တစ်နိုင်တပိုင် ဝက်မွေးမြူရေးခြံများအတွက် သိသင့်သိထိုက်တဲ့အချက်များ
တစ်နိုင်တပိုင် ဝက်မွေးမြူရေးစတင်တော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့အချက်အလက်တွေ ရှိပါတယ်။ ဒီအချက်တွေထဲက အချက်တချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံးအနေနဲ့ သိရမှာကတော့ ဘယ်လိုဝက်အမျိုးအစားကို ဝယ်ယူသင့်လဲ ဆိုတာပဲ ဖြစ်ပါတယ်။
(၁) ဝက်မျိုး ဘယ်လိုရွေးချယ် ဝယ်ယူသင့်လဲ
• မွေးမြူရေးလုပ်ကိုင်မယ့်ဒေသနဲ့ သင့်တော်တဲ့ ဝက်အမျိုးအစားကို ရရှိရန်
• အရည်အသွေးကောင်းမွန်တဲ့ ဝက်အမျိုးအစားကို ရရှိရန်
• ကိုယ်အလေးအချိန်၊ ကြီးထွားနှုန်းကောင်းမွန်တဲ့ ဝက်အမျိုးအစားကို ရရှိရန်
• ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး၊ အသက်ရှင်နိုင်စွမ်းများတဲ့ ဝက်မျိုးကို ရရှိရန်
• စျေးကွက်တွင်းမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဝက်အမျိုးအစားကို ရရှိရန်
• စားသုံးသူလိုလားမှုရှိပြီး၊ ရောင်းချဖို့လွယ်ကူတဲ့ ဝက်အမျိုးအစားကို ရရှိရန်
ဝက်မွေးမြူရေး လုပ်ကိုင်မယ့်သူတိုင်း လေ့လာသိထားသင့်တဲ့ နောက်တစ်ချက်ကတော့ ဘယ်လိုမျိုးနည်းစနစ်တွေနဲ့ ဝက်မွေးမြူနေကြသလဲဆိုတာ ဖြစ်ပါတယ်။
(၂) ဝက်မွေးမြူပုံ နည်းစနစ်တွေက ဘာတွေလဲ
• အိမ်ခြံစနစ်နဲ့ ဝက်မွေးမြူခြင်း
• ဝက်လှောင်အိမ်၊ ဝက်ခြံတည်ဆောက်ပြီး ဝက်မွေးမြူခြင်း
• လွှတ်ကျောင်းစနစ်နဲ့ ဝက်မွေးမြူခြင်း
ကိုယ်ဒေသနဲ့သင့်တော်တဲ့ ဝက်အမျိုးအစားကိုလည်း သိပြီ။ မွေးမြူရမယ့် နည်းစနစ်တွေကိုလည်း လေ့လာပြီးပြီဆိုရင်တော့၊ ကိုယ်မွေးမြူမယ့် ဝက်အကောင်ရေပေါ် မူတည်ပြီး ခြံအကျယ်အဝန်း ဘယ်လောက်လိုအပ်သလဲ သိရမှာ ဖြစ်ပါတယ်။
(၃) ဧရိယာအကျယ်အဝန်း ဘယ်လောက်လိုအပ်သလဲ
• ဝက်ကြီးတစ်ကောင်အတွက် - ၂၀ စတုရန်းပေ
• တက်လတ်တစ်ကောင်အတွက် - ၁၆ စတုရန်းပေ
• ဝက်ငယ်တစ်ကောင်အတွက် - ၁၀ စတုရန်းပေ
• သားခွဲဝက်ငယ် (၁၆) ကောင်အတွက် - ၆၀ စတုရန်းပေ
• ဝက်မ နဲ့ ဝက်သားငယ် (၁၀)ကောင် အတွက် - ၁၀၀/၁၆၀ စတုရန်းပေ
အထက်ပါ အချက်အလက်တွေကို သိရှိပြီဆိုရင်တော့ ဝက်စတင်မွေးမြူဖို့ အတွက် အဆင်သင့်ဖြစ်သလောက် ရှိသွားပါပြီ။ နောက်ထပ်လေ့လာ သိထားရမှာတွေကတော့ ဝက်ကျန်းမာရေး စောင့်ရှောက်ပုံတွေနဲ့ နေ့စဉ်ပြုစုထိန်းသိမ်းရတဲ့ စနစ်တွေ ဖြစ်ပါတယ်။ တစ်နိုင်တပိုင် ဝက်မွေးမြူရင်း စီးပွားဖြစ်ထွန်းကြပါစေ။
နန်းထက်ထက်ချစ်(ABM)
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
Aung Myint Mo
လွန်ခဲ့သော ၁၁ လ ကမွေးမြူရေးဝတ်သာဖောက့်ဝယ်ချင်ပါတယ်
Ah tang
လွန်ခဲ့သော ၁ နှစ် ကမျိူးဝက်မဆစ်ကောင်ကအနည်းဆုံးဘလောက်ကြီးသင့်ပါသလဲ?ဆရာ
ကျော်ကျော်ဦး
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်ပါတယ်ဗျ ခုလိုရှင်းပြပေးထားတဲ့အတွက်
U Zal
လွန်ခဲ့သော ၃ နှစ် ကnice
ခန
လွန်ခဲ့သော ၃ နှစ် က4'×5'
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022