန်ပြုတ်ထဲသို့ အပိုဆောင်းအာဟာရများကိ ထပ်ပေါင်းထည့်နိုင်မည့် နည်းလမ်းများကို ရှာဖွေပါ။

အောက်ပါဇယားတွင် နမူနာအကြံပေးချက်အချို့ကို ကြည့်နိုင်ပါတယ်။

ပုံ - ၆-၈ လ ကလေးတစ်ယောက်အတွက် စားသောက်ဖွယ်စာရင်း နမူနာ

#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။