ကျန်းမာရေးနှင့် ညီညွတ်သည့် ငါးသလောက်ဟင်းစားနည်း
ငါးသလောက်ကို ပါဏဗေဒအမည်အားဖြင့် ‘ဟီလဆာ အလီရှား'ဟု ခေါ်သည်။ အရသာရှိသော ငါးအဖြစ် အသိများသည်။ ရေချိုရေငန်နှစ်ရပ်လုံးတွင် နေနိုင်သည်။ မိုးတွင်းနှင့် ဆောင်းရာသီအကုန်ပိုင်းတွင် ဥဥရန် ပင်လယ်မှ မြစ်ထဲသို့ ဆန်တက်လာလေ့ရှိသည်။ ဥပြီး ငါးသလောက်သည် ကြုံလှီသွားကာ အရသာပျက်သွားတတ်သည်။င ါးသလောက်၏ကိုယ်သည် ပြား၍ ဗြက်အနည်းငယ်ကျယ်သည်။
ကျောဆူးတောင်အထက်နားသည် အလယ်၌ ခွက်နေ၏။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည် ဘေးသို့ကားထွက်နေသည်။
အကြေးများသည် ခေါင်းမှ အမြီးတိုင်အောင် ညီညီညာညာရှိကြသည်။ အရောင်မှာ ရွှေရောင်သန်းလျက်ရှိရာ တခါတရံ ကန့်လန့်အမည်းစင်းများ ထင်နေတတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင် ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများပါလေ့ရှိသည်။ ကိုယ်ရှည် ၁ ပေမှ ၂ ပေအထိ ရှိတတ်၏။ ငါးသလောက်ကို ဟင်းလျာအဖြစ် သုံးကြရုံမက ငါးပိဆားနယ်အဖြစ်လည်း သုံးကြသည်။
နေထိုင်မှုအလေ့အထ
ငါးသလောက်ငါးမှာ ရေပေါ်ရေလွှာနေငါး(pelagic fish)များ ဖြစ်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိကြသည်။ ငါးသလောက် သက်တမ်းမှာ(၁-၃) နှစ်ထိရှိပြီး ငါးသလောက်အမမှာ ဥပေါင်း ၃ သိန်းမှ ၁ သန်းထိ ဥဥနိုင်ကြပါသည်။
အပင်မျှောလှေး(plankton)နှင့် ရေညှိရေမှော်(algae)များကို အများဆုံး စားသုံးကြသည်။
ငါးသလောက်များသည် ကမ်းရိုးတန်းတစ်လျောက်တွင် အုပ်စုဖွဲ့ကာ နေထိုင်ကျက်စားကြသလို မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ ငါးသလောက်သည် အနံ့အရသာကောင်းမွန်ရုံသာမက အသားမှာလည်း နူးညံ့လှသဖြင့် ပြည်ပပို့ကုန်အဖြစ်နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။

ငါးသလောက်နှင့် ကျန်းမာရေး
ငါးသလောက်သည် တိုင်းရင်းဆေးကျမ်းများအလိုအရ ချိုဆိမ့်သည်။ ဆူ၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကိုပျက်စေ၏။ သည်းခြေနိုင်၏။ သလိပ်ကိုပျက်စေ၏။ သုတ်ကို ပွားစေ၏။ လေကိုနိုင်၏။ ဓာတ်သဘောအရ သီတ၊ အာပေါ၊ ပထဝီ(တက်စာ သွေးကြွစေ၏။)။ သွေးတိုးသူများ၊ သွေးယားသူများ၊ မျက်စိနာနေသူများ၊ ဖျားနာနေသူများ မစားသင့်ဟုဆိုသည်။ တချို့သူများသည် ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး၊ ဆူးပုပ်ကြီးစသော တက်စာများကို အလွန်ကြိုက်နှစ်သက်ကြသည်။ ထိုသို့ နှစ်သက်၍ တစ်မျိုးတည်းစားသုံးလျှင် ကိစ္စမရှိပေ။ တနေ့တည်း နှစ်မျိုး၊ သုံးမျိုးရောစပ်၍ စားသုံးလျှင် သွေးတက်ပြီး ဦးနှောက်သွေးကြောပြတ်သည်အထိ ဖြစ်နိုင်သည်ကိုသာ သတိပြုဖို့လိုသည်။
ငါးသလောက်ကို တညင်းသီး၊ ဆူးပုပ်ကြီး၊ တမာရွက်၊ ကြက်ဟင်းခါးသီး၊ ခွေးတောက်ရွက်၊ မှို၊ ဝက်သား၊ မျှစ်ချဥ်၊ ဒံပေါက် စသည်များကို တွဲဖက်မစားသုံးသင့်ပေ။
ငါးသလောက်ကို မတက်စေရန်အတွက် မရန်းသီးနှင့် ရောချက်စားလျှင် အချဥ်အရသာနှင့် အဆိမ့်အရသာနှစ်မျိုးတွဲပြီး အလွန်စားကောင်းသည်။ မရန်းသီးအစိမ်းမရသောရာသီတွင် မရန်းသီးခြောက်၊ သရက်သီးခြောက်များနှင့်လည်း ရောချက်စားနိုင်သည်။
ငါးသလောက်သည် အလွန်အရိုးများသောငါးမျိုး ဖြစ်သည်။ သို့သော် အသား၏အရသာမှာ ချိုဆိမ့်သည်။ငါးသည် အကောင်ကြီးပြီး ဆူဖြိုးသည်။ထို့ကြောင့် ဝယ်ယူစားသုံးမှု အလွန်များသည်။ အကြေးရှိ သော ငါးမျိုးဖြစ်ပြီး အားရှိသောအာဟာရပြည့်သောအစာဖြစ်သည်ဟု ယုံကြည်စားသုံးကြသည်။ ငါးသလောက်ကို အရိုးပါမကျန် စားသုံးရန်အတွက် ပေါင်းစားကြသည်။
ငါးသလောက်ပေါင်းနည်းမှာလည်း အမျိုးမျိုးရှိသည်။အချို့မှာ ရှောက်ရည်၊သံပရာရည်ညှစ်ထည့်ပြီး ရေနွေးငွေ့လုံသည့် ပေါင်းအိုးဖြင့်ပေါင်းပြီး အချိန်ကြာကြာအရိုးနူးသည်အထိ မီးအေးအေးဖြင့် ပေါင်းစားကြသည်။ ခေတ်ပေါ်နည်းမှာ ငါးသလောက်ကို အရိုးမြန်မြန်နူးစေရန် ရှာလကာရည်ကို အသုံးပြုပြီး ပေါင်းကြသည်။ ရှာလကာရည်မှာ အရိုးကိုနာရီဝက်ခန့်ပေါင်းရုံဖြင့် နူးစေနိုင်သည်။ သို့သော် အရသာ အားဖြင့် အချို့သူများသည် ရှာလကာရည်နှင့် ပေါင်းသည်ကို မကြိုက်ကြပေ။ သဘာဝအတိုင်း ရှောက်ရည်၊သံပရာရည်ဖြင့် ပေါင်းသည့်အရသာကို ပို၍ကြိုက်သည်။
ငါးသလောက်ဟင်းကို အလှူ၊ မင်္ဂလာဆောင်များတွင် ထမင်းကျွေးလျှင် အမြဲပါလေ့ရှိသည်ကို တွေ့ရသည်။ ငါးသလောက်ပေါင်းဟင်းနှင့် လိုက်ဖက်သောအရာမှာ သရက်ချဥ်သုပ် သို့မဟုတ် သရက်သီးပိုးတီ ဖြစ်သည်။
အချို့ရာသီတွင် ငါးဖမ်းသူများ၏မဆင်မခြင်ဖမ်းဆီးမှုကြောင့် ဥများပြည့်နေသည့် ငါးသလောက်အမကြီးများကို ဖမ်းမိလာသည်ကိုတွေ့ရသည်။ငါးရောင်းသူများမှာ ငါး၏ဗိုက်ကိုခွဲပြီး ငါးသလောက်ဥကို ထုတ်ယူပြီး သီးခြားရောင်းချကြသည်။ ငါးသလောက်ဥသည် ဖွတ်ဥကဲ့သို့ပင် အလွန်ဆိမ့်သောအရသာရှိ သည်ဟု ရှေးလူကြီးများပြောကြသည်။ ငါးသလောက်ဥသည် တက်စာဖြစ်ပြီး ငါးသလောက်စားသည်ထက်ပင် ပို၍ သွေးတက်စေနိုင်သည်ဟု ဆိုသည်။ အလွန်အကျွံမစားဘဲ သင့်ရုံသာစားသင့်သည်။
ငါးသလောက်ဥကို ကြော်ထားပြီး တာရှည်ခံအောင်ပြုလုပ်ပြီး စားသုံးသူများလည်းရှိသည်။
ငါးသလောက်ဥကို ဆားနယ်ထားပြီးနောက် တစ်နေခန့်လှန်းပြီးမှ ခပ်ခြောက်ခြောက်ဖြစ်နေချိန်တွင် ဆီဖြင့်အမြုပ်ကြော်ထားလျှင် ထိုငါးသလောက်ဥကြော်သည် တာရှည်အထားခံသည်။ငါးသလောက်
ဥကြော်နှင့် ကောက်ညှင်းပေါင်း၊ ဆီထမင်းစသည်များ တွဲဖက်စားရာ အလွန်စားကောင်းနှုတ်မြိန်သည်ဟု ဆိုသည်။
အကြံပြုချက်
ငါးသလောက်ဟင်းကြိုက်နှစ်သက်သူများသည် တက်စာဖြစ်သဖြင့် မစားဘဲနေရန် မလိုပါ။ နေ့စဥ်ရက်ဆက်မစားဘဲ တခါတရံစားလျှင် နှုတ်မြိန်စေသောဟင်းမျိုးဖြစ်ပါသည်။ ငါးသလောက်ပေါင်း သည်လည်း အရိုးပါနူးသဖြင့် ငါးစားလျှင် အရိုးကြောက်၍ မစားသူများပင် ငါးသလောက်ပေါင်းဟင်းကို စားကြသည်ကို တွေ့ရသည်။
တက်စာမှန်သမျှ သက်စာနှင့် တွဲစားလျှင် ဘေးမဖြစ်စေနိုင်ပါ။ ရှောက်ရည်သည် သက်စာဖြစ်သည်။ အာပေါဓာတ် အရည်ရွှမ်းသည့် မရမ်းသီး၊ စောင်းလျားသီး၊ ဆီးဖြူသီး စသည်များနှင့် ရောပြီးချက်လျှင် ငါးသလောက်၏ တက်စေသော အတက်ဓာတ်ကို ထိုက်သင့်သလောက် ချေဖျက်နိုင်မည်ဖြစ်သည်။
ငါးသလောက်ဟင်းစားပြီးလျှင် ရှောက်သီးဖျော်ရည်၊ သံပရာရည်၊ ဇီးဖျော်ရည် စသည်များ သောက်သုံးပေးလျှင် အအီပြေသည့်အပြင် သွေးကြောတက်ခြင်းများမှလည်း ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026