ဆေးဖက်ဝင် ပန်းပင်ပန်းပွင့်များ အပိုင်း(၂)
အပိုင်း(၂) အနေနဲ့ နောက်ထပ် (၅) မျိုးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။
ကြာဖူး
တိုင်းရင်းဆေးအမှတ်(၁၅)နှင့် (၃၆)ဖော်စပ်ရာတွင် မပါမပြီးချေ။ အခြားကြာဝတ်ဆံများနည်းတူပင် ရသာအားဖြင့်အေး၍ ချိုစိမ့်ဖန်သည်။ မူးဝေနာ၊ အလွန်ပူ၍ ဖျားသောအနာတို့ကို နိုင်နင်းသောကြောင့် ဖြစ်သည်။ အိပ်ပျော်စေနိုင်ခြင်း၊ စိတ်နှလုံးကြည်လင်စေခြင်း၊ အားအင်တိုးပွားစေခြင်းနှင့် အသားအရေကြည်လင်စေခြင်းတို့ကြောင့်လည်း ဖြစ်သည်။
ချယားပွင့်
အေး၍ ခါးဖန်သည်။ နှလုံးတုန်ရင်ခုန်မောပမ်းနာ၊ အိပ်စက်မရသောအနာ၊ မူဒေဝေဒနာ၊ ယားယံနာ၊ အလွန်ပူသောအဖျားနာတို့ကို နိုင်သည်။ သွေးသည်းခြေထကြွသည်ကို ငြိမ်ဝပ်စေနိုင်သည်။ သလိပ်ခန်းခြောက်သည်ကို ပွားစေနိုင်သည်။ ရင်တွင်းသို့စိမ့်၍ အေးစေနိုင်သည်။ သို့ဖြစ်သောကြောင့် အပူနိုင်သည်းခြေဆေး(တိုင်းရင်းဆေးအမှတ်-၁၅)နှင့် မဟာကလျာဏိသွေးဆေး(တိုင်းရင်းဆေးအမှတ်-၂၀) တို့တွင် အသုံးပြုသည်။
တရုတ်စကားမြစ်
တိုင်းရင်းဆေးအမှတ်(၇)တွင် အရေးကြီးအသုံးဝင်သည်။ ရသအားဖြင့် တရုတ်စကားမြစ်သည် ပူခါးစပ်သည်။ အအေးအကြောင်းခံပြီး ဖြစ်ခါစဝမ်းတွင်း အလုံးအခဲ အဖု၊ အကြိတ်၊ သွေးဖျဉ်း၊ လေဖျဉ်း၊ သွေးလုံး၊ လေလုံး၊ သွေးကြိတ်၊ လေကြိတ်၊ သွေးတဂူလေတဂူ၊ ကာလသားရောဂါနှင့်စပ်သော အဖုအကြိတ် ညောင်းကျ၊ ဆီးပြစ်ချွဲ၊ ဆီးခဲ ဆီးရောဂါအမျိုးမျိုးတို့အား ကုသပျောက်ကင်းနိုင်သောကြောင့်ဖြစ်သည်။
မြတ်လေးပွင့်
အပူကို ငြိမ်းစေတတ်သည်။ သည်းခြေကိုနိုင်သည်။ နှလုံးကိုကြည်လင်စေသည်။ သွေးဖောက်ပြန်ခြင်း၊ မူးဝေနာ၊ ရေငတ်နာတို့ကို နိုင်သည်။ မီးယပ်ဖြူဆင်းရောဂါကိုပျောက်ကင်းစေသည်။ ကိုယ်ခံစွမ်းအားကျသော မောပမ်းနာများကို နိုင်သည်။ သည်းခြေအခြေခံသော အပူလောင်နာများကို ငြိမ်းအေးစေသည်။ အပူလွန် အားကုန်ခမ်းသော အနာများကိုနိုင်သည်။ ပထဝီဓာတ်အားကို ဖြည့်တင်းပေးနိုင်သည်။ အိပ်ပျော်စေသည်။ ကိုယ်ပူနာ ရင်တွင်းပူနာ ဆီးပူနာများကို ပျောက်ကင်းစေသည်။ ဥဏှာများ၊ ဒဟဖျားများကို ပျောက်ကင်းစေနိုင်သည်။ ရသာအားဖြင့် အေး၍ ချိုခါးဖန်သည်။ မြတ်လေးပွင့်ကို မြန်မာတိုင်းရင်းဆေးများအနက် ဆေးအမှတ်(၁၄)(၁၅) နှင့် (၂၀) တို့တွင် ထည့်သွင်းဖော်စပ်ထားသည်။ ဒေဝသြသဓသွေးဆေး အပူနိုင်သည်းသေခြဆေးနှင့် မဟာကလျာဏိဆေးတို့ ဖြစ်ကြသည်။
သဇင်ပန်းပွင့်
အေး၍ စိမ့်ဖန်သည်။ မွှေးသည်။ အပူကိုငြိမ်းစေသည်။ နှလုံးကို ကြည်လင်စေသည်။ မျက်စိနာ၊ ဆာလောင်မွတ်သိပ်နာ၊ အပူနာတို့ကို နိုင်သည်။ နှလုံးတုန်ရင်ခုန်နှင့် နှလုံးထဲသို့ရောက်သော သွေးပုပ်လေပုပ်ကို ချေဖျက်နိုင်သည်။ ချွေးအလွန်ထွက်ခြင်းကို ရပ်တန့်စေနိုင်သည်။ အိပ်ပျော်စေနိုင်သည်။ အမောအပန်းကို ပြေစေသည်။ အမှုန့်ပြု၍ နှာရှူပေးပါက နဖူးကြိတ်၊ နှာခေါင်းကြိတ် များကို ကြေစေနိုင်သည်။ ပယောဂကြောင့် ဖြစ်သောကလေးသူငယ်များ မြေစွဲနာများ ပျောက်ကင်းစေသည်။ ခွန်အားကောင်းစေသည်။ သွေးသန့်ရှင်းစင်ကြယ်စေသည်။ ထုံနာကျင်နာများ ပျောက်ကင်းစေသည်။ လူတို့၏ကျက်သရေမင်္ဂလာတိုးပွားစေသည်။ ထို့ကြောင့် တိုင်းရင်းဆေးအမှတ်(၁၅)အပူနိုင်သည်းခြေဆေးများတွင် ထည့်သွင်းဖော်စပ်နိုင်သည်။ ဆေးဖော်စပ်ရာတွင် သဇင်ပန်းပွင့် အစား သဇင်ဥကိုလည်း သုံးစွဲနိုင်ပေသည်။
အပိုင်း(၁) ကိုမဖတ်ရသေးတဲ့သူများ၊ ပြန်ဖတ်ချင်တဲ့သူများအနေနဲ့ အာဟာရနှင့်ကျန်းမာရေးကဏ္ဍမှာ လေ့လာလို့ရပါတယ်ရှင့်။
ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....