ငါးသားပေါက်များ သေဆုံးမှုနည်းရန် စနစ်တကျ သယ်ယူ၊ လွှတ်ပေးခြင်း
ငါးသားပေါက်များသယ်ယူပို့ဆောင်ရာတွင်အောက်ပါနည်းလမ်းများအတိုင်း သယ်ယူပို့ဆောင်ရပါသည်။
၁။ ပလက်စတစ်အိတ်အတွင်း ရေနှင့် အောက်စီဂျင်ထည့်သွင်း၍သယ်ဆောင်ခြင်း။
၂။ စက်လှေ၏၀မ်းဗိုက်အတွင်း တာပေါ်လင်များခင်းကာရေထည့်၍ ရေများဖျန်း၍ သယ်ဆောင်ခြင်း။



*ငါးသားပေါက်များသယ်ဆောင်ရာတွင်သေဆုံးမှုးနည်းစေရန်အတွက် အောက်ပါအချက်များကိုဂရုပြုလိုက်နာရမည်။
- ငါးသားပေါက်အိတ်များအတွင်းသို့ အောက်စီဂျင်နှင့် ရေကို လုံလောက်စွာထည့်ပေးရမည်။
- ငါးသားပေါက်များချိန်တွယ်ရာ၌ သူတို့၏ခန္ဓာကိုယ်များ ထိခိုက်မှုမရှိအောင် အထူးဂရုပြုရမည်။
- ငါးသားပေါက်များမှစွန့်ထုတ်သောအညစ်အကြေးများကြောင့် အမိုးနီးယားမြင့်တက် နိုင်သဖြင့် မထုတ်ပိုးမှီ တစ်ရက်ကြိုတင်၍ အစာဖြတ်ထားရမည်။
- ခရီးအကွာအဝေးအတိုင်းအတာပေါ်မူတည်၍ အောက်စီဂျင်ကိုတိုင်းတာ၍ ထည့်ပေးရမည်။ ခရီးဝေးလျှင် အောက်ဆီဂျင် တက်ပလက် အပိုများလည်း ထည့်ပေးသင့်သည်။
- ငါးသားပေါက်များသယ်ယူခြင်းမပြုမီ ပိုက်ဆွဲကျင့်ခြင်း၊ အုတ်ကန်များ၌ ကျင့်သားရစေရန် ထားရှိဆောင်ရွက်ခြင်းများပြုလုပ်ထားရမည်။

*ငါးသားပေါက်များသယ်ယူပို့ဆောင်ရာ၌ သတိပြုရမည့်အချက်များ
- ငါးများ၏အမျိုးအစားကိုလိုက်၍ ငါးသားပေါက်ထည့်သွင်းနှုန်းကွာခြားသည်။
- အပူချိန်မြင့်တက်လာပါက ရေခဲသုံး၍အပူချိန်လျှော့ချနိုင်သည်။
- ငါးသားပေါက်ဆိုဒ်ကြီးပါက အောက်စီဂျင်ပိုမိုရရှိအောင်ဆောင်ရွက်ပေးရမည်။
- ငါးသားပေါက်အိတ်အတွင်း၌ ရေ သုံးချိုးတစ်ချိုး (1/3) နှင့် အောက်ဆီဂျင် သုံးချိုးနှစ်ချိုး (2/3) ထည့်သွင်းရမည်။
- ငါးသားပေါက်အိတ်များကိုသယ်ဆောင်ရာတွင် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန်ကာကွယ်ရမည်။
*သယ်ယူလာသောငါးသားပေါက်များအားကန်ထဲသို့လွှတ်ပေးရာ၌ သတိပြုရမည့်အချက်များ
- သားပေါက်အိတ်အတွင်းမှရေနှင့်ငါးကန်အတွင်းမှရေအပူချိန် တူညီစေရန်
ငါးသားပေါက်များအားချက်ခြင်းမလွှတ်ဘဲ သားပေါက်အိတ်များကို ကန်ရေထဲတွင် ၁၅ မိနစ်ခန့်စိမ်ထားရမည်။
- သားပေါက်အိတ်ထဲမှရေနှင့် ကန်ရေသည်အပူချိန်တူညီမှုရှိမှသာ ကန်ထဲသို့ ငါးသားပေါက်များကို ဖြည်းညင်းစွာ လွှတ်ပေးရမည်။
-ငါးသားပေါက်လွှတ်သည့်အချိန်သည် အပူချိန်နည်းသော မနက်ပိုင်းနှင့် ညနေပိုင်းမှာ အသင့်တော်ဆုံးဖြစ်သည်။
- အပူချိန်ပြင်းသော နေလယ်ပိုင်းအချိန်တွင်ငါးသားပေါက်များလွှတ်လျှင် သေဆုံးမှုများနိုင်သည်။
- ရာသီဥတုအေးနေလျှင် အချိန်မရွေးငါးသားပေါက်များ လွှတ်နိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သန်းဌေး
လွန်ခဲ့သော ၃ နှစ် ကငါးသားပေါက်ဝယ်ယူလိုပါသည် ဘယ်မှာဝယ်လို့ရပါသလဲ
Rio Amora
လွန်ခဲ့သော ၄ နှစ် ကငါးမှုန်ပြုစုကန် 1ဧက ငါးမှုန်သိန်း20 ငါးသန်ပြုစုကန် 1ဧက ငါးသန်5သောင်းမှ 1သိန်း ငါးဖြန်းပြုစုကန် 1ဧက ငါးဖြန်း1သောင်းမှ 2သောင်း အသားတိုးကန် 1ဧက 1500မှ2000
မင်းသူ
လွန်ခဲ့သော ၄ နှစ် ကတဧကပတ်လည်ငါးကန်တွင်ငါးကောင်ရေ ဘယ်လောက်ဆန့်ပါသလဲ?
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Rio Amora
အားလုံး
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022