မုယောရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
မုယောဆိုတာဟာ စပါးတို့ ဂျုံတို့လို မြက်မျိုးရင်းဝင် ကောက်နှံပင် အပင်တစ်မျိုးဖြစ်ပါတယ်။ ရှေးယခင်က ဥရောပတိုက်ရဲ့ ကျေးလက်ဒေသများမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ မုယောကို ပေါင်မုန့်ပြုလုပ်ကာ စားသုံးခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ မုယောကို ဘီယာ၊ နို့မှုန့်၊ အားဖြည့်အချိုရည်၊ ကွတ်ကီးမုန့်၊ လက်ဖက်ခြောက်နဲ့ တိရစ္ဆာန်အစာတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အချို့ ဟော့ပေါ့ (Hot Pot) ဆိုင်တွေမှာ ပါဝင်ပစ္စည်းအနေနဲ့ ထည့်သွင်းကြသလို စားသောက်ဆိုင်တွေမှာဆိုရင်လည်း မုယောသုပ်၊ မုယောကြော်၊ မုယောကြာဇံသုပ် စသည်ဖြင့် ထည့်သွင်းစားသောက်လာကြပြီဖြစ်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါမှာတော့ မုယောစားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ််။
ဗီတာမင်နှင့် သတ္တုဓာတ်များ ရရှိစေခြင်း
မုယောမှာဆိုရင် ဗီတာမင် B အထူးသဖြင့် ဗီတာမင် B6 ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် B6 ဟာဆိုရင် ကျွန်ုပ်တို့ရဲ့ ဦးနှောက်နဲ့ ကိုယ်ခံစွမ်းအားကို ကောင်းကျိုးဖြစ်စေပါတယ်။ ဒါ့အပြင် မဂ္ဂနိစ်ဓာတ်၊ ဆလီနီယမ်၊ ဖော့စဖောရပ်စ်နဲ့ သံဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပြီး သိုင်းရွိုက်၊ အရိုးအဆစ်နဲ့ သွားတွေအတွက် ကောင်းကျိုးရှိစေမှာ ဖြစ်ပါတယ်။
နှလုံးရောဂါကာကွယ်ပေးနိုင်ခြင်း
မုယောမှာဆိုရင် ဖလဗိုနွိုက် (Flavonoid) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါရှိပြီး နှလုံးနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေပါတယ်။ အပြာရောင်နဲ့ ခရမ်းရောင် ရှိတဲ့ မုယောစေ့တွေမှာဆိုရင် အဆိုပါဓာတ်အများဆုံးပါဝင်တယ်လို့ ဆိုကြပါတယ်။
လေဖြတ်ခြင်းအား ကာကွယ်ပေးနိုင်ခြင်း
မုယောမှာ antioxidant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိပါဝင်နေပြန်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးခဲခြင်းတွေကိုလည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုလက်စရော လျော့ချပေးခြင်း
မုယောစားသုံးပေးခြင်းဖြင့် သွေးထဲက အကျိုးမပြုနိုင်တဲ့ ကိုလက်စရောတွေကိုလည်း လျော့ကျစေပြီး နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အာဟာရ ပြည့်ဝစေခြင်း
မုယောမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တွေလည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်အာဟာရ ပြည့်ဝစေတဲ့ ကောင်းကျိုးတွေ ရှိနေတာဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ မုယောထည့်သွင်းပြုလုပ်ထားတဲ့ အသင့်စားသောက်နိုင်တဲ့ အစားအစာတွေအပြင် မိမိကိုယ်တိုင်ချက်ပြုတ် စားသောက်မယ်ဆိုရင်လည်း မုယောအစေ့၊ မုယောအမှုန့် ၊ မုယောအလွှာချပ်၊ မုယောအမှုန့်ကြမ်း စသည်ဖြင့် ပုံစံမျိုးစံ ဝယ်ယူရရှိနိုင်တာမို့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတဲ့မုယောကို မိမိနှစ်သက်တဲ့ ပုံစံနဲ့ စားသုံးကြည့်ကြပါလို့ အကြံပြုရင်း...
ဇင်ထူးနိုင်
Source
- https://www.goodhousekeeping.com/health/diet-nutrition/a33667216/barley-health-benefits/
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....