ယင်ကောင်နက် (BSF) မွေးမြူရေး(၆) အညစ်အကြေး လက်ခံရယူရေး
အညစ်အကြေး လက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှု ယူနစ် (လက်တွေ့လုပ်ငန်းများ)

BSF သားဖောက်စခန်းတစ်ခုတွင် လုပ်ငန်းယူနစ် ၅ ခု ဖွဲ့စည်းကာ စီမံခန့်ခွဲရန် အကြံပြုထားရာ အညစ်အကြေး လက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှုယူနစ် (Waste receiving and pre-processing unit) သည် ကုန်ကြမ်းလက်ခံရာနေရာဖြစ်ပြီး ယင်းကုန်ကြမ်းများကို BSF သားလောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် အသင့်ဖြစ်အောင် ပြင်ဆင်ပေးရသည့် ယူနစ်ဖြစ်ပါသည်။
ယင်းယူနစ်တွင် အောက်ပါလုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
လက်ခံရယူခြင်း
- ယူနစ်သို့ စွန့်ပစ်အညစ်အကြေးများရောက်ရှိလာသည်နှင့်တပြိုင်နက် အရည်အသွေးစစ်ဆေးမှုကို စတင်လုပ်ဆောင်ရမည် ဖြစ်သည်။ အန္တရာယ်ရှိသောအရာများပါဝင်သည့် စွန့်ပစ်အညစ်အကြေးများကို လက်ခံခြင်း မပြုသင့်ပါ။ ၄င်းတို့သည် သားလောင်းများနှင့် လက်ကျန်အညစ်အကြေးအနည်အနှစ်များ၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။
- အထူးသဖြင့် အရည်ပုံစံဖြင့်ရှိနေသော အန္တရာယ်ရှိပစ္စည်းများ (liquid pollutants) သည် အညစ်အကြေးများထဲတွင် အလွယ်တကူ ပျော် ဝင်နိုင်ပြီး စမ်းသပ်ရှာဖွေရန် ခက်ခဲသဖြင့် ပို၍ သတိထားကာ စစ်ဆေးသင့်ပါသည်။
- BSF စခန်းတွင် အညစ်အကြေးများ လက်ခံရယူရန် တာဝန်ရှိသူသည် အညစ်အကြေးများတွင် ပါဝင်လာနိုင်ချေရှိသည့် အန္တရာယ်ရှိပစ္စည်းများ (potential hazard) အကြောင်းကို ကောင်းစွာသိရှိထားသူ ဖြစ်သင့်ပါသည်။
- အညစ်အကြေး တစ်သုတ်ရောက်ရှိလာတိုင်း လက်ခံရယူသူအနေဖြင့် ယင်းအညစ်အကြေးများ၏အရင်းအမြစ်နှင့် ပါဝင်လာနိုင်ချေရှိသော အန္တရာယ်ရှိပစ္စည်းများကို မေးမြန်းပြီးမှ လက်ခံရယူရမည် ဖြစ်ပါသည်။ အန္တရာယ်ရှိသောပစ္စည်းများ ပါဝင်လာသည်ဟု သံသယဖြစ်ရန် ခိုင်လုံသော အကြောင်းရှိပါက ၎င်းတို့ကို လက်မခံဘဲ ပယ်သင့်ပါသည်။
- ထိုသို့ မေးမြန်းပြီးနောက် မျက်မြင်စစ်ဆေးမှု ဆက်လက်ပြုလုပ်ရပါမည်။
အကြမ်းသန့်စင်ခြင်း (Rough sorting)
- အညစ်အကြေးများ၏ အရည်အသွေးကို စစ်ဆေးလက်ခံပြီးနောက်၊ အညစ်အကြေးသယ်ဆောင်လာသည့် ယာဉ်ပေါ်မှ သြဂဲနစ်အညစ်အကြေးများကို သယ်ယူကာ အညစ်အကြေးချေစက် (shredder) အနီးတွင် ချရမည်။
- ထိုသို့ဆောင်ရွက်နေစဉ်မှာပင် သြဂဲနစ်မဟုတ်သော အရာများပါဝင်လာပါက ဖယ်ရှားရမည်။ ယင်းကို အကြမ်းသန့်စင်ခြင် (rough sorting) ဟု ခေါ်သည်။
အရွယ်အစားလျှော့ချခြင်း (Waste particle size reduction)

ဇီဝအညစ်အကြေးများ၏ အရွယ်အစားကို လျှော့ချရန်နှင့် ပါဝင်ပစ္စည်းများ တစ်သားတည်း ရောနှောသွားရန်အတွက် ၎င်းတို့ကို စက်ဖြင့် ကြိတ်ချေခြင်း (shredding) ပြုလုပ်ပေးရန် လိုအပ်သည်။ သို့မှာသာ သားလောင်းများနှင့် ဗက်တီးရီးယားများ က ၄င်းတို့၏ အစာကို အလွယ်တကူ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။
- အညစ်အကြေးချေစက်၏ အထွက်ပိုင်းတွင် တံဆိပ် (label)ကပ်ထားသော ပုံးတစ်ပုံးကိုထားကာ ချေစက်ကို ဖွင့်ပေးရမည်။
- အညစ်အကြေးချေစက်ထဲသို့ အညစ်အကြေးများ ထည့်နေစဉ်အတွင်း သြဂဲနစ်မဟုတ်သော ပစ္စည်းများကို ဖယ်ရှားပေးရမည်။
- စက်ထဲသို့ အညစ်အကြေးများ ထည့်ရာတွင် လွယ်ကူစေရန် သစ်သားချောင်းဖြင့် ထိုးပေးနိုင်သည်။
- ကြိတ်ချေပြီး အညစ်အကြေးများ ပုံးအတွင်းပြည့်သွားပါက တံဆိပ်ကပ်ထားသော ပုံးအသစ်ဖြင့် အစားထိုးပေးရမည်။
- ကြိတ်ချေပြီးသော ဇီဝအညစ်အကြေးများ၏ အရွယ်အစားမှာ အချင်း ၁-၂ စင်တီမီတာခန့်သာ ရှိသင့်သည်။
အလေးချိန် ချိန်တွယ်ခြင်း (Weighing)
ကြိတ်ချေပြီး အညစ်အကြေးများပါဝင်သည့် ပုံးကို ကတ္တားပေါ်တင်ကာ အလေးချိန် ချိန်တွယ်ပြီး မှတ်တမ်းတင်ထားရမည်။ ထိုသို့ မှတ်တမ်းတင်ထားမှသာ သားလောင်းများအတွက် သင့်လျော်သည့် အညစ်အကြေးပမာဏကို ချိန်တွယ် ကျွေးမွေးနိုင်မည် ဖြစ်သည်။
အညစ်အကြေးအားလုံးကို ကြိတ်ခွဲချေမွပြီးပါက စက်၏ အတွင်း၊ အပြင်နှင့် ပတ်ဝန်းကျင်ကို ဖိအားမြှင့်ရေပိုက်ဖြင့်ထိုး၍ သန့်ရှင်းအောင် ဆေးကြောပေးရမည်။ ထွက်ရှိလာသော ရေဆိုးများကို ကောင်းစွာ စွန့်ပစ်ရန် လိုအပ်သည်။
- (၁) အညစ်အကြေးချေစက် (shredder) – အညစ်အကြေးချေစက် အမျိုးမျိုးရှိနိုင်သည်။ hammer mill သို့မဟုတ် single-shaft shredder ၊ twin-shaft shredder တို့ကို အသုံးပြုနိုင်သည်။
- (၂) အညစ်အကြေးထည့်သည့်ပုံး (buckets) - အညစ်အကြေးများ ထည့်ထားရန် ဖြစ်သည်။
- (၃) ကတ္တား (bulk scale) – ၁၅၀ ကီလိုဂရမ်အထိ ချိန်တွယ်နိုင်ရမည်။
လိုအပ်ပါက အစိုဓာတ်လျှော့ချခြင်း (Dewarting)
အစိုဓာတ်လျှော့ချမှု မပြုလုပ်မီ အညစ်အကြေးတွင် ရှိနေနှင့်ပြီးသား အစိုဓာတ်ကို ကြိုတင်တိုင်းတာသိရှိထားရန် လိုအပ်သည်။ ချေမွထားပြီးသားအညစ်အကြေးများတွင် ပါဝင်သည့် အစိုဓာတ်ပမာဏကို လက်ဖြင့်တိုင်းတာစစ်ဆေးရမည်။
အညစ်အကြေးများကို လက်တစ်ဆုပ်ရယူ၍ ညှစ်ကြည့်ပါ။
လက်ချောင်းများအကြားမှ ရေစက်အနည်းငယ်သာ ကျဆင်းလာပါက အစိုဓာတ် ၆၀% အောက်သာ ရှိသည်ဟု ယူဆနိုင်သည်။ ယင်းအခြေအနေတွင် အစိုဓာတ် ၇၀ ရာခိုင်နှုန်းခန့် ရရှိလာစေရန် ရေအနည်းငယ် ထည့်ပေးရမည်။ အညစ်အကြေးများထဲသို့ ရေထပ်ထည့်ပေးပါက အသုံးပြုသည့်ရေသည် ဘေးကင်းပြီး ရောဂါပိုးမွှားများ၊ heavy metals များနှင့် အခြားသော အာဟာရဓာတ်ကို ပျက်စီးစေသည့် အရာများ မပါဝင်ရန် လိုအပ်ပါသည်။
အကယ်၍ အညစ်အကြေးများသည် သစ်သီးဖျော်စက်ထဲတွင် သစ်သီးများ ကြိတ်ချေပြီး အရည်ဖျော် ထားသကဲ့သို့ အရည်များကဲ့သို့ ဖြစ်နေပါက ရေဓာတ် ၈၅% အထက်တွင် ရှိနေသည်ဟု ယူဆနိုင်သည်။ ၄င်းအခြေအနေတွင် အစိုဓာတ် (ရေ) ကို ၈၅% အောက် (အကြမ်းဖျဉ်း ၈၀% ဝန်းကျင်) သို့ ရောက်အောင် လျှော့ချရန် လိုအပ်သည်။ (ရေဓာတ်လျှော့ချရန် နည်းလမ်းများကို သီးသန့် ဖော်ပြပါမည်။)
သတိပြုရမည့် အချက်များ
- ဇီဝအညစ်အကြေးများအား ချေစက်ဖြင့် ကြိတ်ချေနေစဉ်တွင် ဝန်ထမ်းများသည် လက်အိတ်နှင့် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားရန် လိုအပ်သည်။ မျက်လုံးနှင့် နားရွက်ကိုလည်း ကာကွယ်ထားရမည်။ အညစ်အကြေးများထဲတွင် ရောဂါပိုးမွှားများ ပါဝင်နေသဖြင့် လူသို့ ကူးစက်ခြင်း မရှိရအောင် ကာကွယ်ပေးရခြင်း ဖြစ်သည်။
- ချေစက်ကို အသုံးပြုရာတွင် လိုက်နာရမည့် ဘေးကင်းလုံခြုံရေး စည်းကမ်းများအားလုံးကို မဖြစ်မနေ လိုက်နာရမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။
Khin Zar Hlaing • ဖြေကြားချက် 1 ခု
ဥစားကြက်အကောင်ရေ၁၀၀ဆိုရင်ခြံအကျယ်ဝန်ဘယ်လောက်ဆောက်ရလဲ
ကိုသီဟ • ဖြေကြားချက် 1 ခု
မွေးမြူရေးနှင့်ပတ်သက်သောဆေးဝါးများရောင်းချင်လို့ပါရန်ကုန်ကပါ နယ်ဆိုလဲအရောက်ပို့ပေးနိုင်ပါတယ် အဓိကသုံးနိုင်တဲ့တိရစ္ဆာန်တွေကတော့ ဆိတ် နွား မြင်း ဝက် ခွေးဈေးနှုန်းတွေသက်သာပါမယ်ရရှိနိုင်သောဆေးစာရင်းများပို့ပေးပါမယ်ရှင့်ဆက်သွယ်ပေးပါ။09975695505
Myint Myat Tharaphyi Aung • ဖြေကြားချက် 1 ခု
အသားတိုးကကြက်၁၀၀၀အတွက်အစာခွက်ဘယ်လောက်ရေဘူးဘယ်လောက်အသုံးပြုရပါသလဲ
Nyein Nyein chan • ဖြေကြားချက် 1 ခု
ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)
Ko Kyi • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025