ဆိတ်မွေးမြူရေး
မြန်မာဆိတ်မျိုးများ
ထိန်စမ်းမျိုး
မန္တလေးတိုင်းဒေသကြီး ပုပ္ပါးနယ်တစ်ဝိုက်၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်များတွင် မွေးမြူလေ့ရှိသည်။
- အလုံးအရပ် ထွားကျိုင်းသည်။
- ကိုယ်လုံးဖြူ၍ ဦးခေါင်းမည်းသည်။
- နှာခေါင်းပိုင်း အမွေးဖြူတတ်သည်။
- မုတ်ဆိတ်ဖားပြီး နာရွက်ရှည်၍ တွဲလောင်းကျသည်။
- ဦးချိုနောက်ဖက်လန်သည်။
- ပျမ်းမျှကိုယ်အလေးချိန် အထီး - ၅၀ ကီလို (၃၇ ပိဿာ)၊ အမ – ၂၉ ကီလို (၂၀ ပိဿာ)
ဂျိတ်နီမျိုး
မန္တလေးတိုင်းဒေသကြီး တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တွင် မွေးမြူလေ့ရှိသည်။
- အရွယ်အစားကြီးမားသည်။
- နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျီးစေ့ရောင် ရှိသည်။
- ကိုယ်အလေးချိန် အထီး ၅၀ ကီလို (၃၇ ပိဿာ)၊ အမ ၄၂ ကီလို(၂၉ ပိဿာ)
ဝေသာလီမျိုး
မကွေးတိုင်း၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်တစ်ဝိုက်တွင် မွေးမြူလေ့ရှိသည်။
- အလုံးအထည်သွယ်ပြီး အမွေးရောင်မှာ အညိုရောင်၊ အနက် ဆက်နွယ်သည်။
- ကိုယ်အလေးချိန် အထီး ၃၈ ကီလို (၂၄ ပိဿာ)၊ အမ ၃၁ ကီလို (၁၉ ပိဿာ)
ဆိတ်အကြောင်းသိကောင်းစရာများ
ဆိတ်မွေးမြူလျှင် ကုန်းမြင့်သော ဆိတ်ခြံ (သို့) စင်တင်မွေးရမည်။
- ဆိတ်သည် ရေစိုခြင်းကို ကြောက်၍ ခြေအေးမခံနိုင်သောသတ္တဝါ ဖြစ်သောကြောင့် မိုးရွာလျှင် ခြံသို့ ပြန်ပြေးလေ့ရှိသည်။
- ဆိတ်ကို လွှတ်ကျောင်းမွေးမြူခြင်းဖြင့် ဇီးပင်၊ ခံပင်၊ ဘောစကိုင်း၊ ပါရာမြက်၊ မြေစာမြက်များကိုစား၍ ကိုယ်လက်လှုပ်ရှားမှု ရရှိပါသည်။
- အစာနု၊ ပဲဖတ်၊ ဝါစေ့ဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ဖွဲနုနှင့် ဖြည့်စွက်စာကျွေးလျှင် ပိုမိုဖြစ်ထွန်းသည်။
အရွယ်ရောက်ခြင်း
- ဆိတ်မ ၇ လ – ၈ လ
- ဆိတ်ထီး (၁၀) လအရွယ်
- ဆိတ် (၁) အုပ်တွင် ဆိတ်သိုးအကြီး (၁) ကောင်နှင့် (၁) နှစ်သား ဆိတ်သိုးအငယ် (၁) ကောင် လိုအပ်သည်။
- ကျန်ဆိတ်ထီးများအား ( ၇ – ၈ ) လတွင် သင်းကွပ်နိုင်သည်။
- ဆိတ်မ (၄၀) ကောင်လျှင် ဆိတ်သိုး (၁) ကောင်ထားပေးရမည်။
- ဆိတ်မသည် (၁) နှစ် (၂) သား ကျနိုင်သည်။
- ဆိတ်မကြီး (၂ – ၃) သားကျပြီးလျှင် အမွှာမွေးရန် (၅၀) ရာခိုင်နှုန်း ရှိသည်။
- ဆိတ်မကြီး (၁) ကောင်သည် အသက် (၆) နှစ်အတွင်း ဆိတ်သားလေး ၁၀ – ၁၅ ကောင်မွေးသည်။
- ဆိတ်ငယ်လေး အသက် (၃) လကျော်မှ စာကျက်သို့ လွှတ်ကျောင်းနိုင်သည်။
- ဆိတ်မွေးမြူရေးသည် ပူပြင်းခြောက်သွေ့သောဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။
- ခွာမညီလျှင် ခွာလှီး၍ ပြုပြင်ပေးရန် လိုအပ်သည်။
ဆိတ်မ၏ မြိုင်သံသရာ
- မြိုင်တစ်ခုနှင့် တစ်ခုကြားကာလ (၁၈ – ၂၁) ရက်
- မြိုင်ကြာချိန် (၂၄ – ၃၆) နာရီ
- မျိုးဥလွတ်ချိန် (၂၁ – ၃၆) နာရီ
မြိုင်သဏ္ဍာန် လက္ခဏာများ
(၁) တရစပ်အော်မြည်ခြင်း
(၂) အမတန်ဆာ ရောင်ခြင်း
(၃) အမတန်ဆာမှ အရိအရွဲကျခြင်း
(၄) အခြားဆိတ်ကို ခွတတ်၍ အခြားဆိတ်ခွလျှင် ငြိမ်နေခြင်း
(၅) အစားစားလိုစိတ်မရှိခြင်း
(၆) နို့ပေးသောဆိတ် နို့လျော့ပေးခြင်း
မျိုးဆိတ်သိုးရွေးချယ်ခြင်း
- ကိုယ်ခန္ဓာထွားကျိုင်းရမည်။
- ရင်ဘက်ကျယ်၍ ဝမ်းဗိုက်ဖွံ့ဖြိုးရမည်။
- ကိုယ်ခန္ဓာဖြောင့်မတ်၍ ခြေချောင်းများ ခိုင်ခန့်သန်စွမ်းရမည်။
- လည်ဂုတ်မွှေးများ ပြောင်လက်ထူထဲရမည်။
- မျိုးပွားအင်္ဂါ ဝှေးစေ့ (၂) လုံးမှာ ညီလာ၍ ကြီးထွားရမည်။ သားလိုက်လိုသောဆန္ဒ ကောင်းရမည်။
- သုတ်ရည်တွင် မူမှန်သုတ်ပိုးများ ရှင်သန်နေရမည်။
မျိုးဆိတ်မရွေးချယ်ခြင်း
- မျိုးဆိတ်မ၏ကိုယ်ခန္ဓာ ထွားကျိုင်းပြီး အချိုးအစားကျရမည်။
- အသားစားဆိတ်မျိုးဖြစ်လျှင် ကိုယ်ခန္ဓာ လေးထောင့်စပ်စပ်ကျပြီး နို့မျိုးဖြစ်လျှင် သပ်ပုံသဏ္ဍာန် အရှေ့ပိုင်းရှူး၍ နောက်ပိုင်းကားရမည်။
- နို့အုံဖွံ့ဖြိုး၍ နို့အုံ မြေကြီးနှင့် တိုက်မနေရ။
- ဆိတ်မသည် အပြုအမူယဉ်ပါးပြီး နို့ပေးကောင်းရမည်။
ဆိတ်မကို သားစပ်ခြင်း
- ဆိတ်မ မြိုင်စတင်ပေါ်ပြီး (၉) နာရီမှ (၂၄) နာရီအတွင်း သားစပ်ရမည်။
သားစပ်နည်းများ
(က) ဆိတ်ကို မျိုးမြှင့်သားစပ်ပေးခြင်း
ဒေသမျိုးနှင့် ဗီဇအရည်အသွေးမြင့်မားသောမျိုးကို သားစပ်ပေးခြင်းဖြစ်သည်။
(ခ) မျိုးစပ်အချင်းချင်း သားစပ်ပေးခြင်း
မတူညီသော မျိုးစပ်အချင်းချင်း သားစပ်လျှင် ထူးခြားသော အရည်အသွေးရရှိမည်။
ဆိတ်မ၏ ပဋိသန္ဓေရက်
(၁၄၀) ရက်မှ (၁၆၀) ရက် ၊ ပျမ်းမျှ (၁၅၀) ရက် ၊ (၅)လ
ဆိတ်သားငယ်လေးများအား ပြုစုစောင့်ရှောက်ပုံ
- မွေးစဆိတ်သားလေးအား နို့ဦးရည်ကို (၃) ရက် အပြည့်အဝ တိုက်ကျွေးရမည်။
- အအေးမမိစေရန် ပြုစုစောင့်ရှောက်ရမည်။
- သန်ကောင်ရောဂါ၊ ဝမ်းလျောရောဂါ စသည့်ရောဂါများမှ ကာကွယ်ရမည်။
ဆိတ်မွေးမြူရေးကို အစာကုန်ကျစာရိတ် အနည်းဆုံးနှင့် မွေးမြူနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုနည်းပါးစွာဖြင့် ပြုလုပ်နိုင်ပြီး အချိန်တိုအတွင်း ကောင်ရေးတိုးပွားနိုင်သဖြင့် ဝင်ငွေရရှိမှု လျင်မြန်ပါသည်။
ဆိတ်နို့သည် အဆီနည်းပြီး ကလေးငယ်များ သက်ကြီးရွယ်အိုများအတွက် အစာကြေလွယ်၍ အာဟာရဖြစ်စေပါသည်။
ဆိတ်မ သားမွေးပြီးလျှင် နောက် (၁) သားစပ်ခြင်းဖြင့် ၁ နှစ်အတွင်း ၂ သားပေါက်နိုင်၍ ဆိတ်မွေးမြူရေး အောင်မြင်မည်ဖြစ်သည်။
ကူးစက်ရောဂါများကာကွယ်ခြင်း
ဆိတ်တွင်ဖြစ်တတ်သော ကူးစက်မြန်ရောဂါများဖြစ်သည့် လည်ချောင်းကွဲရောဂါ၊ ခွာနာလလျှာနာရောဂါ၊ ဝဲရောဂါ၊ ဒေါင့်သန့်ရောဂါများကို ကြိုတင်ကာကွယ်ပါ။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
မောင်စိုးသိန်း
လွန်ခဲ့သော ၁၁ လ ကမျက်စိနာတိမ်ဆွဲရင်.ကုနည်းပြောပါ
မအိမွန်ဖြူ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
Than Htike Oo
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်
ဦးအေးမင်း
လွန်ခဲ့သော ၂ နှစ် ကဧရာဝတီတိုင်း တွင်စိတ်မွေးမြူနိုင်ပါသလား ဘယ်မျိုးစိတ် မွေးမြူသင့်ပါသနည်း
Ko. Two
လွန်ခဲ့သော ၃ နှစ် ကတန်ဘိုရိပါသည်
Content provider
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....