နေပီယာမြက်စိုက်ပျိုးခြင်း
နေပီယာမြက်သည် အာဖရိကဒေသတွင် မြစ်ကမ်းဘေးများနှင့် သစ်တောဘေးများတွင် သဘာဝအလျှောက်ပေါက်ရောက် လျှက် ရှိပါသည်။ ယခုအချိန်တွင် အပူပိုင်းနိုင်ငံ များတွင် ရှင်သန် ပြန့်ပွားလျှက်ရှိပါသည်။ စိုက်ပျိုးမြေ၏ ချဉ်ဖန်ဓါတ် (၄.၅-၈.၂) တွင် ဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၂၅-၄၀ ဒီဂရီစင် တီဂရိတ်တွင် ပိုမိုရှင်သန်နိုင်ပြီး အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်၌ ရှင်သန်ရန်ခက်ခဲပါသည်။ ရေဝပ်သောမြေအမျိုး အစားထက် ကုန်းမြင့်မြေများကို ပိုမိုဖြစ်ထွန်း ပါသည်။ လွှတ်ကျောင်းစားကျက်ထက် ရိတ်သိမ်း သယ်ယူကျွေးခြင်းသည် ပိုမိုသင့်တော်ပါသည်။ နေပီယာမြက်သည် အမြစ်ဖွံ့ ဖြိုးမှု ကောင်းမွန် ခြင်းကြောင့် ခြောက်သွေ့မှုကို ခံနိုင်ပါသည်။ သို့သော် စိုထိုင်းမှုကို နှစ်သက်ခြင်းကြောင့် ခြောက်သွေ့ ရာသီတွင် တစ်လလျှင် (၂) ကြိမ်ခန့် ရေပေးခြင်းဖြင့် ထွက်နှုန်းကောင်းစေပါသည်။
အပင်မြင့်မျိုးဖြစ်ပြီး၊ အုံလိုက်ပေါက်သော နှစ်ရှည်ခံပင်ဖြစ်ပါသည်။ အပင်မြင့်၍ ကြီးထွား နှုန်းမြန်သဖြင့် ဆင်မြက် ဟုလည်းခေါ်ပါသည်။ စိုက်ခင်းတွင် (၅) နှစ်မှ (၆) နှစ်အထိ ကျွေးမွေး နိုင်သော နှစ်ရှည်ခံပင်ဖြစ်သည်။ အရွက်ကြီး၍ အရွက်များခြင်း၊ နူးညံ့ခြင်း၊ အမွှေးပါးခြင်းနှင့် အရွက်မရှခြင်း စသည့် အရည်အချင်းများ ရှိပါသည်။ အပင်ရှည်၊ အပင်မြင့်မျိုး ဖြစ်၍ အစာစိမ်းအဖြစ် (၃-၅) ပတ် အတွင်း ခုတ်စင်း ကျွေးမွေးနိုင်ပါသည်။ နေပီယာမြက်၌ အသားဓါတ် ပါဝင်မှုမှာ (၇.၆-၁၀) ရာခိုင်နှုန်း ပါဝင်ပါသည်။ နိုက်တြိုဂျင်ဓာတ်မြေဩဇာကို နှစ်သက်၍ တစ်နှစ်လျှင် (၇၅-၁၅၀) ကီလိုဂရမ် လိုအပ်ပါသည်။ မျိုးစေ့ထုတ်လုပ်စိုက်ပျိုးရန် ခက်ခဲခြင်း၊ ပေါက်နှုန်း နည်းခြင်း တို့ကြောင့် အဆစ်မျိုးပွား စိုက်ပျိုးခြင်းသည် အထူးကောင်းမွန် ပါသည်။
- အပင်မှမျိုးပွားခြင်း ( ကိုင်းဖြတ်စိုက်ပျိုးခြင်း ) ကို အသုံးများသည်။
အဆစ်(၂) ခုကို စောင်းလျှက် အနေအထားဖြင့် တစ်ခုနှင့်တစ်ခု ကြက်ခြေ ခတ်ပုံ ထား၍ စိုက်ပျိုးရန်၊ အဆစ်(၂) ခုအနက် တစ်ခုကို မြေကြီးတွင် မြှုပ်အောင်သွင်းပြီး ကျန်တစ်ခုကို မြေမျက်နှာပြင် နှင့်ထိအောင် ထား၍စိုက်ပါ။ အတန်းကြား (၈၀) မှ (၁၂၀) စင်တီ မီတာ၊ အပင် ကြား (၄၀) မှ (၆၀) စင်တီမီတာ စိုက်ပျိုးရပါမည်။
၆- မျိုးစေ့ကြဲစိုက်ပျိုးခြင်း
မြန်မာနိုင်ငံ အလည်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးစသည့် ဒေသများတွင် ဧပြီလ၊ မေလ၊ ဇွန်လ ဆန်းပိုင် သည် မိုးရွာသွန်းမှုနည်းပါးပြီး ဇွန်လလကုန်၊ ဇူလိုင်လ၊ သြဂုတ်လ များသည် မိုးရွာသွန်းမှု မှန်ကန်သဖြင့် ၎င်းအချိန်တွင်စိုက်ပျိုးသင့်သည်။ မြန်မာနိုင်ငံ တောင်ပိုင်း နှင့် အလည်ပိုင်းဒေသများ၌ မိုးစတင် ရွာသွန်းချိန်တွင် စတင်စိုက်ပျိုး နိုင်ပါသည်။
စားကျက်မျိုးစေ့ချ စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်း ခြင်း၊ သဘာဝမြေသြဇာများ ထည့်ပေးရန်လိုအပ်ပါသည်။ မြေပြင်အနေအထားပေါ် မူတည်ပြီး အစိုဓါတ် ထိန်းသိမ်း၍ ရေစီးရေလာကောင်းမွန်အောင် ထွန်ယက်ပေးရန် လိုအပ်ပါသည်။
တစ်ဧကလျှင် (၄-၅) ကီလိုဂရမ် နှုန်းဖြင့် မြက်အမျိုးအစားအလိုက် မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ မြက်မျိုးစေ့များကြဲပက်ရာတွင် မြေပေါ်သို့ အပင်ပေါက်ညီညာစေရန် မျိုးစေ့များကို ရေ၊ သဲ (သို့) လွှစာ၊ စပါးခွံများနှင့် ရောနှော ကြဲပက်နိုင်ပါသည်။ မြေညီညာသော နေရာများတွင် အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် မျိုးစေ့အသုံးပြုသည့် ပမာဏနည်းခြင်း၊ ပေါင်းမြက် သုတ်သင်ရန်နှင့် ရိတ်သိမ်းရန် လွယ်ကူပါသည်။
မျိုးစေ့များမှာ အလွန်သေးငယ်သောကြောင့် ထွန်ရေးကောင်းကာ မျိုးစေ့ကြဲပြီး မြေဖုံးရာတွင် အနည်းငယ်သာ ဖုံးရန်လိုအပ်ပါသည်။ မျိုးစေ့များ မြေအနက်သို့ ရောက်ရှိပါက အပင်ပေါက်ရာ၌ ကြာမြင့်သကဲ့ သို့ ပေါက်နှုန်းလည်း ညံ့တတ်သည်။
စားကျက်မြက်ခင်းများ စိုက်ပျိုးရာတွင် မျိုးစိတ်တစ်မျိုးခြင်းစီအား သီးသန့် စိုက်ပျိုးခြင်းထက် မျိုးစိတ်များစွာကို ရောနှောစိုက်ပျိုးခြင်းသည် ပိုမိုကောင်းမွန်ပြီး၊ မျိုးစစ်များ တည်ရှိမှုအား သက်တန်းရှည်စေပါသည်။ အထူးသဖြင့် စားကျက်ပဲနွယ်ပင် များအား ရောနှောစိုက်ပျိုး ရန်လိုအပ်ပါသည်။ စားကျက်မြက်များသည် မျိုးစေ့ထုတ် ယူမျိုးပွားခြင်းထက် ပင်ပွားမျိုးပွားခြင်း ဆောင်ရွက်ရန် ပိုမိုသင့်တော်ပြီး စားကျက် ပဲမျိုးများကို မျိုးစေ့ထုတ်နိုင်သော အချိန်တွင် မျိုးစေ့ထုတ်ယူ မျိုးပွား ရန်သင့်တော်ပါ သည်။
နို့စားနွားတစ်ကောင်အတွက် စားကျက်လိုအပ်ချက်
နို့စားနွားမ၏ ပျမ်းမျှကိုယ်အလေးချိန် = ၅၀၀ ကီလိုဂရမ်
မြက်အစိုတွင် ပါဝင်သော ပျမ်းမျှ အစာခြောက် = ၂၀ ရာခိုင်နှုန်
နို့စားနွား၏ တစ်နေ့အစာခြောက်စားသုံးမှု = ၃ ရာခိုင်နှုန်း
ကီလို (၅၀၀) ရှိ နွားမ၏အစာခြောက်လိုအပ်ချက် = ၁၅ ကီလိုဂရမ်/တစ်ရက်
အစာခြောက် (၁၅ ကီလို) ရရှိရန် = ၁၀၀ x ၁၅/၂၀= ၇၅ ကီလို
(မြက်အစို)
တစ်နှစ်နွားမ တစ်ကောင် မြက်အစိုလိုအပ်ချက် = ၇၅ x ၃၆၀= ၂.၇ တန်
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
နေပီယာမြက်
Moe Zaw Aung
လွန်ခဲ့သော ၃ နှစ် ကနှစ်ရှည်ခံရိတ်သိမ်းဖို့ဘယ်လောက်ချန်ပြီးရိတ်သိမ်းသင့်သလဲ
Ethan
လွန်ခဲ့သော ၄ နှစ် ကမြေဩဇာနှင့်နွားချေးထည့်ပြီးရေသွင်းပေးပါ
kokomg
လွန်ခဲ့သော ၄ နှစ် ကလက်ရှီနေဗီယာမြက်စိုက်ထားပါတယ်ပထမတစ်ခါရိတ်တဲ့အချိန်မှာမြက်ကအရိုးကြီးတယ်အရွက်များပါတယ်ဒုတိယတစ်ခါရိတ်တဲ့အချိန်မှာမျက်ကဝါပါတယ်အရိုးသေးတယ်အရွက်နဲတယ်ဘာလိုအပ်ချက်ရှီလိုပါလဲ
kokomg
လွန်ခဲ့သော ၄ နှစ် ကဆွေးနွေးချင်ပါတယ်
ဇော်မျိုးနိုင်
လွန်ခဲ့သော ၅ နှစ် ကမဂ်လာပါ ကျွန်တော်က ပဲခူးတိုင်းဒေသကြီးဇီးကုန်းမြို့နယ်တမံကြီးကျေးရွာကဦးဇော်မျိုးနိုင်ဖြစ်ပါတယ်နေပီယာမြက်စိုက်ပျိုးခြင်းဘယ်မှာဝယ်လို့ရလဲဘယ်လိုရောင်တာလဲစျေးကရောဘယ်လောက်လဲဝယ်ချင်ရင်ဘယ်ကိုဆက်သွယ်ရမလဲကျေးဇူးပြု၍ပြန်လယ်ဖြေကြားပေးပါ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး