အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သွေးတွင်း အောက်ဆီဂျင်တက် လာဖို့

သွေးတွင်း အောက်ဆီဂျင်တက် လာဖို့

Green Way
Green Way • 14/07/2021

       ပုံမှန်ပက်လက် အိပ်နေတဲ့ အနေအထားက ကိုဗစ်လူနာအတွက် အန္တရာယ်များလှပါတယ်။ အကြောင်းကတော့ အဆုတ်ရဲ့ လေအိပ်လေးတွေပိနေပြီး အောက်ဆီဂျင်ကို ကောင်းကောင်းမရလို့ပါပဲ။ ဒါကြောင့် prone positionလို့ခေါ်တဲ့ မှောက်ရက်အနေအထားနေနည်းက အဆုတ်ရဲ့ လေအိပ်တွေပွင့်စေပြီး သွေးတွင်းအောက်ဆီဂျင်ကို ပိုရစေပါတယ်။

        အသက်ကြီးတဲ့ လူနာတွေ ၊ အရိုးအဆစ်နဲ့ဆိုင်တဲ့ ရောဂါရှိတဲ့လူနာတွေ၊ လည်ပင်းကျီးပေါင်း ခါးကျီးပေါင်း တွေအနေနဲ့ကျ ပုံစံတစ်မျိုးတည်းမှာ အကြာကြီးမနေနိုင်ကြပါဘူး။

        နိုင်ငံတကာ စံချိန် စံနှုန်းတွေမှာလည်း မှောက်လျက်အနေအထားကို ၄ နာရီမှောက်ပြီး ၁ နာရီနား ပုံစံနဲ့ တစ်ရက်မှာ  (၁၆) နာရီ မှောက်လျက်နေကြပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ နေနိုင်ဖို့ မှောက်နည်းလေးတွေပြောပြပေးပါမယ်။

ဆိုဒ်တူတဲ့ ခေါင်းအုံး ( ၆ ) လုံးရှိရင်တော့ ပိုအဆင်ပြေပါတယ်။

ခေါင်းအုံး ဖက်လုံး၊ စောင်ကဲ့သို့ နူးနူးညံညံ့ အရာများနှင့် အစားထိုးပါ။

အဆင့်၁။

လူနာကို ပုံမှန်အနေအထားနဲ့ အရင်ထားပါ။ 

အဆင့်၂။

လူနာ၏ကပ်လျက်ဘေးမှာ ဒီပစ္စည်းတွေ ပြင်ဆင်လိုက်ပါ။ 

မျက်နှာအောက် ခေါင်းအုံး (၁) လုံး

ရင်ဘက်အောက် ခေါင်းအုံး (၂) လုံး

စည်းခုံအောက် ခေါင်းအုံး (၂) လုံး

ခြေသလုံးအောက် ခေါင်းအုံး (၁ )လုံး

၃။ လူနာကို ဖြေညင်းစွာ တစ်စောင်းစောင်းစေပါ။ (စောင့်မည့်ဘက်မှခြေထောက်ကိုချထား၍ နောက်ခြေထောက်တစ်ချောင်းကို ဒူးထောင်လိုက်ပြီးမှ စောင်းခြင်းသည် လူနာအတွက် ပို၍ သက်တောင့်သက်သာဖြစ်စေပါသည်)

၄။လူ (၂)ဦး အကူအညီနှင့် ကျောမှထိန်းပေး၍ ခေါင်းအုံးများပေါ်သို့ မှောက်စေပါ။

       သတိပြုရန် - မှောက်လျက် ဖြစ်နေသော လူနာ၏ ဗိုက်အောက်တွင် လက်လျို၍ ရလောက်သည်အထိ လွတ်နေရပါမည်။ ဝမ်းဗိုက်သည် ခေါင်းအုံးများနှင့်လွတ်နေမှသာ အသက်ရှူသည့်အခါ လေရမည်ဖြစ်ပါသည်။

        ကိုဗစ်လူနာအား ဤပုံစံအတိုင်း ထားပေးခြင်းသည် သွေးတွင်း အောက်ဆီဂျင် လျော့ကျမှုကို ကာကွယ်ပေးနိုင်ပါသည်။

Source- AYA Center

5
Min Sitt Khann

Min Sitt Khann

လွန်ခဲ့သော ၅ နှစ် က

မျှဝေခွင့်ပြုပါဗျာ

Peter Tun Lin Tang

Peter Tun Lin Tang

လွန်ခဲ့သော ၅ နှစ် က

အခန်းသည်လေဝင်လေထွက်အလွန်ကောင်းဖို့လိုပါသည်။

သိမ့်ဇာ

သိမ့်ဇာ

လွန်ခဲ့သော ၅ နှစ် က

ခေါင်းစဉ်အောက်က ဖေ့ဘုတ် ပုံလေးကိုနှိပ်ပါရှင့်

နေမင်းထွန်း

နေမင်းထွန်း

လွန်ခဲ့သော ၅ နှစ် က

good

နေမင်းထွန်း

နေမင်းထွန်း

လွန်ခဲ့သော ၅ နှစ် က

Facebook မှာမျှဝေလိုပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။