ထူးခြားသော ဆေးဖက်ဝင်အာနိသင် ဆီးဖြူသီးပင်
ဆီးဖြူသီးမှာ ဗီတာမင်စီဓာတ်၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စဖောရပ်ဓာတ်နှင့် ပက်တင်ဓာတ်များ ကြွယ်ဝစွာပါဝင် ကာ ပန်းသီးထက်ပရိုတိန်းဓာတ်ပါဝင်မှု သုံးဆနှင့် အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်စီ ဓာတ်) ပါဝင်မှုတွင် ပန်းသီးထက် အဆ ၁၆၀ ပါဝင်သည်ဟု ဖော်ပြကြပါတယ်။ တခြားသတ္ထုဓာတ်များနှင့် အမိုင်နိုအက် ဆစ်ဓာတ်များ ပါဝင်မှုမှာလည်း ပန်းသီးထက်များသည်ဟု ဆိုကြပါတယ်။ အသီးအလေးချိန် ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရ ဓာတ်များမှာ ရေ ၈၁.၂ ရာခိုင်နှုန်း၊ ပရိုတိန်းဓာတ် ၀.၅ ရာခိုင်နှုန်း၊ အဆီ ၀.၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် ၀.၀၅ ရာခိုင် နှုန်း၊ ဖော့စပဖောရပ်ဓာတ် ၀.၀၂ ရာခိုင်နှုန်း၊ သံဓာတ် ၁.၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင် စီ ၆၀၀ မှ ၈၀၀ မီလီဂရမ်၊ နီကိုတင်းနစ် အက်ဆစ် ၀.၃ မီလီဂရမ်၊ ကယ်လိုရီ ၅၉ တို့ ပါဝင်သောကြောင့် ဆီးဖြူသီး၏ အသီး၊ အစေ့၊ အခေါက်၊ အပွင့်နှင့် အမြစ်အားလုံးကို တိုင်းရင်းဆေးဝါးများတွင် အသုံးပြုနိုင်ကြသည်။
အသီးမှာ ချဉ်၊ ဖန်ဓာတ်ရှိပြီး ဆီးရွှင်ဆေး၊ ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုကြသကဲ့သို့ သွေးသန့်ဆေးအဖြစ်လည်း သုံးကြပါသည်။ အသည်းကြီးရောဂါ၊ အသည်းနှင့် ဆိုင်သည့်ရော ဂါများကို ကုသရာတွင် အသုံးဝင်သကဲ့သို့ ခေါင်းကိုက်ရောဂါနှင့် ဝမ်းချုပ်ရောဂါများကိုလည်း ကုသနိုင် ပါသည်။ ဆီးဖြူသီးစားသုံးပေးခြင်းဖြင့် အမောခံနိုင်ပြီး အသားအရေကိုလည်း ကြည်လင်စေပါသည်။ ဆီးဖြူသီး သည် ဆံပင်ကောင်းစေကာ ဦးရေကိုအေးမြစေပြီး ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သကဲ့သို့ သန်းနှင့် ဘောက်များကိုလည်း ပျောက်ကင်းစေနိုင်သောကြောင့် အသီးကိုခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီများ ဖော်စပ်ရာတွင် အသုံးပြုကြသည်။
ဆံပင်ပါးခြင်း၊ ကျွတ်ခြင်း၊ ဖြူခြင်းတို့ကို ကာကွယ်နိုင်သည်။ ဒါ့အပြင် ဆီးဖြူရွက်ကိုရှူပါက ခေါင်းမူးသက်သာ စေနိုင်သကဲ့သို့ အခေါက်သည် သွေးအားကောင်းစေနိုင်ပါသည်။ ဆီးချိုရောဂါအတွက်ကောင်းပြီး မျိုးအောင်ရန် အတွက်လည်း အထောက်အကူပြုပါသည်။ ဓာတ်တိုးဆန့်ကျင်သတ္တိ ရှိသောကြောင့် အသည်းရောဂါများ ကာကွယ် ကုသရာတွင်လည်း အသုံးပြုနိုင်ကြောင်းသိရပါသည်။ တြိဖလခေါ်သော ဆီးဖြူသီး၊ ဖန်ခါးသီးနဲ့ ကြစုသီးသုံးမျိုးကို ရောဖော်ထားသော မြန်မာတိုင်းရင်းဆေးမှာလည်း နာမည်ကြီးဆေးဖြစ်ပါသည်။
အရွယ်ကို နုပျိုစေနိုင်၍ အူရောင်မှု၊ ဝမ်းသွားမှု၊ ဝမ်းချုပ်မှုများကို ကာကွယ် နိုင်ပါသည်။ အသီးကို အစေ့ထုတ်ကာ အခြောက်လှမ်း၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း တွေ့ရသည်။ အမြစ်နှင့် အရွက်ကို သွားကိုက်ပျောက် ဆေးအဖြစ် သုံးနိုင်ပါသည်။ အခေါက်ကိုဆိုးဆေး အဖြစ်လည်း သုံးနိုင်ပါကြောင်းတွေ့ရပါသည်။
ဆောင်းနှင်းဖြူ (ဒို့ကျေးရွာဂျာနယ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....