အစိမ်းလုံးဝမစားသင့်တဲ့ မီးဖိုချောင်ထဲက အစားအစာ (၆)မျိုး
အချို့အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေက အစိမ်းစားရင်ကောင်းမွန်သလို အချို့အစားအစာတွေကတော့ ဘတ်တီးရီးယားပိုးတွေ သေစေဖို့အတွက် ချက်ပြီးတော့မှ စားသုံးရပါတယ်။ သို့သော်လည်း လူအများကတော့ ထိုအရာကိုမသိဘဲ စိတ်တိုင်းကျ စားသုံးနေကြပါတယ်။
အချို့အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေက အစိမ်းစားရင်ကောင်းမွန်သလို အချို့အစားအစာတွေကတော့ ဘတ်တီးရီးယားပိုးတွေ သေစေဖို့အတွက် ချက်ပြီးတော့မှ စားသုံးရပါတယ်။ သို့သော်လည်း လူအများကတော့ ထိုအရာကိုမသိဘဲ စိတ်တိုင်းကျ စားသုံးနေကြပါတယ်။
၁။ အာလူး

အာလူးကို ပြုတ်၊ ဖုတ်၊ ကြော်၊ ထောင်း အမျိုးမျိုးလုပ်စားနိုင်ပေမယ့်လည်း အစိမ်းတော့လုံးဝမစားသင့်ပါဘူး။ မြေကြီးထဲမှာ ပေါက်တဲ့အမျိုးအနွယ်ဖြစ်ပြီး အဆိပ်အတောက်တွေနဲ့ အများဆုံးထိတွေ့နေရပါတယ်။ ကစီဓာတ်လည်း ပါဝင်မှုမြင့်မားလို့ အစာခြေဖျက်ရာမှာခက်ခဲနိုင်ပေမယ့် ချက်လိုက်တဲ့အခါမှာတော့ အရသာလည်းပိုရှိပြီး အစာခြေလည်းလွယ်ကူသွားပါတယ်။
၂။ ဒေါက်ခွရွက်

ဒေါက်ခွရွက်နှင့် အခြားအစိမ်းရောင်အရွက်တွေဟာ တောတွေ၊ လယ်တွေထဲမှာ ပေါက်တဲ့အတွက် ပိုးကောင်တွေ၊ ဘတ်တီးရီးယားတွေပါဝင်နိုင်ပြီး ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Salads တွေထဲမှာ အစိမ်းလိုက်ထည့်စားတာထက် ပြုတ် သို့မဟုတ် ကြော်ပြီးမှ စားတာက အကောင်းဆုံးပါ။
၃။ ခရမ်းချဥ်သီး

ဆန်းဒဝှစ်ချ် သို့မဟုတ် Salads တွေမှာ အပေါ်ယံထည့်သွင်းပြီး စားတဲ့အခါမှာ အလွန်အရသာရှိပါတယ်။ ချက်ပြီးသား ခရမ်းချဉ်သီးတွေမှာပါဝင်တဲ့ Lycopene က အစိမ်းထက် ခန္ဓာကိုယ်ကပိုပြီးစုပ်ယူနိုင်ပါတယ်။
၄။ မုန်လာဥနီ

အာလူးများနည်းတူ မုန်လာဥနီများသည်လည်း မြေကြီးထဲတွင်စိုက်ပျိုးရသည့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများပါတယ်။ ချက်ပြီးမှစားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းကို ဗီတာမင်အေပြောင်းလဲပေးနိုင်တဲ့ Beta-carotene ကို ပိုမိုထုတ်လွှတ်ပေးလို့ မျက်လုံးနှင့်ကိုယ်ခံအားအတွက် အထူးကောင်းမွန်ပါတယ်။
၅။ မှိုများ

ပုံမှန်အားဖြင့် အစိမ်းစားကြပေမယ့်လည်း မာကျောတဲ့အပြင်သားရှိလို့ အစာခြေရခက်ခဲစေပါတယ်။ ချက်ပြုတ်လိုက်တဲ့အခါ ထိုအသားများကို ဖြိုခွဲပစ်လိုက်ရုံသာမက ပါဝင်သမျှ အာဟာရဓာတ်တွေအကုန်လုံးကို ထုတ်လွှတ်ရန် ကူညီပေးပါတယ်။
၆။ ဂေါ်ဖီပန်းပွင့်

အများစုက အစိမ်းအနေနဲ့စားရတာကို ကြိုက်ကြပေမယ့်လည်း ပုံမှန်အနေအထားမှာဆိုရင် အစာခြေဖျက်ရအလွန်ခက်ခဲပါတယ်။ အခြားဟင်းသီးဟင်းရွက်များလိုပဲ ကျန်းမာရေးကိုအထောက်အကူဖြစ်စေပြီး အသည်းကိုဆေးကြောပေးတဲ့ အန်ဇိုင်းပါဝင်လို့ အစာခြေဖျက်မှုကို ချောမွေ့စေပါတယ်။
MyFood Myanmar website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....