သံဓာတ်ချို့တဲ့ခြင်း ဆိုးကျိုးများနှင့် သံဓာတ်ကြွယ်ဝသော အစာများ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ပျိုရွယ်သူများနှင့် ကလေးငယ်များအတွက် အရေးကြီးသော အနည်းလိုအာဟာရ ဖြစ်သည်။ သံဓာတ်သည် သဘာဝအားဖြင့် အစာအမြောက်အမြားတွင် ပါရှိပြီး အချို့သောအစာများတွင် ထည့်သွင်းပြုလုပ်ထားလေ့ရှိသည်။
သံဓာတ်သည် ကျန်းမာသော သွေးများ၊ ကြွက်သားများနှင့် ဦးနှောက်တို့ ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အရေးပါသည်။ သံဓာတ်ချို့တဲ့ပါက သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။
သို့သော် သံဓာတ်နည်းပါးခြင်းသည် သွေးအားနည်း ရောဂါဖြစ်စေနိုင်သည်သာမက အခြားသောအကြောင်း အရာများလည်း ရှိသည်။ မိခင်၏သိုလှောင်ထားသော သံဓာတ်သည် မိခင်နို့မှ အနည်းငယ်သာ ဖြတ်လေ့ရှိသောကြောင့် ကလေးအတွက် အသုံးမပြုနိုင်ပေ။
မိခင်တွင် သံဓာတ်ပမာဏသည် မွေးပြီး ၆ ပတ်အတွင်း အနည်းငယ်လျော့နည်းသွားသော်လည်း မိခင်မှ သံဓာတ်များကို သိုလှောင်ခြင်းနည်းပါးပြီး ပြန်လည်ထိန်းညှိရန် အချို့သောအခြေအနေများဖြစ်သည့် ကလေးမွေးဖွားရာတွင် သွေးဆင်းများခြင်း (သို့မဟုတ်) မိခင်မှ လုံလောက်စွာ နေ့စဉ်မစားသောက်ခြင်းတို့ကြောင့်သိုလှောင်ထားမှုမှာလည်း ကျဆင်းလာသည်။
သံဓာတ်အားနည်းသော မိခင်များသည် မောပန်းလွယ်ခြင်း၊ ပင်ပန်းခြင်း၊ မူးဝေခြင်း၊ ခေါင်းအုံခြင်းနှင့် စိတ်ကျခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ကလေးစောင့်ရှောက်မှုကို ထိခိုက်စေနိုင်ပါသည်။
သံဓာတ်၏အသုံးဝင်ပုံ
သံဓာတ်သည် သတ္ထုတစ်မျိုးဖြစ်ပြီး အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်သျှူးများနှင့် ကြွက်သားများသို့ သယ်ဆောင်ရာတွင် အထောက်အပံ့ပေးသည့် သွေးနီဆဲလ်များ (ဟေမိုဂလိုဘင်)၏ အရေးပါသောအရာတစ်ခု ဖြစ်သည်။ ပုံမှန်ဆဲလ်လုပ်ငန်းဆောင်တာများနှင့် ဖွံ့ဖြိုးကြီးထွားရန်အတွက် မရှိမဖြစ် အရေးပါသည်။
ချို့တဲ့ခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများ
- ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သန္ဓေသား၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သွေးနီဥထုတ်လုပ်မှု တိုးလာခြင်းကြောင့် အမျိုးသမီးများ၏ သံဓာတ်ပမာဏလိုအပ်မှု တိုးလာသည်။
- ကိုယ်ဝန်ဆောင်ကာလအတွင်း သံဓာတ်ချို့တဲ့မှုသည် သွေးအားနည်းရောဂါဖြစ်စေပြီး မိခင်နှင့် မွေးကင်းစကလေး သေဆုံးခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်းနှင့် ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းစသည့် အန္တရာယ်များ တိုးပွားစေသည်။
- သံဓါတ်လုံလောက်စွာ မရရှိပါက မိခင်၏ကျန်းမာရေးကို ထိခိုက်နိုင်သည်။
ချို့တဲ့ခြင်းမှ ရှောင်ကြဉ်ရန်
- အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်လုံးတွင် သံဓာတ်ဖောလစ်အက်ဆစ် ဆေးပြားများကို သောက်သုံးရန် လိုအပ်ပြီး မီးဖွားပြီးသည့်အခါတွင်လည်း ဟေမိုဂလိုဘင် အပိုထုတ်လုပ်ရန် သံဓာတ်လိုအပ်ချက် တိုးလာခြင်းကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမဖြစ်စေရန် သောက်သုံးရန် လိုအပ်သည်။
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ကို ထောက်ပံ့ပေးပြီး သံဓာတ်ကြွယ်ဝသော အစားအစာများကို စားခြင်းနှင့် ပတ်သက်၍လည်း ပညာပေးလေ့ရှိသည်။
သံဓာတ်ကြွယ်ဝသော အစာများ

- သံဓာတ်အတွက် အကောင်းဆုံးရင်းမြစ်များမှာ အမဲသား၊ ဝက်သား၊ ကြက်သားနှင့် ငါး စသည်တို့ အပါအဝင် ကြယ် ၁ ပွင့်ဝင် အစားအစာများဖြစ်သည်။*
- ခန္ဓာကိုယ်အတွက် ဤအစားအစာများမှ သံဓာတ်စုပ်ယူရန် အလွယ်အကူဆုံး ဖြစ်သည်။
- သံဓာတ်ရရှိနိုင်သည့် အခြားရင်းမြစ်များတွင် ကြယ် ၂ ပွင့် အစားအစာအုပ်စုမှ သံဓာတ် အားဖြည့်ထားသော အစေ့အဆန်ထုတ်ကုန်များ၊ ကြယ် ၃ ပွင့် အစားအစာအုပ်စုမှ အခွံမာအသီးများ၊ ပဲမျိုးစုံနှင့် ကြယ် ၄ ပွင့် အစားအစာအုပ်စုမှ အစိမ်းရင့်ရောင်ဟင်းရွက်များစသည်တို့ ပါဝင်သည်။
ကြယ်ပွင့်အစားအစာများအကြောင်းသိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)
#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....