လောက်သေပင်ရဲ့ ဆေးဖက်ဝင်ပုံများ
မျိုးရင်း။ ။ Papilionaceae
ရုက္ခဗေဒအမည်။ ။ Desmodium triquetrum
အခေါ်အဝေါ်
မြန်မာအမည် - လောက်သေ
ပုံသဏ္ဌာန်
အပင် - ပင်ပျော့ပင်ငယ် သက်ပြင်းမျိုးဖြစ်သည်။ မှီတွယ်ရာမရှိသော နေရာများ၌ မြေပေါ်တွင် ဖြန့်တွားပေါက်၏။ အမြင့် ၅-၆ ပေခန့်မြင့်၏။ ပင်စည်သေးသွယ်ပြီး မွဲခြောက်ခြောက် အရောင်ရှိသည်။ အကိုင်းအခက်များ အညိုရောင်ရှိသည်။
အရွက် - ရွက်လွှဲထွက်၏။ လှံသွားပုံရှိ၏။ အလျား ၆လက်မ၊ အနံ ၂ လက်မခန့်ရှိ၏။ ရွက်ထိပ်ချွန်၏။ အပေါ်မျက်နှာပြင်ပေါ်တွင် သေးငယ်သော ဆူးလေးများရှိသည်။ ရွက်ညှာအတောင်ပါသည်။ ရွက်ညှာရင်းနားတွင် ရွက်စွယ် အဖတ်လေးများရှိ၏။
အပွင့် - အလွန်သေးငယ်၏။ နီရောင်သမ်းသော အညိုရောင် (သို့) မရန်းရောင်ရှိ၏။ နတ်တော်၊ ပြာသိုလများတွင် ပွင့်၏။
အသီး - သီးတောင့်ဖြစ်သည်။ ၁လက်မမျှ ရှည်၍ပြား၏။ အဆစ် ၆-၈ ထိရှိပြီး ပြောင်ချော၏။ သို့မဟုတ် အမွေးနုများရှိသည်။ တပေါင်း၊ တန်ခူးလများတွင် အသီးရင့်မှည့်သည်။
ပေါက်ရောက်သည့်ဒေသ - မြန်မာနိုင်ငံအောက်ပိုင်း စွတ်စိုသောဒေသများတွင် ပေါက်သည်။
ပေါက်ရောက်ပုံ - သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးပြုသည့်အစိတ်အပိုင်း - အမြစ်၊ အရွက်။

အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုအရ လောက်သေပင်သည် လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အသက်ကိုရှည်စေ၏။ ကာမကို အားပေး၏။ ရောဂါဖြစ်စေသော ပိုးများကို ပယ်တတ်၏။ အဆီကို တိုးပွားစေ၏။ အူတို့ကို တွန့်ရှုံ့စေတတ်၏။ အဖျားရောဂါ၊ အဖျားကြောင့် ဖြစ်သော စိတ်မသက်သာမှု၊ လေရောဂါ၊ မြင်းသရိုက်၊ ဖောရောင်ခြင်း၊ ပန်းနာချောင်းဆိုး၊ ရေငတ်နှင့် အန်ခြင်းတို့ကိုပျောက်စေနိုင်သည်။
အသုံးပြုပုံ
အမြစ် - ဆီးတွင် သွေးပါသောရောဂါအတွက် အမြစ်ကို ငရုတ်ကောင်းအနည်းငယ် ထည့်ကျိုပြီး ဆီးပြွန်ချောင်းမှ ၎င်းပြုတ်ဆေးကို ဖန်ပြွန်ပိုက် စသည်ဖြင့် သွေးပေးသော်ပျောက်၏။
အရွက်
(၁) အရွက် မနုမရင့်ကို ပြုတ်၍ သုပ်စားခြင်း၊ တို့စားခြင်းဖြင့် ဝမ်းကိုက်ရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်ရောဂါ ကလေးများ သန်ဝမ်းကိုက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ပျောက်၏။
(၂) အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးသော် ဆီးပူ၊ ဆီးအောင့်ရောဂါနှင့် အရေပြားရောဂါပျောက်၏။
(၃) ၎င်းအရွက်ကို အခြားသောဆေးပင်တို့နှင့် ပေါင်းစပ်၍ ဆီးရွှင်ဆေးအဖြစ် ဖော်စပ်သောက်သုံးနိုင်သည်။
(၄) လောက်သေရွက်နှင့် ထားဝယ်မှိုင်းရွက်ကို ရေနွေးဖြော၍ သုပ်စားသော်ဆီးပူ၊ ဆီးအောင့်၊ ဝမ်းကိုက်၊ သွေးဝမ်းသွား၊ သွေးမြင်းသရိုက်၊ မီးယပ်သွေးလွန်တို့ကို ရပ်တန့်စေသည်။
(၅) လောက်သေရွက်ခြောက်၊ ဖလံတောင်ဝှေးရွက်ခြောက်တို့ကို ဆတူအမှုန့်ပြု၍ အုန်းဆီနှင့်ဖျော်ပြီး နေပူပူတွင် လှန်း၍ အပေါ်ဆီအကြည်ကို နားတွင်းသို့ အစက်ချခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်းများပြုလုပ်ပါက နားပြည်ယို နားကိုက်ရောဂါများပျောက်၍ နားတွင်းရှိပိုးများကိုသေစေသည်။ လိမ်းဆေးအဖြစ်သုံးပါက ဝဲနာ၊ အနာစက်နာ၊ အနာမီးလျှံ၊ အိုင်းနာ၊ ဒက်နာများပျောက်၏။
(၆) လောက်သေရွက်၊ စံကားစိမ်းပွင့်ခြောက်တို့ကို နှမ်းဆီစစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီအဖြစ်သုံးပါက ခေါင်းကိုက်၊ ခေါင်းပူ၊ ဗောက်ထခြင်း၊ ယားခြင်း၊ သန်းပေါက်ခြင်းများပျောက်၍ ဦးနှောက်ကိုကြည်လင်လန်းဆန်းစေ၏။
(၇) လောက်သေရွက်နှင့် ဆောက်ပြာရွက် ၂မျိုးကို ပြုတ်၍ ရေနွေးနွေးဖြင့် မီးဖွားပြီးနောက် မိခင်ကိုလည်းကောင်း၊ ကလေးကိုလည်းကောင်း ချိုးပေးပါက ကျဗဟုံးရောဂါ၊ မွေးကတည်းကပါလာတတ်သော သူငယ်နာမျိုးစုံ၊ အကြောတတ်၊ အကြောကပ်ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ်သော ရောဂါများကိုကာကွယ်နိုင်၏။
(၈) လောက်သေရွက်ကို ကိုယ်ပူချွဲထ၊ အညှော်ဝင်၊ ချောင်းဆိုး၊ နှာစေး၊ နှာပိတ်ရောဂါအတွက်လည်း ဆေးဖော်စပ်သုံးနိုင်သည်။
(၉) လောက်သေရွက်၊ ရေခရာရွက်၊ နနွင်းရိုးရိုးအရွက် ဆတူအကျွမ်းလှော်၍ နှမ်းဆီတွင်ဖျော်လိမ်းပါက ကလေးများချက်ကြိုးချက်တိုင် ကိုက်ခြင်းပျောက်၍ ချက်ကြိုးကြွေလွယ်၏။ နို့ချောင်းပိတ်၊ နို့နာ၊ နို့ပျဉ်းထသော မိခင်များကို လိမ်းပေးက လျင်မြန်စွာသက်သာပျောက်ကင်းစေ၏။
(၁၀) ကလေးများ အနာစက်၊ ဝဲစို၊ အိုင်းနာကို လောက်သေရွက် အကျွမ်းလှော၍ ရေနံကြီးစစ်စစ်နှင့် လူးလျှင်ပျောက်၏။
(၁၁) ကျွဲ၊ နွားများအနာပေါက်၍ လောက်ကောင်များကျခြင်း၊ ငပိအိုးတွင်လောက်ကောင်များကျခြင်းအတွက် ၎င်းလောက်သေရွက်ကို ထောင်း၍အမှုန့်ဖြူးပေးသော် လောက်များသေကြေပျက်စီးပြီး အနာများကိုလည်း အသားနုတက်၍ ကျက်စေ၏။
(၁၂) စအိုမျှော့ဝင်သော ရောဂါအတွက် လောက်သေရွက်၊ ကြွက်နားပေါင်းရွက်၊ ကြက်မွှေး ၎င်း၃ပါး ဆတူစု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်းသကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီးအခိုးငွေ့များ အခြားသို့မထွက်နိုင်ရန် ခါးအောက်ပိုင်းနှင့် အိုးကိုပါ အဝတ်ထူထူရစ်ပတ်၍ အငွေ့မှိုင်းခံပါက မျှော့များအကောင်လိုက်သော်လည်းကောင်း၊ ကြွေပြုတ်၍ သော်လည်းကောင်း ကျလာစေ၏။ လောက်သေရွက်နှင့် ကြွက်နားပေါင်းဆတူပြုတ်၍ လက်ဖက်ရည်ကြမ်းပန်းကန်လုံးနှင့် ခပ်ပူပူသောက်ပေးရ၏။
( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
Khin Thanda Min
လွန်ခဲ့သော ၂ နှစ် ကအပင်မျိုးစေ့ကနေပျိုးနည်း သိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....