ဆိတ်ကို ခြံလှောင်စနစ်မွေးမှာလား
ဆိတ်မွေးမြူစနစ်မှာ လွှတ်ကျောင်းစနစ်၊ ခြံလှောင်လွှတ်ကျောင်းစနစ်၊ ကြိုးချည်မွေးစနစ်၊ လုံးဝခြံလှောင်စနစ်ဆိုပြီး အမျိုးမျိုးမွေးမြူကြပါတယ်။
ခြံလှောင်စနစ်မှာ အားနည်းချက်တွေရှိသလို အားသာချက်တွေလည်း ရှိကြပါတယ်။ အားသာချက်တွေက ထိန်းကျောင်းရလွယ်ကူခြင်း၊ နေရာများစွာမလိုခြင်း၊ သူတစ်ပါးစိုက်ခင်းတွေထဲ ဝင်ရောက်နိုင်မှုမရှိတဲ့အတွက် စိုက်ပျိုးတောင်သူတွေနဲ့ ပြဿနာမဖြစ်နိုင်ပါ။ အခြားအလုပ်တစ်ဖက်နဲ့ လုပ်ကိုင်လိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဆိတ်ချေးကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်လည်ရောင်းချရလို့ ဝင်ငွေရနိုင်ပါတယ်။ ဆိတ်ကျန်းမာရေး စောင့်ရှောက်ဖို့ လွယ်ကူတယ်။ စနစ်တကျ ကျွေးမွေးနိုင်ရင် ကြီးထွားနှုန်းကောင်းပါတယ်။ အားနည်းချက်တွေက ခြံဖိုး၊ အစာဖိုးကုန်ကျစရိတ်များပြီး အစာကို နည်းစနစ်တကျမကျွေးတတ်ရင် ကုန်ကျစရိတ်များပါတယ်။ လုပ်ငန်းမလည်ပတ်ချိန်မှာ ငွေကြေးအခက်အခဲတွေရှိနိုင်ပါတယ်။
အောင်မြင်ဖို့ဆိုရင် -
• ဆိတ်မျိုးကောင်း မျိုးသန့်ဖြစ်ရမယ်။
• ကြီးထွားနှုန်း ကောင်းရမယ်။
• အစာဖိုးသက်သာနည်းတွေ တီထွင်ကြံဆတတ်ရပါမယ်။
• စျေးကွက် ကောင်းမွန်ရမယ်။
• ဆိတ်အသေအပျောက်နည်းပြီး ကျန်းမာဖွံဖြိုးရမယ်။
• ကုန်ကျစရိတ် ဝင်ငွေ၊ ထွက်ငွေ မှတ်တမ်းထားရှိနိုင်ရပါမယ်။
ဆိတ်မျိုးများ
အသားတိုးအတွက်လား၊ နို့ပေးအတွက်လား၊ ကောင်ရေတိုးပွားရေးလား ထည့်သွင်းစဉ်းစားရပါမယ်။
မြန်မာနိုင်ငံမှာ လက်ရှိဆိတ်မွေးမြူရေးမှာ ထိန်စမ်း၊ ဂျိတ်နီ၊ ဝေသာလီ၊ နိုင်ငံခြားမျိုးဖြစ်တဲ့ ဘိုဝါဆိတ်တွေ မွေးမြူတတ်ကြပါတယ်။ ဂျိတ်နီမျိုးတွေဟာ အထီး ၄၅ ကီလို၊ အမ ၄၂ ကီလို ရှိပြီး ကြီးထွားနှုန်းကောင်းပါတယ်။ ထိန်စမ်း အထီး ၅၀ ကီလို၊ အမ ၂၉ ကီလို၊ ဝေသာလီမျိုး အထီး ၃၈ ကီလို၊ အမ ၃၁ ကီလို ရှိတတ်ပါတယ်။
မြေနေရာနှင့်ခြံ
ဖြစ်နိုင်ရင် လေဝင်လေထွက်ကောင်းတဲ့နေရာ၊ လူနေအိမ်တွေနဲ့ ဝေးတဲ့နေရာမှာ မွေးမြူနိုင်ရင် အဆင်ပြေပါတယ်။
ခြံဆောက်မယ်ဆိုရင် ခြံနဲ့ ခြံရှေ့လွှတ်ကွင်းတွေ လိုအပ်ပါတယ်။ ခြံဝန်းကို လွယ်ကူတဲ့ ဝါး၊ သစ်၊ သံဇကာတွေနဲ့ ကာရံနိုင်ပါတယ်။
ခြံအဆောက်အဦအကျယ်အဝန်းလိုအပ်ချက်
• ဆိတ်ငယ်တစ်ကောင်အတွက် ခြံတွင်း (၃.၃) ပေ ပတ်လည်၊ ခြံပြင် (၆) ပေ။
• ဆိတ်မလတ် ခြံတွင်း (၁၄) ပေ ပတ်လည်၊ ခြံပြင် (၉) ပေ ပတ်လည်။
• ဆိတ်မကြီး ခြံတွင်း (၁၈) ပေ၊ ခြံပြင် ၁၅ ပေ ပတ်လည်။
• ဆိတ်သိုး ခြံတွင်း (၂၈) ပေ ပတ်လည်၊ ခြံပြင် (၂၀) ပေ ပတ်လည် လိုအပ်ပါတယ်။
• အလျား (၈) ပေ ×အနံ (၇) ပေ ×အမြင့် (၇)ပေ ခြံတစ်ခြံမှာ ဆိတ် (၅) ကောင် အထိ မွေးနိုင်ပါတယ်။
အစာကျွေးစနစ်
ဒေသမြက်မျိုး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ နေဗီယာမြက်၊ ဘောစကိုင်း၊ ဆီးရွက်၊ မြေပဲရွက်၊ ပဲတီစိမ်း၊ မတ်ပဲရွက်၊ ကုလားပဲခွံ။ ဆိတ်တစ်ကောင်အတွက် တစ်နေ့တာ အစာလိုအပ်ချက်ဟာ ခန္ဓာကိုယ်ရဲ့ ၂% မှ ၃% နှုန်းထိ လိုအပ်ပါတယ်။
တွက်ချက်မှု
ဆိတ်အလေးချိန် အစာနု အစာကြမ်း
၃ ပိဿာ ၃ ကျပ်သား စားနိုင်သမျှ
၅ ပိဿာ ၁၂ ကျပ်သား စားနိုင်သမျှ
၉ ပိဿာ ၁၈ ကျပ်သား ၁.၂ ပိဿာ
၁၈ ပိဿာ ၂၁ ကျပ်သား ၂.၅ ပိဿာ
၂၄ ပိဿာ ၂၁ ကျပ်သား ၃ ပိဿာ
• အစာနုအနေနဲ့ ပြောင်းဆန်မှုန့်၊ ဆန်ကွဲ၊ အဆင်သင့်စပ်စာ၊ ပဲဖတ်၊ နှမ်းဖတ်၊ တစ်မျိုးမျိုး ထည့်ကျွေးနိုင်ပါတယ်။
• အစာကြမ်းဟာ မြက်အမျိုး၊ သစ်ရွက်တွေအပြင် အထက်ဖော်ပြပါအရွက်တွေ၊ မြက်ချဉ်ဖတ် စသဖြင့် ကျွေးနိုင်ပါတယ်။ အစာကို နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ကျွေးနိုင်ပါတယ်။
• နေဗီယာစိုက်ခင်းတွေ စနစ်တကျစိုက်ပျိုးပြီး ကျွေးမွေးခြင်း၊ ချဉ်ဖတ်လုပ်ပြီး ကျွေးခြင်းဖြင့်အစာဖိုးကုန်ကျစရိတ် သက်သာနိုင်ပါတယ်။
• ရေကိုလည်း လုံလုံလောက်လောက်ထားပေးရပါမယ်။ တစ်ရက်လျှင် ဆိတ်တစ်ကောင် ရေသောက်နှုန်းဟာ (၆၈၀) စီစီ ရေသန့်ပုလင်း တစ်ဝက်ကျော်ကျော် သောက်နိုင်ပါတယ်။ ရာသီဥတု၊ ကျွေးတဲ့အစာပေါ် မူတည်ပြီး ရေသောက်နှုန်း ပြောင်းနိုင်ပါတယ်။
ဖြစ်လေ့ရှိသော ရောဂါများ
လေပွခြင်း၊ အစာအိမ် ပြည့်ကြပ်ခြင်း၊ အအေးမိခြင်း၊ ပါးစပ် နှာခေါင်းနေရာများ အနာဖြစ်ခြင်း၊ သန်ကောင်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှော၊ နောက်ပိုင်းပျော့ခြင်း၊ အချင်းကပ်ခြင်း စတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဆိတ်တွေကို (၃) လတစ်ကြိမ် သန်ချဆေး၊ အားဆေးပေးခြင်း၊ ဒေါင့်သန်းကာကွယ်ဆေး နှစ်စဉ်ထိုးပေးခြင်းတွေ ပြုလုပ်ပေးသင့်ပါတယ်။
အခြားလိုအပ်ချက်များ
ဆိတ်ခြံကို သန့်ရှင်းအောင်လုပ်ပေးပါ။ ဆောင်းရာသီမှာ လိုက်ကာအတင်အချလုပ်ပေးပါ။ ဆိတ်ခြံအတွင်း ဆိတ်ကြီးတွေအတွက် ယူရီးယားသကာတုံး ချိတ်ဆွဲပေးပါ။
ယူရီးယားသကာတုံး ပြုလုပ်နည်း
သကာရည် -၃၃ %
ယူရီယား ပုလဲမြေဆီ -၁၂ %
ဘိလပ်မြေ - ၅ %
ထုံး - ၁၃ %
ဖွဲနု ဂျုံဖွဲ - ၃၂ %
ဆား - ၅ % တို့လိုအပ်ပါတယ်။
• ပါဝင်ပစည်းတွေကို သမအောင်မွှေ၊ ပုံစံခွက်တစ်မျိုးမျိုးနဲ့ အတုံးလုပ်ပါ။ လေနဲ့ အခြောက်ခံပါ။ တစ်ရက်ကို ဆိတ်ကြီး (၄) ကျပ်သားခန့် လျှက်စေနိုင်ပါတယ်။ ဆိတ်အသက် ၆ လမှ စတင်ကျွေးနိုင်ပါတယ်။
• ဆိတ်တွေကြီးထွားစေဖို့၊ ခုခံစွမ်းရည် မြင့်မားစေဖို့၊ အစာခြေနှုန်းကောင်းစေဖို့၊ အစာမှ အာဟာရစုပ်ယူမှု မြင့်မားစေဖို့၊ ခြံအနံ့အသက်ကင်းဝေးစေဖို့အတွက် EM အရည်ကို ရေထဲမှာ ထည့်တိုက်နိုင်ပါတယ်။ ရေတစ်လီတာထဲမှာ ၁ စီစီမှ ၃ စီစီ ထိထည့်ပြီး တိုက်နိုင်ပါတယ်။
ခြံတွင်း မျိုးနည်းသားစပ်ခြင်းကင်းစေရန် ဆိတ်သိုးကို (၁) နှစ် (သို့မဟုတ်) (၃) နှစ်တစ်ကြိမ် လဲပေးသင့်ပါတယ်။
ဆိတ်ထီးငယ်တွေ သင်းကွပ်မွေးမြူခြင်းဖြင့် စျေးကောင်းရနိုင်တဲ့အပြင် ကြီးထွားနှုန်းလည်းမြန်ပါတယ်။
မှတ်တမ်းထားရှိမှု -
ကုန်ကျစရိတ်မှတ်တမ်းများ၊ အစာဆေးဝါးကုန်ကျစရိတ်များ မှတ်တမ်းထားရှိဖို့လိုအပ်ပါတယ်။ ဆိတ်ရောင်းချမှု မှတ်တမ်းများထားရှိဖို့လည်း လိုအပ်ပါတယ်။
Ref:- Https://www.facebook.com/pktbreederfarm/
-Https://www.facebook.com/pktgoatfarm/
-Dr.Myat Lin(Vet)
ကောင်းကျော်
လွန်ခဲ့သော ၁ ပတ် ကဘာကြောင့် ဘိလပ်မြေထည့်ရတာပါလဲ
အောင်သက်ပိုင်
လွန်ခဲ့သော ၁ နှစ် ကဘေးထွက်ဆိုးကြိုးရှိလားဗျ
အောင်သက်ပိုင်
လွန်ခဲ့သော ၁ နှစ် ကဆိတ်ကိုထလျက်ကြိုရည်နဲ့ဖွဲ့နုရောကြွေးလို့ရလားဗျ
မောင်ထက်မြတ်ဇော်
လွန်ခဲ့သော ၁ နှစ် က၀က်ခြံလှောင် မွေးစနစ် အားနည်းချက်လေးပြောပြပေးပါ ဆရာ
ဦးသောင်းလွင်
လွန်ခဲ့သော ၂ နှစ် ကယူရီးယားသကာတုံးပြုလုပ်ဖို့ လိုအပ်ပစ္စည်းတွေရှာဖွေရန်နဲ့ ပြုလုပ်ရန်အခက်အခဲရှိနေပါတယ်ဆရာ
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....