အစိမ်းရောင်လမ်း
ဥစားကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်

ဥစားကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်

မွေးမြူရေးခြံနေရာ

မွေးမြူရေးခြံအဖြစ် ဆောက်လုပ်ရန် တရားဝင်ခွင့်ပြုထားသည့်မြေ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်။ လူနေအိမ်များနှင့် နီးကပ်ခြင်းမရှိစေရ။

လျှပ်စစ်ဓာတ်အားရရှိပြီး ရေအရင်းအမြစ်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသည့် နေရာတွင် ရှိရမည်။

ရာသီအလိုက် ရွှေ့ပြောင်းသွားလာမှုရှိသည့် ဆောင်းခိုငှက်ကဲ့သို့ တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာဖြစ်ရမည်။

ရေကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းမရှိနိုင်သည့်နေရာတွင် ရှိရမည်။

သားသတ်ရုံများ၊ အခြားတိရစ္ဆာန်များကို သတ်သည့်နေရာ၊ တိရစ္ဆာန်အရှင်စျေးကွက်နှင့် အနည်းဆုံး(၃) မိုင် အကွာအဝေးရှိရမည်။

ဘေးအန္တရာယ်ရှိစေသည့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများနှင့် အဏုဇီဝပိုးမွှားများမှ ကင်းဝေးရမည်။

မွေးမြူရေးခြံပုံစံ

အလုပ်သမားနားနေခန်း၊ သန့်စင်ခန်း၊ စွန့်ပစ်ပစ္စည်းထားရှိသည့်နေရာ၊ အသေကောင်ဖျက်ဆီးသည့်နေရာ၊ အစာသိုလှောင်ရုံ၊ ဆေးဝါးသိုလှောင်ခန်းနှင့် ကြက်ဥသိုလှောင်ရုံတို့အား စနစ်တကျ ဖွဲ့စည်းထားရှိရမည်။

လေဝင်လေထွက်ကောင်းပြီး အလွယ်တကူ သန့်ရှင်းဆေးကြောနိုင်သည့် ပုံစံရှိရမည်။ ခြံအဆောက်အဦသည် အရှေ့အနောက် အလျားလိုက် တည်ဆောက်ထားရှိရမည်။

ကြက်ရုံတစ်ရုံနှင့်တစ်ရုံသည် ရှေ့နောက်/ဝဲယာပေ ၅၀ အကွာအဝေးရှိရမည်။

ခြံစည်းရိုးသည် လုံခြုံစိတ်ချရပြီး မွေးမြူရေးခြံအဆောက်အဦနှင့် လုံလောက်သော အကွာအဝေး ရှိရမည်။

ခြံအဝင်ဂိတ်ပေါက်တွင် အထွက်ဂိတ်ပေါက် သီးခြားထားရှိပြီး အဝင်ဂိတ်တွင် ပိုးသန့်စင်ဆောင်ရွက်နိုင်ရန် စီမံထားရှိမည်။

ရုံတစ်ခုချင်းအတွက် ပိုးသန့်စင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရမည်။

လျှပ်စစ်အန္တရာယ်မှ ကင်းဝေးအောင် စနစ်တကျ စီမံထားရှိရမည်။

အရေးပေါ်အခြေအနေများအတွက် ကွက်ကဲနိုင်အောင် စီမံထားရှိရမည်။

ခြံအဝင်လမ်း၊ အထွက်လမ်းနှင့် ခြံအတွင်းလမ်းများသည် လုံလောက်သော အကျယ်အဝန်းရှိမည်။

မွေးမြူရေးခြံအဆောက်အဦ

မွေးမြူရေးခြံအဆောက်အဦသည် မွေးမြူမည့်စနစ်၊ တိရစ္ဆာန်အမျိုးအစား၊ အရွယ်အစားအလိုက် သတ်မှတ်ထားသည့်ပုံစံ ဖြစ်ရမည်။ လေဝင်လေထွက်ကောင်းရမည်။ လုံခြုံသည့် အမိုးအကာဖြစ်ရမည်။

မွေးမြူရေးခြံအဆောက်အဦပုံစံသည် ဇီဝလုံခြုံမှုနည်းလမ်းအရ သန့်ရှင်းသောနေရာမှ မသန့်ရှင်းသောနေရာသို့သာ သွားရမည်ဟု ညွှန်ကြားချက်နှင့် ကိုက်ညီသည့်ပုံစံဖြစ်ရမည်. 

Source – Good Animal Husbandry Practice (Layer)

 

မေဖြူစင်

မေဖြူစင်

လွန်ခဲ့သော ၆ လ က

ဥစားကြက်အကောင်ပေါက်တွေဘယမှာဝယ်လို့ရပါသလဲရှင့်

ကျော်ဇောဟိန်း

ကျော်ဇောဟိန်း

လွန်ခဲ့သော ၁၁ လ က

ဥစားကြက် ထိန်းသိမ်းစောင့်ရှောက်နည်း

Hnin Hnin Wai

Hnin Hnin Wai

လွန်ခဲ့သော ၁ နှစ် က

အကောင်ပေါက်ဘယ်မှာဝယ်လိုရလဲ

You
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

Content provider

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍  မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....