အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်မွေးမြူနည်းစနစ်အမျိုးမျိုးအကြောင်း

ဝက်မွေးမြူနည်းစနစ်အမျိုးမျိုးအကြောင်း

ဦးဇော်(dof)
ဦးဇော်(dof) • 21/10/2022

စီးပွားဖြစ် ဝက်မွေးမြူလိုသူများနှင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူလိုသူများအတွက် မိမိအဆင်ပြေသလို အသုံးပြုမွေးမြူနိုင်မည့် မွေးမြူနည်းစနစ်အမျိုးမျိုးကိ ဖော်ပြပေးလိုက်ပါသည်။

  • (က) လွှတ်ကျောင်း မွေးမြူနည်းစနစ်
  • (ခ) ခြံလှောင် မွေးမြူနည်းစနစ်
  • (ဂ) ဖွဲခင်းဖြင့် မွေးမြူသည့်နည်းစနစ်
  • (ဃ) ခြံခွဲမွေးမြူနည်းစနစ်တို့ ရှိကြပါသည်။

(က) လွှတ်ကျောင်းမွေးမြူနည်းစနစ်

  • စားကျက်မြေနှင့် မြေလွတ်မြေရိုင်းများရှိသောဒေသများတွင် လွှတ်ကျောင်းမွေးမြူနည်းစနစ်ကို ကျင့်သုံးရန် သင့်တော်ပါသည်။ 
  • လွှတ်ကျောင်းမွေးမြူနည်းစနစ်သည် နေ့အချိန်တွင် လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ပြီး သဘာဝအစားအစာများကို ရှာဖွေစားသောက်နိုင်သဖြင့် ဝက်များ၏ ပင်ကိုယ်ဓလေ့နှင့် ညီညွတ်သလို ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။
  • လွှတ်ကျောင်းခြင်းဖြင့် နေရောင်ခြည်နှင့် လေကောင်းလေသန့်ကို ရရှိစေပါသည်။
  • ထို့ပြင် လွှတ်ကျောင်းခြင်းသည် သဘာဝအစားအစာနှင့် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များကို ရှာဖွေစားသောက်နိုင်ပါသည်။
  • ဉာဉ့်အချိန်တွင် ဝက်များကို ရာသီဥတုဒဏ်မှ ကာကွယ်ပေးရန်အတွက် ခြံအဆောက်အဦထဲသို့ ပြန်လည်ထည့်သွင်းပေးရပါမည်။
  • ယခုအခါ ဖွံဖြိုးပြီးနိုင်ငံများဖြစ်သည့် အင်္ဂလန်၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံများတွင်လည်း လွှတ်ကျောင်းမွေးမြူနည်းစနစ်ကို ပြန်လည်ကျင့်သုံးလျက် ရှိပါသည်။
  • မျိုးဝက်မကောင်ရေ ၁၀ ကောင်ကို တစ်အုပ်စုဖွဲ့ပြီး ၁ ဧက အကျယ်ရှိ မြေကွက်ကို ကာရံထားသော ခြံဝင်းများထဲတွင် လွှတ်ကျောင်းကြခြင်း ဖြစ်သည်။
  • ဉာဉ့်အခါ အိပ်နားနေနိုင်ရန်အတွက် ရွှေ့ပြောင်းနိုင်သော အိပ်ဆောင်တဲများ ထားရှိပေးရပါမည်။

(ခ) ခြံလှောင်မွေးမြူနည်းစနစ်

  • ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင်မွေးမြူရေးတွင် ဝက်များကို ခြံလှောင်မွေးမြူရန် အထူးသင့်တော် သည်။
  • စီးပွားဖြစ် အမြောက်အများမွေးမြူသည့်အခါ ဝက်များ၏အသက်အရွယ်အလိုက် မျိုးဝက်၊ အသားတိုးဝက်၊ ဝက်သိုးများတို့ကို သီးခြားအဆောက်အဦ၌ ခြံလှောင်မွေးမြူနိုင်ပါသည်။
  • (၆ ပေ x ၈ ပေ)အကျယ်အဝန်းရှိ ခြံထဲတွင် ဝက်မကြီး ၅ ကောင်(သို့မဟုတ်) ဝက်လတ် ၁၅ ကောင် (သို့မဟုတ်) နို့ခွဲဝက်ကောင်ရေ ၂၀ မွေးမြူထားရှိနိုင်သည်။ 
  • ခြံအဆောက်အဦကို သစ်သားများဖြင့် ဆောက်လုပ်ပေးပါက တာရှည်အသုံးပြုနိုင်သည်။
  • မြေကြီးမှ ၁.၅ ပေ အမြင့် ၊ အခင်းကို ၂ ပေ x ၁ ပေ သစ်ဖြင့် ၁ လက်မခြားပေးပြီး ဘေးအကာကို ၃ ပေ x ၁ ပေ သစ်သားတန်းများကို ၆ ပေ ခြားပြီး ၁.၅ ပေ အမြင့် ကာထားပေးရမည်။
  • အဆောက်အဦ၏ လက်ခံတိုင်အမြင့်ကို ၆ ပေထားပြီး ဓနိမိုးပေးပါက လေဝင်လေထွက်ကောင်းပြီး နေပူဒဏ်မှ ကာကွယ်ထားပေးမည် ဖြစ်ပါသည်။ 

(ဂ) ဖွဲခင်းဖြင့်မွေးမြူသည့်နည်းစနစ်

  • ဝက်ခြံကို ကုန်ကျစရိတ်သက်သာပြီး အနံ့အသက်ဆိုးများ ကင်းစေရန် မြေစိုက်တဲများ ဆောက်လုပ်မွေးမြူနိုင်ပါသည်။
  • ရေမဝပ်သည့်နေရာ၌ အောက်ခံမြေကို ၁ ပေအနက်တူးပြီး မြေကျစ်အောင် ထုထောင်းပေးပြီးနောက် စပါးခွံ(သို့မဟုတ်) မြေပဲခွံ(သို့မဟုတ်)ရိုးပြတ်ကောက်ရိုး စသည်တို့ကို ၁ ပေခွဲမှ ၂ ပေထု အထူခင်းပြီး EM ဘိုကာရှီကို ဆွတ်ရုံမျှ ဖျန်းပေးထားပြီးပါက ဝက်များကို ထားရှိနိုင်ပါသည်။
  • ဤကဲ့သို့ ခင်းပေးထားသည့်အတွက် ဝက်များမှာ အခင်းကို တူးဆွနိုင်သည်။
  • ဤမွေးမြူနည်းစနစ်သည် အနံ့အသက်များကင်းပြီး ခြံအတွင်း သန့်ရှင်းမှုရှိသည်။
  • နှစ်စဉ် အခင်းများကို ပြန်လည်လဲလှယ်ပေးပြီး အခင်းဟောင်းများကို စိုက်ပျိုးရေးအတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။

(ဃ) ခြံခွဲမွေးမြူနည်းစနစ်

  • ရှေးယခင်က ဝက်အရွယ်အစားမျိုးစုံတို့ကို တစ်နေရာတည်း၌သာ မွေးမြူထားကြပြီး ယခုအခါ အသက်အရွယ်လိုက်၍ အခန်းကန့်ပြီး မွေးမြူလျက်ရှိကြသည်။
  • တချို့ဝက်မွေးမြူသူများသည် မျိုးဝက်များကို မွေးမြူထားရှိပြီး သားပေါက်ဝက်ကလေးများ အသက် ၂ လပြည့်သည့်အခါအသားတိုးမွေးမြူသူများထံသို့ ရောင်းချသည့်စနစ်ကို ကျင့်သုံးကြသည်။
  • ဝက်များကို အသက်အရွယ်ခွဲခြားပြီး သီးခြားမွေးမြူထားခြင်းအားဖြင့် ဝက်များ၏ ကြီးထွားနှုန်း ပိုမိုကောင်းမွန်လာခြင်း၊ အစာကို အသားအဖြစ်ပြောင်းလဲမှု(Feed conversion ratio) တိုးတက်ကောင်းမွန်ခြင်းနှင့် ဝက်များတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာကျဆင်းသွားကြောင်း လေ့လာတွေ့ရှိရပါသည်။ 
  • ဤမွေးမြူနည်းစနစ်၌ ဝက်များကို တစ်ပြိုင်နက်သားတင်ပေးပြီး အသုတ်လိုက် ပြိုင်တူမွေးဖွားပေးခြင်းဖြင့် သားခွဲချိန်ရောက်သည့်အခါ သက်တူရွယ်တူ ဝက်ကလေးများကို သီးသန့်ခြံထဲသို့ ရွှေ့ပြောင်းမွေးမြူကြပါသည်။
  • ခြံတစ်ခြံခြင်းအလိုက် ဝက်များကို တစ်ပြိုင်နက်သွင်းပြီး တစ်ပြိုင်နက်ထုတ်နည်းစနစ် (All in All out system) ကို ကျင့်သုံးကြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Thiha zaw

Thiha zaw

လွန်ခဲ့သော ၃ လ က

.

Thiha zaw

Thiha zaw

လွန်ခဲ့သော ၃ လ က

ဝက်လက်ရှိကာလပေါက်စျေးကဘယ်​လောက်ရှိလည်း

စောကြည်

စောကြည်

လွန်ခဲ့သော ၉ လ က

တစ်​ကောင်အစာစရိတ်ပျမ်းမျှဘယ်​လောက်ရှိမလဲ

ဦးနိုင်ဝင်း

ဦးနိုင်ဝင်း

လွန်ခဲ့သော ၁၁ လ က

တလခွဲဝက်တွေဝမ်းသွားလိုဘာဆေးသုံးရမလဲ

hein min toe

hein min toe

လွန်ခဲ့သော ၂ နှစ် က

ခ

You

ဆက်စပ်မေးခွန်းများ

ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။

Khin Zar Hlaing • ဖြေကြားချက် 1 ခု

ဥစားကြက်အကောင်ရေ၁၀၀ဆိုရင်ခြံအကျယ်ဝန်ဘယ်လောက်ဆောက်ရလဲ

ကိုသီဟ • ဖြေကြားချက် 1 ခု

မွေးမြူရေးနှင့်ပတ်သက်သောဆေးဝါးများရောင်းချင်လို့ပါရန်ကုန်ကပါ နယ်ဆိုလဲအရောက်ပို့ပေးနိုင်ပါတယ် အဓိကသုံးနိုင်တဲ့တိရစ္ဆာန်တွေကတော့ ဆိတ် နွား မြင်း ဝက် ခွေးဈေးနှုန်းတွေသက်သာပါမယ်ရရှိနိုင်သောဆေးစာရင်းများပို့ပေးပါမယ်ရှင့်ဆက်သွယ်ပေးပါ။09975695505

Myint Myat Tharaphyi Aung • ဖြေကြားချက် 1 ခု

အသားတိုးကကြက်၁၀၀၀အတွက်အစာခွက်ဘယ်လောက်ရေဘူးဘယ်လောက်အသုံးပြုရပါသလဲ

Nyein Nyein chan • ဖြေကြားချက် 1 ခု

ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)

Ko Kyi • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။