ထိပ်မပြောင်ချင်ရင် ဒါလေးတွေလုပ်ပါ
အမျိုးသားအတော်များများဟာ အသက် ၅၀ လောက်မှာ ဆံပင်ကျွတ်တာများများလာပြီး ထိပ်ပြောင်လာတတ်ကြပါတယ်။ အမျိုးသား တချို့တွေအနေနဲ့ကတော့ ဆံပင်ကျွတ်ပြီးထိပ်ပြောင်လာတာကို စိတ်ထဲရှက်တာမဖြစ်ဘဲ ကတုံးတောင်တုံးလိုက်ကြတာမျိုးရှိပါတယ်။
ဒါပေမဲ့ အတော်များများကတော့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာဖြစ်မှာကို စိုးရိမ်ရှက်ကြောက်ကြလေ့ ရှိပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆံပင်ကျွတ်ခြင်းကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လျှော့ချနိုင်မလဲဆိုတာ သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။
၁။ နေ့စဉ်စားသောက်တဲ့ထဲမှာ ပရိုတင်းဓာတ် များများပါအောင်စားပါ
ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ဓာတ်ဖြစ်သလို ဆံပင်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ ဓါတ်ဖြစ်ပါတယ်။ ပရိုးတင်းဓာတ်မလုံလောက်ပါက ဆံပင်ကျန်းမာရေး မကောင်းဘဲ ဆံပင်အကျွတ်များတတ်ပါတယ်။ ဒါကြောင့် ဆံပင်ကျန်းမာရေးကောင်းပြီး အကျွတ်နည်းစေရန် ပရိုးတင်းဓာတ်များများပါတဲ့ အသား၊ ငါး၊ ပဲ စတာတွေကို များများစားပေးဖို့ လိုပါတယ်။
၂။ ဗီတာမင်ဓာတ်တွေ လုံလောက်မှုရှိပါစေ
ဆံပင်ကျန်မားရေးကောင်းဖို့အတွက် ပရိုတင်းဓာတ်သာမက ဗီတာမင်ဓာတ်တွေလည်းလုံလောက်မှုရှိဖို့ လိုပါတယ်။ ဗီတာမင်အေက ဦးရေပြားမှာရှိတဲ့ အဆီထုတ်လုပ်မှုကို ကောင်းစေပြီး ဗီတာမင်အီးကတော့ ဦးရေပြားသွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဗီတာမင်ဘီကတော့ ဆံပင်အရောင်အတွက် ကောင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်တွေ စုံလင်စွာနဲ့ လုံလောက်မှုရှိအောင် နေ့စဉ်စားတဲ့အထဲမှာ အသား၊ ငါး၊ ပဲအမျိုးမျိုးအပြင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေလည်း ပါဝင်ဖို့လိုပါတယ်။
၃။ ခေါင်းကို ခေါင်းလျှော်ရည်အပျော့စားတွေနဲ့ပုံမှန်လျှော်ပါ
ခေါင်းကို အကြာကြီးနေမှတစ်ခါလျှော်ခြင်းဟာ ဦးရေပြားရောဂါတွေ၊ ဗောက်ထခြင်းတွေကို ဖြစ်စေပြီး ဦးရေပြားကိုထိခိုက်ကာ ဆံပင်ကျွတ်တာ၊ ဆံပင်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ရည် အပျော့စားတွေသုံးပြီး ခေါင်းကို နှစ်ရက်ခြား၊ သုံးရက်ခြားတခါ လျှော်ပေးပါက ဦးရေပြားကျန်းမာရေးကောင်းစေပြီး ဦးရေပြားရောဂါတွေဖြစ်ခြင်း၊ ဗောက်ထခြင်းတို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၄။ ဦးရေပြားကို Essential oil တစ်မျိုးမျိုးသုံးပြီးနှိပ်နယ်ပေးပါ
Essential Oil ဆိုတာကတော့ သစ်ပင်တွေကနေ ထုတ်ယူရရှိတဲ့ အဆီတွေကို ပြောတာပါ။ (ဥပမာ နှမ်းဆီ၊ ဗန်ဒါစေ့ဆီ စသဖြင့်) ၂ ရက်ခြား သို့မဟုတ် သုံးရက်ခြားတခါ ဦးရေပြားကို Essential Oil တစ်မျိုးမျိုးသုံးပြီး မိနစ်အနည်းငယ် (ငါးမိနစ်မှဆယ်မိနစ်) ကြာအောင်နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေတဲ့အပြင် ကျန်းမာသန်စွမ်းတဲ့ဆံပင်တွေပေါက်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။
၅။ ရေများများသောက်ပါ
ရေသောက်နည်းပြီး ရေဓာတ်မလုံလောက်ပါက ဆံပင်အဖျားတွေ ခြောက်သွေ့ပျက်စီးပြီး ဆံပင်ကျွတ်နိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၄ ဖန်ခွက်မှ ၈ ဖန်ခွက် သောက်ဖို့လိုပါတယ်။ ရေဓာတ်ပြည့်ဝမှသာ ဆံပင်ကျန်းမာရေးကောင်းမှာပါ။
၆။ စိတ်ဖိစီးစရာ နည်းအောင်နေပါ
သုတေသနတွေအရ စိတ်ဖိစီးစရာများတာနဲ့ ဆံပင်ကျွတ်တာနဲ့ဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာနည်းအောင် တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေ လုပ်သင့်ပါတယ်။ အဲဒါတွေလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို နည်းစေရုံသာမက ခန္ဓာကိုယ်အတွက်ပါ ကျန်းမာစေပါတယ်။
၇။ ဆေးလိပ်၊ အရက်ရှောင်ပါ
ဆေးလိပ်၊ အရက်တွေဟာ ဦးရေပြားနဲ့ ဆံပင်ကျန်းမာရေးကို ထိခိုက်စေပြီး ဆံပင်ကျွတ်ခြင်းကို များများဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရှိ တခြားအင်္ဂါအစိတ်ပိုင်းတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်၊ အရက်ကို ရှောင်ဖို့လိုပါတယ်။
၈။ ဆံပင်ကို Hair dryer နဲ့အကြာကြီးမှုတ်တာ ခဏခဏမှုတ်တာ၊ ဦးထုပ်၊ ထီးမပါဘဲ နေပူထဲ အချိန်အကြာကြီးထွက်တာတွေကို ရှောင်ပါ။
အပူဓာတ်က ဆံပင်မှာရှိတဲ့ ပရိုတင်းဓာတ်တွေကို ပျက်စီးစေပါတယ်။ အပူနဲ့မကြာခဏ သို့မဟုတ် အချိန်ကြာကြာထိတွေ့ခြင်းဟာ ဆံသားတွေကို အားနည်းကြေမွ ပျက်စီးလွယ်စေပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၉။ ခေါင်းလျှော်ပြီး ရေသုတ်တဲ့အခါ ခပ်ကြမ်းကြမ်းသုတ်ခြင်းကိုရှောင်ပါ
အမျိုးသားအားလုံးနီးပါးဟာ ခေါင်းလျှော်ပြီး ခေါင်းရေသုတ်တဲ့အခါ သဘက်နဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်လေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာ ဆံသားကို ထိခိုက်ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ခပ်ကြမ်းကြမ်းမသုတ်ဘဲ အသာအယာဖွဖွသုတ်ပြီး လေသလပ်ခံခြင်းဖြင့် ခေါင်းကိုအခြောက်ခံတာ အကောင်းဆုံးနည်းပါ။
၁၀။ ဆံပင်စည်းခြင်းကိုရှောင်ပါ
အခုနောက်ပိုင်းမှာ အမျိုးသားတွေအနေနဲ့ ဆံပင်ကို ခေါင်းထိပ်မှာ သားရေပင် သို့မဟုတ် ခေါင်းစည်းကြိုးဖြင့် စုစည်းတာမျိုးတွေ ခေတ်စားလုပ်လာကြတာ တွေ့ရပါတယ်။ ဒီလိုလုပ်တာဟာ ဆံပင်သားကိုပျက်စီးစေပြီး ရေရှည်မှာဆံပင်ကျွတ်ကာ ထိပ်ပြောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
Author: Dr 528
Source - On Doctor
ခင်ချိုမြင့်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါဆရာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....