မိကျောင်းသွယ်နဲ့ ဧရာအောင်စပါးမျိုးတွေရဲ့ပိုင်ရှင် လယ်သမားကြီးမန်းမြင့်အောင် (၁)
တောင်သူဦးကြီး ဒေါ်ကြီးအများစုက စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာအလုပ်တစ်ခုလောက်အဖြစ်ပဲ သဘောထားပြီး ဝမ်းဝရုံ၊ ပိုလျှံရင် နည်းနည်းပါးပါး အလှူအတန်းလေးလုပ်ရုံလောက်ပဲ သဘောထားလုပ်ကြသူ များပါတယ်။ နည်းပညာတွေစမ်းသပ်ကြည့်ဖို့၊ အသုံးချကြည့်ဖို့ဆိုရင်တော့ တွန့်ဆုတ်တတ်ကြတာသဘာဝလိုကို ဖြစ်နေတာပါ။
တကယ်တော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ တောင်သူအလုပ်ကို စီးပွားရေးလုပ်ငန်းတစ်ခုလို သဘောထားလုပ်ကိုင်ကြပြီး တီထွင်ဆန်းသစ်မှုတွေ၊ နည်းပညာအသုံးချမှုတွေနဲ့အတူ တခြားလူတန်းစားတွေနဲ့ ရင်ဘောင်တန်းစီးပွားရေးလုပ်ကြတာပါ။
ကျွန်တော်တို့ Green Way အနေနဲ့ တောင်သူတွေကို နည်းပညာ၊ ဗဟုသုတ၊ သတင်းအချက်အလက်တွေ အခမဲ့ပေးဝေဖြန့်ဖြူးပေးနေရတဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီလိုအဆင့်ထိ တောင်သူဦးကြီး ဒေါ်ကြီးတွေကို ရောက်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ ဒီအတွက်လည်း အသုံးချနေတဲ့ အတုယူစရာတောင်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ အင်တာဗျူးတွေကို 'တောင်သူမှတောင်သူသို့' ကဏ္ဍလေးအောက်ကနေ ဖော်ပြပေးနေပါတယ်။
အခုလည်း ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ထဲက လယ်သမားကြီးမန်းမြင့်အောင်နဲ့အင်တာဗျူးကို ဖော်ပြပေးဖို့ ဖြစ်လာပါတယ်။ လယ်သမားကြီးမန်းမြင့်အောင်ဟာ သူလိုကိုယ်လို တောင်သူကြီးတစ်ဦးဖြစ်ပေမဲ့ တောင်သူဖွံ့ဖြိုးရေးအဖွဲ့တွေဆီက ရရှိလာတဲ့ နည်းပညာတွေကို လက်တွေ့အသုံးချရင်း၊ ကိုယ်တိုင်လည်း စနစ်တကျ အသေးစိတ်လုပ်ဆောင်ရင်းနဲ့ စပါးမျိုးတွေ ထုတ်နေရာမှာ လက်ရှိမှာတော့ တောင်သူတွေကြိုက်နှစ်သက်တဲ့ မိကျောင်းသွယ်နဲ့ ဧရာအောင်ဆိုတဲ့ စပါးမျိုးတွေကို ထုတ်လုပ်ထားနိုင်ပြီး အခြားတောင်သူတွေလက်ထဲထိ ဖြန့်ချိပေးနိုင်နေပါပြီ။ နောက်ထပ်လည်း စပ်မျိုးတွေအထိ ထုတ်နိုင်ဖို့ပါ ကြိုးစားနေပါတယ်။
ဆိုတော့ တောင်သူကြီးမန်းမြင့်အောင်အနေနဲ့ စပါးမျိုးသစ်တွေကို ဘယ်လိုဘယ်နည်း တီထွင်ထုတ်လုပ်ခဲ့သလဲ၊ ဘဝတူတောင်သူတွေကို ဘယ်လိုအကြံပြုချက်တွေနဲ့ တိုက်တွန်းအားပေးတာတွေ ပြုလုပ်ချင်သလဲဆိုတာတွေကို အခြားတောင်သူဦးကြီး၊ ဒေါ်ကြီးတို့ အတုယူ အားကျစေနိုင်ဖို့ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ ဦးလေး အခု မျိုးထုတ်ဖြန့်ချိပေးနေတာ ဘယ်မျိုးတွေလဲဗျ။
လောလောဆယ်တော့ မိကျောင်းသွယ်နဲ့ ဧရာအောင် စပါးမျိုးတွေကို ဖြန့်ပေးနေပါတယ်။
မေး။ ။ ဒီတော့ မိကျောင်းသွယ်စပါးမျိုးကနေ စပြောလိုက်ကြရအောင်။ ဒီမိကျောင်းသွယ်မျိုးစပါးက ဘယ်လို ကနေ စတင်ဖြစ်တည်လာတာလဲ...
ဖြေ။ ။ ပထမတော့ မေတ္တာ Farmer field school က ဆင်းသုခမျိုးတွေ ယူလာတာပေါ့။ အဲ့မှာ စိုက်လိုက်တဲ့အခါမှာ နည်းနည်းပါးပါး ထွန်းလာတာလေးတွေ ပါလာတာပေါ့။ အဲ့ဒီထဲကမှ အသက်ကလည်းယဉ်၊ အနေအထား လည်း မဆိုးဘူးဆိုတဲ့ မျိုးတစ်ခုကို သီးသန့်တိုင်စိုက်မှတ်ထားပြီးတော့ အဲ့ဒီတစ်ရုံကို မျိုးပြန်စိုက်ကြည့်လိုက် တာပေါ့။ ပြန်စိုက်တော့ အဲ့မှာတင် မျိုးက ၂ မျိုးပြန်ထပ်ထွက်တယ်ဗျ။ ဆင်းသုခကျတော့ ၁၃၅ ရက်လေ။ သူက ကျ ၁၀၅၊ ၁၁၀ လောက်ပဲဆိုတော့ မျိုးကတော့ မတူဘူးလေ။ တခြားစပါးတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တော့လည်း သူက မတူဘူးဗျ။ ပထမတော့ ကျွန်တော်က မျိုးမသန့်လို့များလား၊ တခြားမျိုးစေ့များပါလာတာလားဆိုပြီး စဉ်း စားတာပေါ့။ ဒါပေမဲ့ တခြားစပါးနဲ့ယှဉ်ကြည့်တဲ့အခါ မတူတော့ ပြန်စိုက်ကြည့်လိုက်တာပေါ့။
နောက် သူ့ထဲမှာပဲ မျိုး ၂ မျိုး ထပ်ကွဲထွက်တယ်။ အဲ့ဒီစပါးတစ်ရုံတည်းကနေပဲ။ အဲ့တော့ အဲ့ဒီခေတ်တုန်းကတော့ အသွယ်က ပိုပြီး ဈေးကွက်ဝင်တဲ့ခေတ်ဆိုတော့ ကျွန်တော်က အသွယ်ကိုပဲ ရွေးလိုက်တာ။ ဆင်းသုခလို ပုတဲ့ဟာကျ ကျွန်တော်က မျိုးမယူဘူးပေါ့နော်။ တစ်လိုင်းပဲ ကျွန်တော်သွားလိုက်တာပေါ့။ အဲ့တော့ နောက် တစ်ရာသီကျ ကျွန်တော် အဲ့ဒီမျိုးကို ပြန်စမ်းကြည့်တော့ ထွန်းတာမတွေ့တော့ဘူး။ တော်တော်ငြိမ်လာတာပေါ့။ အဲ့ဒါပြီးတော့ ကျွန်တော် နောက်တစ်ရာသီ ထပ်စိုက်ကြည့်တယ်။ မျိုးယဉ်သွားတော့မှ တခြားတောင်သူတွေဆီ ဖြန့်ပေးတာပေါ့။ သူ့သက်တမ်းကတော့ ၁၀၅၊ ၁၁၀ ပဲ။ သီးထပ်ယဉ်နဲ့သိပ်မကွာဘူး။ ဒါပေမဲ့ တစ်နှံပါသီးလုံး ကျတော့ သူကပိုမြင့်တယ်။
မေး။ ။ ဆိုတော့ အပြင်ပန်းလက္ခဏာအရ ဘယ်လိုအားသာချက်တွေကို မြင်ပြီး စိတ်ဝင်စားသွားတာလဲ။
ပြောမယ်ဆိုရင် ဒီမှာ အသက်ယဉ်တွေဆို နောက်တစ်သီးပြန်လုပ်ကြတာရှိတယ်။ ဆောင်းတစ်သီးပြန်လုပ်တဲ့ အခါမှာ အသက်ယဉ်တဲ့မျိုးဆိုရင် ပိုပြီး စိတ်ချရတယ်ပေါ့။ ပြီးတော့ သူက ပင်ပွားနှုန်းလည်းကောင်းတယ်။ တစ်နှံ ပါသီးလုံးကျတော့လည်း တခြားစပါးနဲ့မတူဘူး။ များတာလည်းပါတယ်။ အဲ့ဒါတွေလည်းပါတာပေါ့။ သူ့ကို ပြန်စိုက်တော့ မျိုးလိုင်းနှစ်လိုင်းထွက်လာတဲ့ဟာကို ကျွန်တော်က ကောက်ကြည့်တဲ့အခါကျတော့ အသွယ်မျိုးကို လူတွေက ပိုပြီးတော့စိတ်ဝင်စားတယ်လေ။ ဈေးကွက်မှာကျ အသွယ်က ပိုဈေးကွက်ကောင်းတယ်ဆိုပြီး ကျွန်တော်က လိုင်းတစ်လိုင်းပဲ ယူမိခဲ့တာပေါ့။ အမှန်က နှစ်လိုင်းလုံးယူမိခဲ့ရင်လည်း ဈေးကွက်က သူ့ဟာနဲ့သူ ကောင်းနိုင်မှာပါပဲ။
မေး။ ။ မျိုးယဉ်သွားတဲ့အထိဆို ဘယ်လောက်ထိ မွေးယူခဲ့ရလဲ။
နောက်တစ်ရာသီ ကျွန်တော်ပြန်စမ်းတော့ နှစ်မျိုး ပြန်ကွဲထွက်တယ်လေ။ အဲ့လိုဆိုတော့ လိုချင်တဲ့ တစ်မျိုးတည်းကို ယူပြီး နောက်တစ်ရာသီထပ်စိုက်တာပေါ့။ အဲ့မှာကျတော့ ယဉ်သွားသလိုရှိတာပေါ့။ မျိုးကွဲက သိပ်မတွေ့တော့ဘူး။ အဲ့ဒီတော့ နောက်တစ်ရာသီထပ်မွေးပြီး စိတ်ချရပြီဆိုမှ တခြားတောင်သူဆီ ဖြန့်ပေး တာပေါ့။
မေး။ ။ ပွားယူတဲ့ပုံစံအဆင့်ဆင့်လေးကိုလည်း တခြားတောင်သူတွေပါသိသွား နားလည်သွားစေချင်လို့ ရှင်းပြ ပေးပါဦး။
မျိုးသန့်ပြန်ထုတ်တဲ့အချိန်မှာကျတော့ ကျွန်တော် ၆ တန်း ၁ တန်းလှပ်၊ ၉ လက်မပတ်လည်ပုံစံလောက်နဲ့ စိုက်တာပေါ့။ နောက်ဆုံးပြောမယ်ဆိုရင် အရည်အသွေးပိုသေချာအောင် အနှံအကောင်းဆုံး အရုံ ၅၀ စာလောက် လိုက်ဖြတ်ပြီး သီးသန့်ပြန်ထုတ်တာပေါ့။ တစ်ရုံတည်းက ယူတဲ့ဟာမျိုး မဟုတ်တော့ပဲနဲ့ပေါ့။ နောက်တစ်ချက်က ဆန်နီကင်းမကင်းသေချာဖို့ ချွေထားတဲ့စပါးထဲက အလုံး ၁၀၀ လောက်ကို အခွံခွာကြည့်၊ အဲ့ဒီကနေ အပင် ၁၀၀ လောက်ကို ပွားယူပြီး သေချာတဲ့မျိုးကို ပျိုးယူတာပေါ့။ အဲ့ဒီကနေ အဆင့်ဆင့်ပျိုးယူပြီး တောင်သူလက်ထဲကို ထည့်ပေးတာပေါ့။
မေး။ ။ မိကျောင်းသွယ်ဆိုပြီး နာမည်ပေးဖြစ်သွားတဲ့အကြောင်းလေးကို ပြောပြပေးပါဦး။
အဲ့ဒါကတော့ ကျွန်တော်တို့နေတဲ့ရွာက ကန်ကြီးထောင့်မြို့နယ်၊ ထိန်တောကြီးအုပ်စု၊ မိကျောင်းသိုက် ကျေးရွာကိုး။ အဲ့ဒီတော့ ကိုယ့်ရဲ့ရွာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ပေးဖြစ်သွားတာပေါ့။
မေး။ ။ တောင်သူတွေလက်ထဲကို ဖြန့်ပေးဖြစ်တာကော ဘယ်နှစ်နှစ်လောက်ရှိသွားပြီလဲ။
အဲ့ဒါကတော့ ကျွန်တော် ဒီမျိုးကို စတွေ့ပြီး စပွားတာက ၂၀၁၁ လောက်ကဆိုတော့ ၃ ရာသီလောက်ပွားပြီး ၂၀၁၄ မိုး၊ ဆောင်းလောက်ကျမှ ကျွန်တော် ဖြန့်ပေးဖြစ်တာပေါ့။ ရင်းနှီးတဲ့တောင်သူတွေဆီပေးရင်းနဲ့ ကျယ်ပြန့်လာ တာပေါ့။
မေး။ ။ ဒီမျိုးရဲ့အမြင့်ဆုံးအထွက်နှုန်းဆို ဘယ်လောက်အထိ ရနိုင်သလဲ။
ကျွန်တော်လုပ်တာကတော့ ၁၀၀ ကျော်လောက်ထိ ထွက်တယ်ဗျ။ တချို့ သာပေါင်းအုပ်စုဘက်မှာ လုပ်တာ ကျတော့ သူတို့က ၁၇၀၊ ၁၈၀ လောက်ထိတောင် ထွက်တယ်လို့ ပြောတယ်ဗျ။ မြေခံ၊ ရေခံကလည်း စကား ပြောသွားတာပေါ့နော်။
မေး။ ။ သူ့ရဲ့ဆန်အရည်အသွေးကျတော့ကော ဘယ်လိုရှိလဲဗျ။
သူကတော့ ဧည့်မထအုပ်စုဆိုတော့ မကြမ်းဘူးပေါ့။ စားလို့အဆင်ပြေတယ်ပေါ့။ ဗိုက်ဖြူမပါဘူး။
မေး။ ။ မျိုးကို ဝယ်သုံးတဲ့တောင်သူတွေဘက်ကကျတော့ကော တုံ့ပြန်မှုတွေ ဘယ်လိုတွေ ပြန်ကြားရလဲ။
ပြောမယ်ဆိုရင်တော့ သာပေါင်း ရေကျနောက်စိုက်မြေအုပ်စုဘက်မှာတော့ ဒီမျိုးနဲ့ တော်တော်လေး စီးပွားဖြစ်သွားတယ်ဆိုပြီး ပြန်ပြောကြတယ်။ သူတို့ဘက်ကကျ နုန်းတင်မြေနုတွေဆိုတော့ ဓာတ်မြေဩဇာတောင် သိပ်မသုံးရဘဲ တအားကောင်းကြတာပေါ့ဗျာ။ သူက စည့်(စပါးကျီ) မကာတဲ့စပါးပေါ့ဗျာ။ စပါးတွေက တအား ပိုလျှံနေတော့ စည့်တောင်မကာဘူးပေါ့ဗျာ။ အဲ့လိုပြောကြတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အဲ့လောက်ကြီး မဟုတ်ပါဘူး။ ပုံမှန်လောက်ပဲပေါ့။
မေး။ ။ စပါးပင်အရပ်အမြင့်နဲ့ တောင့်တင်းမှုအနေအထားကကော ဘယ်လောက်လောက်ရှိလဲ။
သူက လက်မအားဖြင့်ဆို ၃၆၊ ၃၇ လောက်ပဲရှိတယ်။ သီးထပ်ယဉ်နဲ့ လယ်ပယ်လောက်ပဲပေါ့။ တောင့်တင်းမှု လည်း သူက သီးထပ်ယဉ်နဲ့သိပ်မကွာဘူး။ ဒါပေမဲ့ အသီးအရောင်ကတော့ သူက အဝါဘက်ပါတယ်။ အနှံထွက် မှာလည်း တအားလှတယ်။ အပင်ပုတော့ ကြည့်လိုက်ရင်လည်း စပါးကအနှံချည်းပဲ အရွက်မတွေ့ရဘူး။
မေး။ ။ ဒီလိုမျိုးလုပ်လို့ရတယ်ဆိုတဲ့ နည်းပညာ အသိတွေကိုကျ ဘယ်လိုကနေ ဘယ်လိုသိလာတာလဲ။
ကျွန်တော်တို့က မေတ္တာဖောင်ဒေးရှင်းနဲ့ဆက်သွယ်ပြီးတော့ သင်တန်းတွေတက်၊ သူတို့ပေးတဲ့သင်တန်းတွေနဲ့ ဆက်သွားတာပေါ့နော်။ မျိုးပွားယူတဲ့အပိုင်းကျတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ကြည့်တာလည်း ပါတာပေါ့။ ပထမတော့ Farmer field school အဆင့်ကိုး။
အပိုင်း(၂) ဧရာအောင်စပါးမျိုးဖြစ်ပေါ်လာပုံအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မျိုးစပါး
Zaw Linn Oo
လွန်ခဲ့သော ၂ လ ကမှာယူလိုတယ်
ဇင်ဘိုလွင်
လွန်ခဲ့သော ၃ နှစ် ကအပေါ်မှာပေးထားတဲ့ မန်းမြင့်အောင်ဖုန်းကို ဆက်သွယ်ကြည့်ပါခင်ဗျာ
ကျော်ဆန်း
လွန်ခဲ့သော ၃ နှစ် ကဧရာအောင်စပါးမျိုးကိုဘယ်လိုနေရာတွေမှာဝယ်ယူလို့ရမလဲ ခဗျ
ဦးကြည်ဝင်း
လွန်ခဲ့သော ၃ နှစ် ကဟုပ်ဆက်သွယ်ပီးပါပြီခင်ဗျာ ကျေးဇူးပါ
ဇင်ဘိုလွင်
လွန်ခဲ့သော ၃ နှစ် ကအပေါ်မှာ မန်းမြင့်အောင်ဖုန်းပေးထားပါတယ်ခင်ဗျာ ဆက်သွယ်ကြည့်လို့ရပါတယ်
ဆက်စပ်ဆောင်းပါးများ
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
မိကျောင်းသွယ်နဲ့ ဧရာအောင်စပါးမျိုးတွေရဲ့ပိုင်ရှင် လယ်သမားကြီးမန်းမြင့်အောင် (၂)
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026