ပိုးသတ်ဆေးများရဲ့ အန္တရာယ်
ပိုးသတ်ဆေးအားလုံးသည် အဆိပ်များဖြစ်သည်၊၊ ပိုးသတ်ဆေးတွင်ပါ၀င်သော အဆိပ်စွမ်းအားကို ဖော်ပြရာတွင် အများအားဖြင့် သေနှုန်း ၅၀ (သန - ၅၀) ဖြင့်ဖော်ပြပါသည်။ သက်ရှိသတ္တဝါများစွာကို ပိုးသတ်ဆေးနှုန်းအမျိုးမျိုးဖြင့် ကျွေး၍သော်လည်းကောင်း၊ အရေပြားတွင် သုတ်လိမ်း၍ သော်လည်းကောင်း စမ်းသပ်ခြင်းဖြင့် အစာအိမ်နှင့်ခန္ဓာကိုယ်အတွင်းသို့ ဆေးရာက်ရှိစေသည်။ ဤသို့စမ်းသပ်ရာတွင် သက်ရှိအကောင် (၁၀၀) အနက် (၅၀) သေစေနိုင်သော ပိုးသတ်ဆေးပမာဏကို သေနှုန်း ၅၀ ဟုခေါ်သည်။
အော်ဂင်နိုကလိုရင်း အုပ်စု၀င်ဖြစ်သော ဒီဒီအော်ဒရင်း၊ ဒီအယ်ဒရင်း၊ လင်ဒိန်း၊ အင်ဒရင်း အစရှိသော ပိုးသတ်ဆေးများသည် ထိတွေ့ကိုင်တွယ်သော လူ၏ခန္ဓာကိုယ် အဆီပြင်တွင် စုဝေးနိုင်သည်။ အဆီပြင်တွင် စုမိသော အော်ဂင်နိုကလိုရင်း ပိုးသတ်ဆေးများကို ဓာတ်ပြယ်ရန် ချေဖျက်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် လူနှင့်နို့တိုက်သတ္တဝါတို့တွင် မိခင်မှတစ်ဆင့် သားငယ်သို့ နို့ရည်မှတဆင့် အဆိပ်အာနိသင်ပါသွားစေနိုင်သည်၊၊ အဆီပြင်တွင် အဆိပ်များစွာစုမိလာသောအခါ အဆိပ်သင့်ခြင်း ဖြစ်စေသည်။
ယခုအခါ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအားလုံးလိုလိုမှာပင် အထက်ဖော်ပြပါ အော်ဂင်နိုကလိုရင်း အုပ်စု၀င် ပိုးသတ်ဆေးများကို သုံးစွဲခြင်းမှ ရပ်ဆိုင်းလိုက်ပြီး ဖြစ်ပါသည်။
ခန္ဓာကိုယ်တွင်း ပိုးသတ်ဆေး ၀င်ရောက်ရာလမ်းကြောင်းများ
ပိုးသတ်ဆေး မတော်တဆ ဖိတ်စဉ်ခြင်း၊ ဆေးဖျန်းကိုင်တွယ်အသုံးပြုရာတွင် သတိမပြုခြင်းတို့ကြောင့် လူ၏အရေပြားနှင့် အသက်ရှုလမ်းကြောင်းများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်နိုင်ပါသည်။ စမ်းသပ်ချက်အရ နဖူးပြင်နှင့် ဦးခေါင်းခွံမှ ၀င်ရောက်ခြင်းတို့မှာ အလွန်မြန်ဆန်ကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုသူမှာ ခန္ဓာကိုယ်ကိုသာမက ဦးခေါင်းကိုပါ ကာကွယ်ရန်လိုအပ်ပါသည်။ ဦးခေါင်းကို ကာကွယ်ရန်အတွက် ဗြက်ကျယ်သည့် ဦးထုပ်ဆောင်းရန် အထူးလိုအပ်ပါသည်။

ပိုးသတ်ဆေးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ပိုးသတ်ဆေးများသည် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်လှောင်လုပ်ငန်း၊ ကျန်းမာရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ဓာတုပစ္စည်းများဖြစ်သည်။ ပိုးသတ်ဆေးများကို သီးနှံဖျက်ပိုးများ ကာကွယ်ရန်အလို့ငှာ သီးနှံ၊ သစ်ပင်၊ တိရစ္ဆာန်၊ မြို့ရွာစသည့် လိုအပ်သော နေရာများကိုသာရည်ရွယ်၍ ပက်ဖျန်းသုံးစွဲရသည်။ သို့ရာတွင် သုံးစွဲသည့်ပိုးသတ်ဆေးအချို့သည် ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထု၊ လေထုတို့ကိုလည်း ညစ်ညမ်းကစပါသည်။ အဆိုပါညစ်ညမ်းမှုသည် ပိုးသတ်ဆေးများကို ညွှန်ကြားထားသည်ထက် ပိုမိုသုံးစွဲခြင်း၊ သုံးစွဲပြီးသော ကိရိယာများကို စနစ်တကျ ကိုင်တွယ်စွန့်ပစ်မှုမရှိခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပေါ်စေနိုင်ပါသည်။
crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....