အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖန်ခါးသီး

ဖန်ခါးသီး

Green Way
Green Way • Greenovator • 12/12/2019

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည်။ သဘာဝအလျောက်ပေါက်ရောက်သည်။ 

မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီးသည် ဖန်သည်။ ချဉ်သည်။ ခါးသည်။ စပ်သည်။ ပူသည်။ ဝမ်းမီးကို တောက်စေသည်။ သွေးသားကို စင်ကြယ်စေသည်။ မျက်စိကို ကောင်းစေသည်။ အထူးသဖြင့် အူနှင့်စပ်သောရောဂါများ၊ အရေပြားရောဂါများ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာမကြေရောဂါတို့၌ သုံးရသည်။

အသုံးပြုပုံ-

အသီး  

၁။  ဖန်ခါးသီးပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်းပျောက်သည်။

၂။ ဖန်ခါးသီးအခြောက်မှုန့်နှင့် အုန်းဆီရော၍ မီးလောင်ဖုများကို လိမ်းပေသော် အနာသက်သာစေသည်။

၃။ ဖန်ခါးသီးကိုထု၍ တစ်ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်း ပျောက်သည်။

၄။ ဖန်ခါးသီးကို အမှုန့်ကြိတ်ပြီး နို့ဖြင့်သောက်ပါက အနာရောဂါကင်း၍ အသက်ရှည်စေသည်။ အမြဲတမ်းမမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲနိုင်ပါသည်။ 

၅။ အသီးကို ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

အစေ့

၁။ ဝက်ခြံအမြစ်မထွက်သော် ဖန်ခါးသီးအစေ့ကို ဆန်ဆေးရေနှင့် သွေးလိမ်းရသည်။

အရွက်

၁။ ဖန်ခါးရွက်ရှိ အသီးကဲ့သို့ ဖုဖောင်းနေသော ကတြသင်္ချေကို ဝမ်းနုတ်ဆေး၊ သွေးဆေး၊ လေဆေး၊ မျက်စိနာပျောက်ဆေး စသည်တို့ ဖော်စပ်အသုံးပြုကြသည်။ 

၂။ မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုသည်။ 

အခေါက်

၁။ အခေါက်ကိုပြုတ်သော် ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါမျာကို ပျောက်ကင်းစေသည်။

၂။ ရုတ်တရက်ရရှိသော ထိခိုက်ဒဏ်ရာများပေါ်တွင် အခေါက်ကိုကြိတ်၍ အုံပေးသော် သွေးထွက်လွန်ခြင်းကို ရပ်တန့်စေသည်။ 

မြန်မာ့ဆေးဝါးပင်များ

မသက်

မသက်

လွန်ခဲ့သော ၄ နှစ် က

ဖန်ခါးသီး ပျိုတောင်နည်းလေးသိချင်လို့ပာရှင့်

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။