ကြက်သွန်နီကို နေ့တိုင်း အစိမ်းလိုက် စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ?
ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်တိုင်းမှာ မဖြစ်မနေ ထည့်ချက်ရတဲ့ အစားအစာတစ်ခုကတော့ ကြက်သွန်နီပဲဖြစ်ပါတယ်။ အသုပ်တွေ သုပ်စားတဲ့အခါ ကြက်သွန်နီကို အစိမ်းထည့်လေ့ရှိပြီး ကြက်သွန်နဲ့ ဆီသတ်တဲ့အခါမှာတော့ ကြက်သွန်ကို ကြော်တဲ့ပုံစံဖြစ်သွားပါတယ်။
တကယ်လို့ ကြက်သွန်ကို ချက်ပြုတ်မစားဘဲ အစိမ်းလိုက်စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာကို သင်သိပြီးပါပြီလား။
၁။ နှလုံးအားကောင်းစေခြင်း
ကြက်သွန်နီထဲမှာ ဗီတာမင်စီဓာတ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်ဓာတ်၊ ကယ်လ်စီယမ်နှင့် သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်လာရင် ကြက်သွန်နီမှာ ပါဝင်တဲ့ Quercetin ဓာတ်က သွေးပေါင်ချိန် ညီညွတ်မျှတစေတဲ့အပြင် သွေးကြောလေးများ ကျုံ့နိုင်၊ ဆန့်နိုင်ဖို့အတွက်နှင့် နူးညံ့ပျော့ပြောင်းပေးဖို့အတွက် ဆောင်ရွက်ပေးနိုင်ပါတယ်။

၂။ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း
ကြက်သွန်နီကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး များများစားပေးမယ်ဆိုရင် အကောင်းဆုံးပဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။ လေ့လာချက်တစ်ခုအရ ကြက်သွန်နီကို နနွင်းမှုန့်နှင့် ရောစားမယ်ဆိုရင်တော့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
၃။ အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးခြင်း
ဘယ်အစားအစာပဲစားစား ကြက်သွန်နီနဲ့ တွဲဖက်စားသုံးပေးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးတယ်လို့ သိရှိရပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကြက်သွန်နီမှာ ပါဝင်တဲ့ ကြက်သွန်ရည်က အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားများ ပြန့်ပွားခြင်းကိုတားဆီးပေးလို့ပဲ ဖြစ်ပါတယ်။
၄။ ကောင်းစွာ အိပ်စက်အနားယူနိုင်ခြင်းနှင့် စိတ်လက်ပျော်ရွှင်စေခြင်း
ညဘက်အိပ်စက်တိုင်းမှာ အတွေးပေါင်းစုံက နှိပ်စက်ပြီး တော်တော်နဲ့ အိပ်မပျော်ဖြစ်နေပါသလား။ ကြက်သွန်နီကိုသာ နေ့စဉ်မှီဝဲစားသုံးပေးလိုက်ပါ။ ညဘက် အိပ်တဲ့အခါ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တပြိုင်နက် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ပါပြီ။
ဒါ့အပြင် ကြက်သွန်နီစားသုံးခြင်းက စိတ်ပင်ပန်းနွယ်နယ်မှုကို ဖြေဖျောက်ပေးပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေတဲ့ သဘာဝက် ပေးအပ်ထားသော အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီလို အကျိုးကျေးဇူးတွေများစွာ ရရှိနေမှတော့ ဘာကြောင့် ကြက်သွန်နီ စားသုံးဖို့ တုံ့ဆိုင်းနေတော့မှာလဲ။
Source – My Food Myanmar
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....