ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် အစာအုပ်စု စုံလင်စွာစားသုံးရန် အရေးကြီးသည်သာမက စား သုံးသည့် အစားအစာအရည်အသွေးနှင့် အမျိုးအမည်သည်လည်း အရေးကြီးပေသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များနှင့် အသက် (၆) လနှင့်အထက်ကလေးများ အနေဖြင့် စားသည့်အစာနပ်တိုင်းတွင် အာဟာရပြည့်ဝပြီး ညီညွတ်မျှတသော အစားအစာတစ်ခုဖြစ်စေရန် အရေးကြီးသည်။
ယင်းအတွက် စားပေးသင့်သည်များထဲမှ ကြယ်တစ်ပွင့်နှင့် ကြယ်နှစ်ပွင့် အစားအစာများကို အပိုင်း (၁) တွင် ဖော်ပြပေးခဲ့ပြီးဖြစ်ပါသည်။
အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/food_for_pregnant_women_and_mother
ယခု အပိုင်း (၂) တွင် ကြယ်သုံးပွင့်အစားအစာများနှင့် ကြယ်လေးပွင့်အစားအစာများအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။
ကြယ်သုံးပွင့် *** (တတိယကြယ်ပွင့်)
အပင်မှရသော အသားဓာတ်ပါဝင်သောအစားအစာ (ကိုယ်ခန္ဓာကြီးထွားစေသည့်အစားအစာများ)
ပဲစေ့၊ ပဲနီလေး၊ ပဲပိစပ်(တို့ဟူး) စသည့် ပဲစေ့များ၊ ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် နေကြာစေ့ စသည့် အစေ့အဆန်များ။
ပဲများသည် ကိုယ်ဝန်ဆောင်ကာလတွင် ခန္ဓာကိုယ်မှ ပိုမိုလိုအပ်သော အပင်အခြေခံ အမျှင်ဓာတ်၊ အသား၊ သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် ဖော့လိတ်ဓာတ်များ အားလုံး၏ ရင်းမြစ်ကောင်းများဖြစ်သည်။
ဖော့လိတ်ဓာတ် (B9) သည် ဗီတာမင်ဘီအုပ်စုများထဲမှ တစ်ခုဖြစ်သည်။ ထိုဖော့လိတ်ဓာတ်သည် ကိုယ်ဝန်ပထမသုံးလတာကာလအတွင်း မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။ အထူးသဖြင့် ကိုယ်ဝန်ပထမသုံးလတာကာလအတွင်း ဖော့လိတ်ဓာတ်ချို့တဲ့လျှင် သန္ဓေသား၏ ဦးခေါင်းခွံနှင့် ဦးနှောက်တို့မှာ ပုံသဏ္ဍာန်မမှန်သော ဖွံ့ဖြိုးမှုကို ဖြစ်စေခြင်းနှင့် ပေါင်မပြည့်သည့်ကလေးမွေးဖွားခြင်းအန္တရာယ်ပိုမိုတိုးလာစေခြင်း စသည်တို့နှင့် ဆက်နွှယ်နေသည်။
(ကုလားပဲလက်တစ်ဆုပ်စာသည် နေ့စဉ်လိုအပ်သော ဖော့လိတ်ပမာဏ၏ ၆၅-၉၀ ရာခိုင်နှုန်းကို ပေးနိုင်သည်)
ကြယ်လေးပွင့်**** (စတုတ္ထကြယ်ပွင့်)
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ (ရောဂါကာကွယ်စေသည့် အစားအစာများ)

သရက်သီး၊ သင်္ဘောသီး၊ ပင်မှည့်သီး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ချဉ်ပေါင်ရွက်၊ ကိုက်လန်၊ သခွားသီးနှင့် အခြားသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစွာ။
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် အရောင်အသွေးစုံလင်သည်။ ကလေးငယ်၏ ပထမရက် ၁၀၀၀ အတွင်းတွင် အဝါရောင်၊ လိမ္မော်ရောင်နှင့် အစိမ်းရင့်ရောင်ရှိသည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးရန် အထူးအရေးကြီးသည်။
ထိုအသီးအရွက်များတွင် မိခင်နှင့်ရင်သွေးတို့၏ ကျန်းမာသောအသားအရေ၊ အမြှေးပါးများ၊ ကိုယ်ခံစွမ်းအားစနစ်၊ မျက်လုံးကျန်းမာရေးနှင့် အမြင်အာရုံကောင်းမွန်မှုတို့အတွက် မရှိမဖြစ် လိုအပ်သော ဗီတာမင်အေ တို့ ကြွယ်ဝစွာပါဝင်သည်။ ဘီတာကယ်ရိုတင်းသည် လိမ္မော်နီရောင်အဆင်းရှိပြီး သရက်သီးများနှင့် မုန်လာဥနီကဲ့သို့သော အဝါရောင်နှင့် လိမ္မော်ရောင်အပင်များနှင့် သစ်သီးများတွင် တွေ့ရသည်။
မွေးပြီး ၂ ရက်အတွင်းထွက်သည့် မိခင်နို့(နို့ဦးရည်) တွင် ဗီတာမင်အေ များစွာပါဝင်သည်။ ဘီတာကယ်ရိုတင်းသည် အဝါရောင်နှင့် လိမ္မော်ရောင်ရှိ အသီးများဖြစ်သော သရက်သီးနှင့် မုန်လာဥနီများတွင်ရှိသော အနီရောင်ချယ်ဖြစ်သည်။ ဘီတာကယ်ရိုတင်းကို ခန္ဓာကိုယ်အတွင်းတွင် ဗီတာမင်အေအဖြစ် ပြောင်းလဲလိုက်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဗီတာမင်အေရရှိမှု ၁၀-၄၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရရှိသင့်ကြောင်း အကြံပြုထားသည်။
ရွှေဖရုံသီးများသည် အကောင်းဆုံး ဘီတာကယ်ရိုတင်းဓာတ် ရင်းမြစ်တစ်ခုဖြစ်သည်။
ရွှေဖရုံသီး စားသုံးခြင်းသည် နေ့စဉ် ဗီတာမင်-အေ လိုအပ်ချက်ပမာဏအားလုံးကို ဖြည့်ဆည်းနိုင်လိမ့်မည်။ ရွှေဖရုံသီးတွင် ဗိုက်ပြည့်လွယ်စေသည့် အမျှင်ဓာတ်လည်းပါဝင်ကာ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပြီး အစာကြေလွယ်စေသည်။
ကိုက်လန်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်နှင့်ချဉ်ပေါင် စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များတွင် ဗီတာမင်-အေ၊ သံဓာတ်၊ ဖော့လိတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်နှင့် ဗီတာမင်-စီ စသည့် အာဟာရဓာတ်များ ပါဝင်သည်။
ဤအာဟာရဓာတ်များသည် ပေါင်မပြည့်သည့်ကလေးမွေးဖွားမှုနှုန်း လျော့နည်းစေသည်။ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဤအသီးအရွက်များ စားသုံးခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ခံစားရလေ့ရှိသည့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။
(ကြယ်လေးပွင့်ပါသော အစားအစာများအားလုံးတွင် အသားဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ် စသည့် အများလိုအာဟာရ ၃ မျိုး ပါဝင်သည်။ ထိုအစားအစာများတွင် အနည်းလိုအာဟာရဓာတ်များလည်း ပါဝင်သည်။ ထိုအနည်းလိုအာဟာရများမှာ လူသားများ အနည်းငယ်သာလိုအပ်သော ဗီတာမင် သို့မဟုတ် သတ္တုဓာတ်များဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ၎င်းတို့ကို မှော်ဆန်သော အရာများဟု ခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်ပါသည်။)
#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026