အသားတိုးကြက်မွေးမြူရေး မိတ်ဆက် (၁)
"အဝေးက မြက်ဟာ ပိုစိမ်းတယ်" ဟူသော ဆိုရိုးစကား ရှိပါသည်။ အဖက်ဖက်က ကျဆင်းလာနေသည့် လူမှုစီးပွားဘဝအခြေအနေများကြောင့် မိမိလုပ်ကိုင်နေသော စီးပွားရေးကို စိတ်ကုန်လာကာ ပိုမို၍ တွက်ချေ ကိုက်သည်ဟု ယူဆမိသော လုပ်ငန်းသစ်တစ်ခုခုသို့ ကူးပြောင်းရန် စိတ်ကူးသူများကို မကြာခဏ တွေ့ရပါ သည်။ ထိုအထဲတွင် "အသားတိုးကြက် မွေးမြူရေးလုပ်ရင် ကောင်းမလား” ဟု စဉ်းစားသူအများအပြား ပါဝင်ပါသည်။

အသားတိုးကြက်မွေးမြူရေးသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအနက် အချိန်တိုအတွင်း (၄၅ ရက် အတွင်း) ငွေပြန်ပေါ်နိုင်သည့် လုပ်ငန်းဖြစ်ရာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားစရာ လုပ်ငန်းတစ်ရပ် ဖြစ်လာသည် မှာ မထူးဆန်းပါ။ သို့သော် ထိုသို့ အချိန်တိုနှင့် ထုတ်လုပ်ရသည့်အတွက်ပင် အမှားမခံသည့် လုပ်ငန်းတစ်ခု ဖြစ်သည်ကိုလည်း မမေ့လျော့သင့်ပါ။ ထို့ကြောင့် ယခုမှ စတင်ကာ အသားတိုးကြက်မွေးမြူလိုသူများ အနေ ဖြင့်၊ အသားတိုးကြက် မွေးမြူထုတ်လုပ်ရေးနည်းပညာနှင့် အသားတိုးကြက်မွေးမြူရေး၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကို အခြေခံသဘော ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။
ကြီးထွားနှုန်း အလွန်ကောင်းခြင်း
အသားတိုးကြက်တစ်ကောင်၏ ဥ က ပေါက်ခါစ အလေးချိန်မှာ ၄၀ ဂရမ် ဝန်းကျင်သာ ရှိပါသည်။ ထို ကြက်ကလေးသည် အချိန် ၇ ပတ် (၄၂ ရက်) အကြာတွင် အလေးချိန် ၂.၈ ကီလိုဂရမ် (၂၈၀၀ ဂရမ်) အထိ ကြီးမားလာနိုင်ပါသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အလေးချိန် ၆၆ ဂရမ် ခန့် တိုးနေခြင်း ဖြစ်ပါသည်။ တ နည်းအားဖြင့် အသားတိုးကြက်တစ်ကောင်သည် ၇ ပတ်အတွင်း ကိုယ်အလေးချိန် အဆ ၇၀ ကြီးထွားလာ ရခြင်း ဖြစ်ပါသည်။
ထိုမျှ လျင်လျင်မြန်မြန် ကြီးထွားရန်အတွက် တော်တန်ရုံ ဂရုစိုက်မှုမျိုးနှင့် မဖြစ်နိုင်သည်မှာ ငြင်းစရာ မလို အောင် ထင်ရှားပြီး၊ သဘာဝလည်းကျ၊ မျှလည်း မျှတပါသည်။
တစ်နှစ်အတွင်း မွေးမြူနိုင်သည့် အကြိမ်ရေ
အသားတိုးကြက်များကို ကာလတိုမွေးမြူကာ ဈေးကွက်တင် ရောင်းချနိုင်ခြင်းက ယင်းလုပ်ငန်းအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကြက်တစ်သုတ် မွေးမြူရန် ၇ ပတ်ခန့် ကြာမြင့်သည်။ တစ်သုတ်နှင့် တစ်သုတ်ကြားတွင် အနည်းဆုံး ၂ ပတ် (ဖြစ်နိုင်လျှင် ၃ ပတ်) ခြား၍ မွေးမြူရသည်။ ထိုသို့ ခြံကို နားထားချိန်တွင် ခြံအား ပိုးသတ်သန့်စင်ခြင်း၊ နောက်တစ်သုတ်အတွက် ပြင်ဆင်ခြင်းများ လုပ်ဆောင်ရသည်။ ထို့ကြောင့် ကြက်တစ်သုတ်အတွက် ပျမ်းမျှကြာချိန်မှာ ၉-၁၀ ပတ်ခန့် ရှိသည်ဟု ဆိုနိုင်ပါသည်။ အချို့ကာလ များတွင် ကြက်ကို အနည်းငယ်စော၍ ရောင်းချသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ သို့ဖြစ်ရာ တစ်နှစ် လျှင် အသားတိုးကြက် ၅-၆ သုတ်ခန့် မွေးမြူနိုင်မည်ဟု အကြမ်းသဘော ယူဆနိုင်ပါသည်။
ကုန်ကျစရိတ် ကြီးမြင့်ခြင်း
အသားတိုးကြက်များ၏ ကြီးထွားနှုန်းမှာ မြင့်မားသလို၊ မြန်ဆန်လှသဖြင့် ယင်းနှင့်ကိုက်ညီသော အစာ အာဟာရကိုလည်း လုံလောက်အောင် ဖြည့်ဆည်းပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အသားတိုးကြက်မွေးမြူရေးတွင် ထုတ်လုပ်မှုကုန်ကျစရိတ်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ အစာဖိုး ကုန်ကျ စရိတ် ဖြစ်ပါသည်။ ထိုအစာဖိုးအတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏက ကြီးမြင့်သည်ကိုလည်း သတိ ပြုရမည် ဖြစ်ပါသည်။
ကြက်စာဖိုးအပြင် ကြက်ကျန်းမာရေးနှင့် အခြားသော စီမံခန့်ခွဲမှုများအတွက်လည်း ကုန်ကျစရိတ်မှာ မြင့်မား သည်ကို မမေ့လျော့သင့်ပါ။
စွန့်စားရခြင်း
ကာလတိုအတွင်း အလွန်အမင်းကြီးထွားရခြင်းသည် အသားတိုးကြက်များကို အခြားမွေးမြူရေး သတ္တ ဝါများထက် ပို၍ ရောဂါ၊ ရာသီဥတု၊ အစာအာဟာရချို့တဲ့မှု စသည့် ဒဏ်များကို ခံနိုင်ရည် ကျဆင်းစေပါသည်။ အခြားတစ်ဖက်တွင် အသားတိုးကြက်များကို မွေးမြူရာတွင် အကောင်ရေ မြောက်များစွာကို နေရာ ကျဉ်းကျဉ်းတွင် မွေးမြူကြခြင်းဖြစ်ရာ ရောဂါကူးစက်မှုက ပိုမိုလွယ်ကူစေပါသည်။ ဖြစ်ပွားသည့် ရောဂါ များမှာလည်း ကူးစက်မှုနှုန်းသာမက သေနှုန်းပါ မြင့်မားသည့် ရောဂါများ ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် အသားတိုးကြက်မွေးမြူရေးမှာ အလျော်အစားကြီးပြီး စွန့်စားရသည့် လုပ်ငန်းတစ်ခု ဖြစ်သည်ကို သတိပြု သင့်ပါသည်။
အစာဈေးနှုန်း အရှိနှင့်မြင့်တက်နိုင်ခြင်း၊ ကြက်ခြံဖမ်းဈေးနှုန်း အရှိနှင့် လျော့ကျနိုင်ခြင်း စသည့် စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိနေပြန်ရာ အသားတိုးကြက်မွေးမြူရေးအတွက် စွန့်စားလုပ်ဆောင်ရမှု အတိုင်း အဆမှာ ပို၍ပင် ကြီးမားလာပြန်ပါသည်။
ရာသီဥတု
ထုတ်လုပ်မှုမြင့်မားလေလေ၊ ၄င်းတို့အတွက် လိုအပ်သည့် အကောင်းဆုံးပတ်ဝန်းကျင် အခြေအနေကို ဖန်တီး ပေးရန် လိုအပ်လေလေဖြစ်ပါသည်။ ကြက်များအတွက် အသင့်လျော်ဆုံး ပတ်ဝန်းကျင် အပူချိန်မှာ ၁၈ - ၂၄ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေရာအတော်များများတွင် ယင်းအပူချိန်မျိုးကို တစ်နေ့လုံး၊ တစ်နှစ်ပတ်လုံး ရရှိနိုင်ရန် မဖြစ်နိုင်ပါ။ များသောအားဖြင့် ကြက်များသည် အပူဒဏ်ကို မြင့်မြင့်မားမား ခံစားကြရမည် ဖြစ်ပါသည်။ ကြက်များအတွက် အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်ရန် အဆင့်မြင့် ကြက်ခြံများကို တည်ဆောက်မည်ဆိုပါက ငွေပင်ငွေရင်းပမာဏ အမြောက်အများ လိုအပ်မည် ဖြစ်ပါသည်။ အကယ်၍ ပတ်ဝန်းကျင်ကို မထိန်းချုပ်နိုင်သည့် ခြံအမျိုးအစားဖြစ်ပါက ငွေကြေးရင်းနှီးမြှုပ်နှံမှု လျော့ကျသွားသလို၊ ကြက်များ၏ ထုတ်လုပ်မှုမှာလည်း (ကြက်များက အမှန်တကယ်ထုတ်လုပ်နိုင်သည့် ပမာဏသို့ မရောက်ဘဲ) လျော့ကျနေမည်သာ ဖြစ်ပါသည်။ ယင်းအချက်မှာ ကြက်မွေးမြူရေး မစတင်မီ ကြိုတင်သိရှိ သတိပြုထားရမည့်အချက် ဖြစ်ပါသည်။)
ရာသီဥတုပူပြင်းသည့် ကာလများတွင် အသားတိုးကြက်ထုတ်လုပ်မှု လျော့ကျပြီး ကြက်သားဈေးမြင့် မားတတ်ပါသည်။ တပြိုင်နက်တည်းတွင် ထိုကာလများ၌ ရောဂါကျရောက်ကာ ကြက်သေဆုံးမှုကလည်း မြင့် မားနိုင်ပြန်ပါသည်။ ထိုအခြေအနေတွင် အကျိုးအမြတ်နှင့် စွန့်စားရမှုကို ချိန်ဆဆောင်ရွက်ရန် လိုအပ်ပါ သည်။
(ဆက်လက်ဖော်ပြပါမည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကြက်အသားတိုးမွေးမြူနည်း
Kaung Htet Hlan
လွန်ခဲ့သော ၁ နှစ် ကဂရုတစိုက်မွေးမြူရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်မွေးမြူရေးသမားအပေါင်းတို့အထူဂရုစိုက်မွေးမြူကြပါခင်ဗျား အခုလို့မျှဝေပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ခင်ဗျား🙏
kosoeThuya
လွန်ခဲ့သော ၁ နှစ် ကကြက်စာစပ်နည်းသိချင်ပါတယ်အသားတိုးအတွက်
ဦးဘို
လွန်ခဲ့သော ၂ နှစ် ကလုပ်ငန်း လိုင်စင် လိုပါသလား လိုအပ်ရင် ဘယ်လို လျှောက် ရမလဲ တချက် သိချင်ပါတယ်။
ဦးဘို
လွန်ခဲ့သော ၂ နှစ် ကသိန်း ၂၀ ရဲ့ စ ချင်ပါတယ်။ အဆင် ပြေ နိုင်မလား ကြက် အကောင်း ၁၀၀ လောက် ပဲ စ လုပ်ပါမည်။
ဦးဘို
လွန်ခဲ့သော ၂ နှစ် ကမွေးမြူနည် တင်ပေးလို့ ရမလားခင်ဗျား
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....