အစိမ်းရောင်လမ်း
တိုင်းရင်းကြက်မွေးမြူရေး ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူနည်းစနစ်များ

တိုင်းရင်းကြက်မွေးမြူရေး ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူနည်းစနစ်များ

(က) ကြက်ခြံဆောက်လုပ်ပေးပါ။ ညအိပ်ရန်၊ ဥဥရန်၊ ခွေး၊ ကြောင်၊ ကြွက်၊ သားရဲစသည်တို့ရန်မှကာကွယ်ရန်၊ ရာသီဥတုဒဏ်မှ ကာကွယ်နိုင်ရန်ဖြစ်သည်။ ကြက်ခြံအတွင်း ငှက်များမဝင်ရောက်စေရန် ပိုက်ကွန်ကာရံပေးရမည်။

(ခ) ဖြည့်စွက်စာကျွေးမွေး၍ မွေးမြူပါ။ တိရစ္ဆာန်ကိုယ်တိုင်ရှာဖွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ထမင်း (သို့) ရောစပ်အစာများကို ဒေသအလိုက်ရနိုင်သော ပိုးစာရွက်၊ ဘောစကိုင်းရွက်နှင့် ဟင်းသီးဟင်းရွက်များကို ဖွဲနု၊ ဆန်ကွဲတို့ဖြင့်ရောနယ်ကာ အစာခွက်ဖြင့်ကျွေးမွေးပါ။

(ဂ) ဥကျင်းများထားရှိပေးပါ။ ကြက်ခြံ၏ မှောင်၍ဒေါင့်ကျသောနေရာတွင် ကြက်ဥကျင်းများကို မြေပြင်မှအထက် ၁ ပေခွဲ၊ ၂ ပေ အကွာတွင် ကောက်ရိုးခင်းပြီး ခိုင်ခိုင်မြဲမြဲထားပေးပါ။ ကြက်မ (၁) ကောင်လျှင် ဥ (၁) ကျင်းနှုန်း ထားပေးပါ။ ဝပ်ကြက်မသားပေါက်ပြီးပါက ဥကျင်းထဲရှိကောက်ရိုးမြက်ခြောက်များကို မီးရှို့ပစ်ပါ။ ကြက်သန်း/ လှေး/ မွှားများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥကျင်း၊ အိပ်တန်း၊ အကြိုအကြားနေရာများကို ဆေးရွက်ကြီးစိမ်ထားသောရေဖြင့် သုတ်လိမ်းပေးပါ။

(ဃ) ကြက်ငယ်လေးများကို သီးသန့် အနွေးပေးမွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် ၃-၄ ကြိမ်သားပေါက်ရာမှ ၅-၆ ကြိမ်ကို ပိုမိုပေါက်ပွားနိုင်ပြီး ကျီး၊ စွန်၊ ခွေး၊ ကြောင် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးရခြင်း၊ ကာကွယ်နိုင်သည်။

(င) ကြက်များအားကျန်းမာရေးစောင့်ရှောက်မှုပေးပါ။

    • ကြက်ခြံသန့်ရှင်းရေး နေ့စဉ်ပြုလုပ်ပေးပါ။

    • သန့်ရှင်းရေးလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းမှုကိုကြည့်ရှုစစ်ဆေးပေးပါ။

    • ကြက်များ၏ ကျန်းမာရေးအခြေအနေကို အိပ်တန်းဝင် အိပ်တန်းထွက်၊ အစာကျွေးချိန်တို့တွင် စစ်ဆေးပေးပါ။

(စ) ရောဂါကာကွယ်မှုကြိုတင်ပြုပါ။

    • တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအား အဓိကအဟန့်အတားဖြစ်စေသည်မှာ လည်လိမ်ရောဂါဖြစ်ပွားမှုဖြစ်သည်။ ကြက်အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ရောဂါပြင်းထန်ကာ ကူးစက်ပျံ့နှံ့နှုန်းမြန်သည်။ ရောဂါဝင်သည်နှင့် မှိုင်ကုပ်ပြီး ရက်ပိုင်းအတွင်း ကြက်တစ်အုပ်လုံး ဆုံးရှုံးနိုင်သည်။

    • ဒုတိယအဖြစ်များဆုံးရောဂါမှာ ကြက်ဝမ်းကျရောဂါဖြစ်သည်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားပြီး ကြက်အသက်အရွယ်မရွေးဖြစ်ကာ သေကြေဆုံးရှုံးမှုများသည်။

    • ကြက်ငယ်လေးများအား ညအချိန် ခြင်ကိုက်ရာမှ မျက်ခွံတွင်အနာဖြစ်ပြီး ကျောက်ရောဂါဖြစ်ပွားလေ့ရှိတတ်သည်။

    • ကြက်များတွင် သန်လုံးကောင်စွဲကပ်မှုကြောင့် ကြက်များ ကြီးထွားနှုန်းနှေးကွေးခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ကိုယ်ခံစွမ်းအားကျဆင်းခြင်းတို့ ဖြစ်လေ့ရှိသည်။ သန်ကောင်များလွန်းပါက အူလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပြီး သေကြေဆုံးရှုံးနိုင်သည်။ သန်ချဆေးပုံမှန်တိုက်ကျွေးပေးရမည်။

(ဇ) မှတ်တမ်းများထားရှိပေးပါ။ မှတ်တမ်းထားရှိခြင်းဖြင့် မျိုးကြက်မရွေးချယ်ခြင်းကို အထောက်အကူပြုစေပြီး ကြက်မကြီးတစ်ကောင်ချင်းအလိုက် ဥနှုန်း၊ သားပေါက်နှုန်း၊ ကြီးထွားနှုန်း၊ အစာနှုန်းတို့ကို မှတ်တမ်းထားရန်လိုအပ်သည်။ သို့မှသာ မျိုးသန့်ကြက်ရွေးချယ်ခြင်း ပယ်ခြင်း ပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်သည်။

ကာကွယ်ဆေး

        ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်သည်။

(က) အပူဒဏ်ခံ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး (I2) 

    • ရက်သားကြက်ငယ်မှစ၍ အရွယ်မရွေး အသုံးပြုနိုင်သည်။ ကြက် (၁) ကောင်လျှင် ဆေးတစ်စက်နှုန်း မျက်စဉ်းခတ်ပေးရသည်။ ကြက်များကို (၄) လတစ်ကြိမ် မျက်စဉ်းခတ်ပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်သည်။

    • ‘K’ အသားဆေးထိုးပေးခြင်းဖြင့်လည်း ရောဂါကာကွယ်နိုင်သည်။ (၆) လ တစ်ကြိမ်ထိုးရန် လိုသည်။

(ခ) ကြက်ဝမ်းကျရောဂါ

    • တိုင်းရင်းကြက်များတွင် ဒုတိယအဖြစ်ပွားဆုံးရောဂါဖြစ်သည်။ ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်၍ ရောဂါဖြစ်လျှင် အပြင်းဖျား၍ မှိုင်ကုပ်၊ အစားပျက်၊ ဝမ်းလျှောပြီး သေဆုံးသည်။

တောင်ပံခြစ်ကာကွယ်ဆေး

           အသက် (၁) လခွဲနှင့်ကြက်များတွင် အသုံးပြုနိုင်ပြီး (၆) လတစ်ကြိမ်ထပ်မံ ထိုးပေးရန်လိုအပ်သည်။

ဝမ်းကျရောဂါကာကွယ်ဆေး (ထိုးဆေး) 

           (၂.၅)စီစီ အရေပြားအောက်ထိုးနိုင်သည်။ (၆) လ (၁) ကြိမ်ထိုးပေးရမည်။

(ဂ) ကြက်ကျောက်ရောဂါကာကွယ်ဆေး 

ကျောက်ရောဂါကာကွယ်ဆေး

    • ၆ ပတ်သားနှင့်အထက် ကြက်ကြီးများတွင်ထိုးပေးရမည်။

    • တောင်ပံအရေပြားတွင် ကျောက်ဆေးထိုးအပ်ဖြင့် ထိုးပေးရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

 

SiThu

SiThu

လွန်ခဲ့သော ၃ နှစ် က

တိုင်းရင်းကြက်ပေါက် ရန်ကုန် ဘယ်မှာဝယ်လို့ရလည်း ပြောပြပေးပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ကြက်များကြိုက်အပူချိန်

Dawt Kam Lian

Dawt Kam Lian

လွန်ခဲ့သော ၄ နှစ် က

ကာကွယ်ဆေးနာမည်ရေးပေးပါ

Myo Myo

Myo Myo

လွန်ခဲ့သော ၄ နှစ် က

ဗမာကြက်ကတစ်နှစ်ဘယ်နစ်သားပေါက်လည်းဆရာ

ခင်ချိုမြင့်

ခင်ချိုမြင့်

လွန်ခဲ့သော ၄ နှစ် က

မဂ်လာပါ

You
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

Content provider

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍  မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....